Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း ရုပ်ရှင် ကမ္ဘာကျော် ဒါရိုက်တာ စတီဗင် ဆိုဒါပတ်နှင့် ဇာဂနာ ပူးတွဲ ရိုက်ကူးရန် စီစဉ်

$
0
0
လူရွှင်တော် အနုပညာရှင် ဒီမိုကရေစီ အရေး တောင်းဆို တိုက်ပွဲဝင်သူ ဇာဂနာသည် ဗြိတိန်နိုင်ငံ ကမ္ဘာကျော် စာရေးဆရာ ဘက်နက်ဒစ် ရော်ဂျာ ရေးသားခဲ့သော မြန်မာနိုင်ငံ၏ ယခင် အစိုးရ ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းအား အခြေခံကာ ရုပ်ရှင် ရိုက်ကူးရန် ကမ်းလှမ်းချက်ကို သဘောတူညီခဲ့ကြောင်း သိရှိရသည်။

ကိုဇာဂနာမှ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ပြီး လူတိုင်းမှာ အမြင် အမျိုးမျိုး ရှိကြမှာပါ။ ဒါပေမဲ့ ကျွန်တော့် အမြင်နဲ့ ဘနက်ဒစ်ရော်ဂျာရဲ့ အမြင်က ထူးထူးခြားခြား တူညီနေတာကို တွေ့ရတယ်၊ ဒါ့ကြောင့် သူက ရုပ်ရှင်ရိုက်ရင် မကောင်းဘူးလားလို့ မေးတော့ ကောင်းတယ်ဆိုပြီး ကျွန်တော် သဘောတူ လိုက်တာ ဖြစ်ပါတယ်” ဟု Tomorrow ဂျာနယ်ကို ပြောကြားခဲ့သည်။

ယင်းဇာတ်ကားအား နိုင်ငံတကာ အဆင့်မီ ရိုက်ကူးရန် အတွက် ကမ္ဘာကျော် ဒါရိုက်တာ တစ်ဦး ဖြစ်သော စတီဖင် ဆိုဒါဘတ်အား ကမ်းလှမ်းထားပြီး သဘော တူညီချက်များ ပြီးဆုံးပါက ကိုဇာဂနာသည် ယင်းဇာတ်ကားတွင် တွဲဘက် ဒါရိုက်တာ အဖြစ် တာဝန်ယူ ရမည်ဖြစ်သည်။ ဇာဂနာနှင့် ဒါရိုက်တာ စတီဖင် ဆိုဒါဘတ်တို့ အသေးစိတ် ညှိနှိုင်းရန် ဧပြီလတွင် အကြမ်းဖျဉ်း သတ်မှတ်ထားသည်။ ကိုဇာဂနာ အနေဖြင့် သန်းခေါင်စာရင်း ကိစ္စရပ်များ အပြီးတွင် အမေရိကန်ပြည် ထောင်စုသို့ သွားရောက်ပြီး ဆိုဒါဘတ်နှင့် ဆွေးနွေး သွားမည် ဖြစ်သည်။

ဒါရိုက်တာ စတီဖင်ဆိုဒါဘတ်သည် အော်စကာဆုရ ဇာတ်ကားများ ဖြစ်သော Traffic ၊ Che ချေဂွေဗားရား အထုပ္ပတ်္တိ ဇာတ်ကားများကို ရိုက်ကူးခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကောင်နှင့် ပတ်သက်၍ သရုပ်ဆောင် ရွေးချယ်ရာတွင် ပြည်တွင်းနှင့် ပြည်ပမည်သည့် နယ်ပယ်က ဖြစ်မည်ဆိုသည်ကို ကိုဇာဂနာက “ဗိုလ်ချုပ်မှူးကြီး နေရာကို သရုပ်ဆောင်မဲ့ လူကို ရွေး ချယ်ရာမှာ သိပ်ခက်ခဲမယ်လို့ မထင်ဘူး၊ ဘာလို့လဲ ဆိုတော့ သူ့လို ရုပ်ရည်မျိုးက အညာဒေသ တွေမှာ အများကြီး ရှိပါတယ်” ဟု ဖြေကြားသွား ခဲ့သည်။

Tomorrow ဂျာနယ်ကို

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>