Quantcast
Viewing all articles
Browse latest Browse all 32865

မလေးရှား၌ သေနတ်ဖြင့်ပစ်ခတ်မှု သူ့အပေါ် ပစ်မှတ်ထားဟု ဒေါက်တာအေးမောင်ဆို


မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့ရောက် ရခိုင်လူမျိုးတွေကို မြန်မာပြည်နိုင်ငံရေးအခြေအနေတွေ သွားရောက်ရှင်းပြတဲ့ ခရီးစဉ်မှာ သေနတ်နဲ့ ပစ်ခတ်မှုဟာ သူ့ကို အဓိက ပစ်မှတ်ထားတာဖြစ်တယ်လို့ RNDP ခေါင်းဆောင် ဒေါက်တာအေးမောင်က ဖေဖော်ဝါရီ ၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရခိုင့်နိုင်ငံရေးလှုပ်ရှားမှုမှာ ဦးဆောင်မှုရှိနေတဲ့သူ့အပေါ် ဖေဖော်ဝါရီ ၅ရက်နေ့ညမှာ လုပ်ကြံဖို့အတွက် သေနတ်သမားနှစ်ယောက်က စနစ်တကျ စီစဉ်ခဲ့ပုံရတယ်လို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စ လူငယ်မျိုးဆက်သစ်တွေလိုအပ်နေတာကြောင့် မလေးရှားရောက်နေတဲ့ ရခိုင်လူငယ်တွေ အိမ်ပြန်လာကြဖို့ စည်းရုံးတဲ့ခရီးစဉ်မှာ ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးရဲ့ သူတို့ယာဉ်တန်းကို ပစ်ခတ်မှု ခံခဲ့ရတယ်လို့ ဒေါက်တာအေးမောင်နဲ့အတူ ကားထဲမှာရှိနေခဲ့တဲ့ ALD ခေါင်းဆောင် ဦးအေးသာအောင်က ဆိုပါတယ်။

ရခိုင်နိုင်ငံရေးခေါင်းဆောင်နှစ်ယောက်ရဲ့ ယာဉ်တန်းကို သေနတ်နဲ့ ၅ချက်တိတိ ပစ်ခတ်ခဲ့ပေမယ့် အသက်အန္တရာယ်မရှိဘဲ လွတ်မြောက်ခဲ့တဲ့အကြောင်း ရန်ကုန်မြို့ကို ပြန်ရောက်ရောက်ချင်း ရွှေတိဂုံစေတီ အရှေ့ဘက်မုဒ်က ရခိုင်ပြည်နယ် ဓမ္မာရုံမှာ ရှင်းလင်းခဲ့ပါတယ်။

မလေးရှားရဲတပ်ဖွဲ့တွေက ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်အပါအဝင် အဖွဲ့ဝင် ၆ဦးရဲ့ ခရီးစဉ်မှာ လုံခြုံရေးသတိပေးမှုတွေရှိခဲ့သလို ပစ်ခတ်မှုဖြစ်ပွားအပြီး ၂၄နာရီတိတိ သတင်းတွေ အမှောင်ချပြီး လေယာဉ်ကွင်းအထိ မလေးရှားအစိုးရက လုံခြုံရေး အပြည့်အဝ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ခေါင်းဆောင်နှစ်ယောက်နဲ့အတူ ဦးစံကျော်လှ၊ ဦးနိုင်ကောင်းစံ၊ ဦးလှမြင့်နဲ့ မောင်တင်ထူးအောင်တို့ ခရီးစဉ်မှာ လိုက်ပါသွားခဲ့ကြတာဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်မှုဟာ ရခိုင်ပြည်နယ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ဆက်စပ် ပတ်သက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ုkamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>