Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လယ်ယာမြေ စုံစမ်းရေး လွှတ်တော်အမတ်များ ပြည်သူ့အတွက် အလုပ်မလုပ်နိုင်လျှင် ကော်မရှင်အဖွဲ့မှ နုတ်ထွက်သင့်ဟုပြော

$
0
0
သမီးကလေးကျေးရွာ အပါအ၀င် အခြားမြေနေရာများနှင့် ကျူးကျော်များအား အစိုးရက အဓမ္မ ၀င်ရောက် ဖျက်ဆီးမှုများ ပြုလုပ်သည့်အပေါ် လယ်ယာမြေနှင့် အခြားမြေများ နစ်နာဆုံးရှုံးမှု အတွက် ဖွဲ့စည်းထားသည် စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် ပြည်သူ့ဘက်မှ မရပ် တည် နိုင်သည့်အပြင် လက်တွေ့ကျသည့် လုပ်ဆောင်မှုများ မရှိသည့်အ တွက် နုတ် ထွက်သင့်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထောင့်၌ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲ၌ ဆန္ဒပြသူများ က ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကျူးကျော် မြေနေရာများအား အစိုးရက အကြမ်းဖက် ၀င်ရောက် ဖျက်ဆီးမှုကြောင့် လူဦးရေ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ပေါ်ခဲ့ရပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ယခုအချိန်အထိ တစ်စုံတစ်ရာ ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

““သူတို့ကို ပြည်သူတွေက တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ ပြည်သူတွေရဲ့ အလုပ်ကို လုပ်ပေးရမှာကို ဒီကနေ့ထိ ကော်မရှင်တွေက ပျက်ကွက်နေတာ တွေ့ရှိရပါတယ်။ စကားတွေပဲ ပြောနေပြီး၊ စာရွက်တွေပဲ ထုတ်နေပြီး လက်တွေ့ဆန်ဆန် ဘာမှ ကျင့်သုံးတာ မတွေ့ရပါဘူး။ ဒီဟာတွေကို အမှန်တကယ် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ မဖြေရှင်းနိုင်တဲ့ အဖွဲ့အစည်းတွေ နုတ်ထွက်ဖို့ လိုတယ်””ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ လူဦးရေ ၁၀၀ ကျော် ပါဝင်ခဲ့ပြီး သမီးကလေး ကျေးရွာအား အာဏာပိုင်များက အတင်းအဓမ္မ ဖျက်ဆီးနေမှု ဓာတ်ပုံများ ကိုင်ဆောင်လျက် ““ပြည်သူလိုလားသော အစိုးရဖြစ်ရေး””၊ ““ပြည်သူ့အရေး””၊ ““လူသားဆန်စွာ နေထိုင်စားသောက်ရေး”” စသဖြင့် ကြွေးကြော်သံများ အော်ဟစ်ခဲ့သည်။

ထိုဆန္ဒဖော်ထုတ်ပွဲမှာ တရားဝင် ခွင့်ပြုမိန့် မရဘဲ လုပ်ခဲ့ခြင်းလည်းဖြစ်ပြီး ယင်းအတွက် ဦးဆောင်သူ ကိုထင်ကျော်အား ကျောက်တံတား မြို့မရဲစခန်းမှ ပုဒ်မ (၁၈)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

လယ်ယာမြေ စုံစမ်းရေး ကော်မရှင်ကို ၂၀၁၂ခုနှစ်၊ ဇူလိုင်အတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက် ပေးရန်အတွက် ပြောဆိုခံရမှုနှင့် ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က““အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်မှု ရှိနေတယ် ဆိုတာကိုတော့ သူတို့ သတိထား ဆောင်ရွက် သင့်တာပေါ့။ ဒါက သူတို့ရဲ့ ဆောင်ရွက်မှု ဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်တာကို ဝေဖန်စရာတော့ မရှိဘူး။ ဒါက အုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ်ပြီး လုပ်တဲ့ကိစ္စလေ။ ကျူးကျော်လို့ စွပ်စွဲခံရပြီး ဖျက်သိမ်းခံရတဲ့ ပြည်သူတွေက သူတို့အတွက် နစ်နာတယ်၊ ထိခိုက်မှုတွေ ဖြစ်တယ်ဆိုရင် လွှတ်တော်ကို တင်ပြလာမယ်၊ ကော်မရှင်ကို တိုင်ကြားလာမယ်ဆိုရင် ဒါကို စိစစ်ပြီး ဆောင်ရွက်သင့်တာတွေ ဆောင်ရွက် ရအောင် ကော်မရှင်က တာဝန်ရှိပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်မှာ လက်ရှိတွင် ရုပ်ပြသာ ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း (၁၊ ၂) ၀င်းအတွင်းရှိ လူနေအိမ်များ၊ မွေးမြူရေးခြံများနှင့် စိုက်ခင်းများအား တပ်စည်ပင်မှ ၀င်ရောက်ဖျက်ဆီးစဉ် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ် ကိုယ်တိုင် သွားရောက် ခဲ့သော်လည်း ယင်းဝင်းအတွင်းသို့ပင် ၀င်ရောက်ခွင့် မရခဲ့ပေ။

ကျူးကျော်တဲများ ဖြစ်သည့်အတွက် အမြန်ဆုံး ပြောင်းရွှေ့ကြရန်နှင့် မပြောင်းပေးသည့် တဲအိမ်များကို အာဏာပိုင်များက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်းက ရဲများ၊ တာဝန်တံဆိပ်ပါ လက်ပတ် ၀တ်ဆင်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ စသော အစိုးရ၀န်ထမ်းများနှင့် အခကြေးငွေဖြင့် ငှားရမ်း ထားသောလူမိုက်များက အင်အားသုံး ဖျက်ဆီးမှုများ ဆက်တိုက်ဆိုသလို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဖြစ်ပေါ်ခဲ့သည်။

မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>