Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မျိုးစောင့်ဥပဒေများ မပြဋ္ဌာန်းရန် ကရင်အမျိုးသမီးအဖွဲ့ နှစ်ခု တောင်းဆို

$
0
0
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဥပဒေကြမ်း ရေးဆွဲရန် ညွှန်ကြားထားသည့် မျိုးစောင့်ဥပဒေ ဆိုင်ရာ ကိုးကွယ်ရာဘာသာ ကူးပြောင်းရေးဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို အစိုးရက ပြဋ္ဌာန်းခြင်း မပြုရန် ကရင်အမျိုးသမီး အဖွဲ့နှစ်ခုက ထုတ်ပြန် တောင်းဆိုလိုက်သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသမီး အစည်းအရုံး (KWO) နှင့် ကရင်အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (KWEG) တို့က မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေများမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများ အားလုံးကို ပြက်ရယ်ပြုထားခြင်း ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးအားလုံး မိမိလက်ထပ်မည့် သူကို ရွေးချယ်ရာ၌ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ ယင်းအတွက် အဆိုပါ ဥပဒေကြမ်းများကို ပယ်ချရန် လိုအပ်ကြောင်း ကရင်အမျိုးသမီး အဖွဲ့များက ထည့်သွင်း တောင်းဆိုထားသည်။

KWO နှင့် KWEG တို့၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ကရင်ဒေသများ၌ တပ်မတော်က အမျိုးသမီးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေဆဲ ဖြစ်ပြီး ထိရောက်သည့် တားဆီးကာကွယ်မှုများ လိုအပ်နေသေးကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ယင်းဖြစ်ရပ်များအတွက် တစ်စုံတစ်ရာ စွမ်းဆောင်နိုင်မှု မရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

သို့သော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မျိုးစောင့် ဥပဒေဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို ရေးဆွဲ တင်သွင်းရန် မတ်လ ၇ ရက်နေ့တွင် ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပြီး ဇူလိုင်လ မတိုင်မီ အဆိုပါ ဥပဒေကြမ်းနှစ်ခုကို တင်သွင်းရန် ညွှန်ကြားလိုက်သည်။

ဥပဒေကြမ်း ရေးဆွဲရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲစေရေး အလေးထားရန်နှင့် တစ်နိုင်ငံလုံး လွှမ်းခြုံ ကျင့်သုံးနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောဆိုထားသည်။

The Voice Weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>