Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အကယ်ဒမီပေးပွဲတွင် MRTV4 မှ ဓာတ်ပုံရိုက်ခွင့် လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရန် လိုအပ်

$
0
0

(သန်းထိုက်ဦး)

ယခုနှစ် ဖေဖဝါရီလ ၇ ရက်နေ့တွင် ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲတွင်MRTV4 ကသာ လွတ်လပ်စွာ သတင်းဓာတ်ပုံရိုက်ကူးခွင့် ရရှိမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစီးအရုံးဥက္ကဌ ဦးမြင့်သိန်းဖေက ပြောကြားကြောင်း သတင်းတစ်ခုကို ဖတ်လိုက်ရသော အခါ အတော်လေး စိတ်မကောင်း ဖြစ်မိသည်။
စိတ်မကောင်းဖြစ်ရသည့် အချက် သုံးချက် ရှိသည်။

ပထမအချက် မှာ တိုင်းပြည်၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေချိန် တွင် ယခုကဲ့သို့ တစ်ဦးတစ်ယောက်၊ လူ တစ်စုက လက်ဝါးကြီးအုပ်သည့် အမူအကျင့် ကြောင့်ဖြစ်သည်။

ဒုတိယ အချက်နှင့် အရေးကြီးဆုံး အချက်မှာ စတုတ္ထမဏ္ဍိုင်ဟု သမုတ်ခံရသော သတင်းလောကတွင် ဖြစ်ပေါ်ခြင်း ကြောင့်ဖြစ်ပြီး နောက်ဆုံး အချက်မှာ ယခုလုပ်ရပ်သည် ပြည်သူလူထု၏ ထောက်ခံမဲ ၉၂ ဒသမ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုထားသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွံ့စည်းပုံ အခြေခံ ဥပဒေနှင့် မကိုက်ညီခြင်း ကြောင့် ဖြစ်သည်။

နိုင်ငံတော် ဖွံ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံတော်သည် ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးသည်ဟု ဖော်ပြပါရှိသည်။ ဈေးကွက်စီးပွားရေး စနစ်၏ အနှစ်သာရမှာ ဈေးကွက်တွင် လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင် ရေးဖြစ်ပြီး နိုင်ငံတော်သည် ထိုသို့ ဖြစ်ပေါ်လာရန် အခြေအနေများ ဖန်တီးပေးရန် တာဝန်ရှိသည်။
ထိုသို့ လွတ်လပ်စွာ ယှဉ်ပြိုင်မှသာ ဝန်ဆောင်မှုများ ကောင်းသထက် ကောင်းလာပြီး အများပြည်သူမှာ ဈေးနှုန်း ချိုသာစွာဖြင့် ခံစားနိုင်မည် ဖြစ်သည်။

ဒုတိယအချက်ဖြစ်သည့် လက်ဝါး ကြီးအုပ်မှု သတင်း လောကတွင် ဖြစ်ပေါ်ခြင်းကို အရေးအကြီးဆုံးဟု ဆိုရခြင်းမှာ သတင်းလောကသည် တိုင်းပြည် တစ်ခု၏ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်များ တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း ရှိမရှိကို စောင့်ကြည့် သည့် လုပ်ငန်းတစ်ခုဟု နိုင်ငံတကာ တွင် သတ်မှတ်ထားခြင်း ခံရသော လုပ်ငန်းတစ်ခု ဖြစ်နေခြင်း ကြောင့် ဖြစ်သည်။

ယခုMRTV4 အား အကယ်ဒမီ ပေးပွဲ သတင်းဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခွင့်ကို တစ်ဦးတည်း လက်ဝါးကြီး အုပ်ခွင့် ပေးခဲ့ခြင်းမှာ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အပိုဒ်၃၆ (ခ) ကို ဖောက်ဖျက် သည့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ် သည်။

နိုင်ငံတော်သည် စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင် ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်မည် ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြဌာန်းထားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ရန် တာဝန်ရှိသော သတင်း လောကတွင် သတင်းလုပ်ငန်း တစ်ခု က အခြေခံဥပဒေကို ချိုးဖောက်သော လုပ်ရပ် ဖြစ်ပွားခဲ့သည်ကို ကျန်သတင်း လုပ်ငန်းများက ခံရသည်မှာ ရှက်ဖွယ် ဖြစ်သည်။

တတိယ အချက်အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေးများကို တိုင်းသူပြည်သားများ ခံစားစေမည်ဟု နိုင်ငံတော်သမ္မတက ဇန်နဝါရီ ၂၆ ရက်နေ့က ပထမအကြိမ် ပြည်သူ့ လွှတ်တော် တတိယ ပုံမှန် အစည်း အဝေးတွင် ပေးပို့သည့် သဝဏ်လွှာ နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင် သည့် လုပ်ရပ်ကို နိုင်ငံတော်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုကဲသို့ လက်ဝါးကြီးအုပ်သည့် လုပ်ရပ်ကို ခွင့်ပြုနေသ၍ကာလပတ် လုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေးများကို ပြည်သူများ အပြည့်အဝ ခံစားရရန် မရှိဘဲ၊ နိုင်ငံ တော်၏ မျှော်လင့်ချက်ဖြစ်သည့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီ ဖော်ဆောင် ရေးနှင့် ဥပဒေနှင့် အညီ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး တို့ကို ပျက်သုဉ်းစေမည်ဖြစ်သည်။
ထို့ကြောင့် သတင်းလောကသား တစ်ရပ်လုံး ယခုကိစ္စကို ခွင့်မလွှတ်ဘဲ စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်း ဖြေရှင်းရန် လိုအပ်သည်။



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>