Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

"စု"ဖောင်ဒေးရှင်းစတင်ခြင်းအခမ်းအနား

$
0
0
The Lady ဇာတ်ကားတွင်ဒေါ်အောင်ဆန်းစုကြည်အဖြစ်သရုပ်ဆောင်ခဲ့သော မလေးရှားသရုပ်ဆောင်မင်းသမီး မီရှဲလ်ရိုနှင့်သုံးခွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စုစုလွင်ခင်ပွန်းဖြစ်သူဘဘဦးထင်ကျော်တို့အား"စု"ဖောင်ဒေးရှင်းဖွင့်ပွဲအခမ်းအနားတွင်တွေ့ရစဉ်
မီဒီယာညီလာခံအကြို အဖြစ် "စု"ဖောင်ဒေးရှင်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ ဆရာစံပလာဇာရှိ သမ၀ါယမစီးပွားရေးဗဟိုခန်းမတွင် ယနေ့နံနက် ၁၁နာရီခွဲက ကျင်းပခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတကာမှ မီဒီယာသမားများ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသလို၊ "စု"ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုလည်းတက်ရောက်ကာ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြသည့် ဟီလာရီကလင်တန်နှင့် လော်ရာဘုရှ်တို့ကလည်း "စု"ဖောင်ဒေးရှင်းအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း ဗီဒီယို သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။

"စု"ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က တည်ထောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်မည်ဖြစ်သည်။

ဟိုနိုလူလူအခြေစိုက် East-West Center မှဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံကို မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာမှ မီဒီယာသမားများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။
Coko Dmoe

Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>