Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဦးသန်းတင် ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း မှတ်တမ်း

$
0
0
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလ ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူ (ဦး)သန်းတင် (ခေါ်) ကိုကြီးသန်းသည် ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်၊ ညဉ့် ၁၁း ၄၈ နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်း ၂၀ ရှိ Noble Square ဆေးရုံတွင် အသည်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိကြရပါသည်။

(ဦး)သန်းတင်သည်
၁၉၈၈ ခုနှစ် အရေးအခင်းကာလ ကတည်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (မကသဖ) တွင် ပြန်ကြားရေး၊ ပုံနှိပ်ထုတ်ဝေရေး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ အရေးအခင်းအပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(မကသ) တွင်လည်း ဆက်လက်တာဝန်ယူခဲ့ပါသည်။ ထိုသို့ တာဝန်ယူစဉ် ကာလများတွင် တပ်မတော် ထောက်လှမ်းရေး၏ ဖမ်းဆီး၊ စစ်ဆေးမေးမြန်း၊ နှိပ်စက်မှုများကို ၂ ကြိမ် ခံခဲ့ရသည်။

(ဦး)သန်းတင်သည်
၂၀၀၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သော "၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့" တွင် စတင်ဖွဲ့စည်းစဉ်မှ စ၍ ဆက်တိုက်ပါဝင်ခဲ့ပြီး နိုင်ငံရေးကျပ်တည်းမှုကာလ ၂၀၀၆ - ၂၀၀၇ ခုနှစ် များ၌ ၈၈မျိုးဆက်ကျောင်းသားများ ပြုလုပ်ခဲ့ကြသည့် Prayer campaign , Signature campaign , White campaign စသည့် လှုပ်ရှားမှုများတွင် ရှေ့တန်းမထွက်ခဲ့ဘဲ နောက်တန်းမှ အလုံးစုံ အနီးကပ် ကူညီဖြည့်ဆည်းပေးသွားသူ တစ်ယောက်ဖြစ်သည်။

၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် မရှေးမနှောင်း ဆိုသလိုမှာပင် အဖမ်းဆီးခံ ခဲ့ရသည်။
၎င်းနောက် ၂၀၀၈ ခုနှစ် တွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

လွတ်မြောက်ပြီးနောက်ပိုင်းတွင်လည်း ၈၈မျိုးဆက်တို့၏ လှုပ်ရှားမှုများတွင် အကြံပြုရင်း ဆက်လက်ပါဝင်ခဲ့သည်။

(ဦး)သန်းတင်သည် ၂၀၁၃ ခုနှစ်တွင် ကျန်းမာရေး အရ နိုင်ငံရေးလုပ်ငန်းများမှ အနားယူခဲ့ပြီးနောက် ဆေးဝါးကုသမှု ခံယူခဲ့သည်။

ထို့နောက်တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်း ၂၀ ရှိ Noble Square ဆေးရုံ၌ အသည်းကင်ဆာ ဝေဒနာဖြင့် တက်ရောက်ကုသနေစဉ် ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်၊ ညဉ့် ၁၁း ၄၈ နာရီတွင် အသည်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပါသည်။

"၈၈မျိုးဆက်ကျောင်းသားများ" အဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကတည်းက ပါဝင်ခဲ့ပြီး နောက်တန်းမှ အစဉ်တစိုက် ပန့်ပိုးကူညီပေးခဲ့သည့် ကိုသန်းတင် (ခေါ်) ကိုကြီးသန်း ကွယ်လွန် အနိစ္စရောက်ခြင်းအတွက် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အထူးဝမ်းနည်းကြေကွဲမိကြရပါသည်။

ဓာတ်ပုံ - John Kyaw's Facebook မှ
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>