Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယခင်တပ်မတော်ကရေးဆွဲခဲ့သော ယုံကြည်မှုလွဲမှားစေသည့်ဖွဲ့စည်းပုံကို လက်ရှိတပ်မတော်က ထွေးပိုက်ထားရသည်ဟု ဦးကိုကိုကြီးပြော

$
0
0
တပ်မတော်နှင့်လူထုအကြား နားလည်မှု၊ ယုံကြည်မှု ကွဲလွဲစေသော အချက်ဖြစ်သည့် ယခင်စစ်အစိုးရ ရေးဆွဲထားသောဖွဲ့စည်းပုံကို လက်ရှိတပ်မတော်က ထွေးပိုက်ထားရကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကို ကိုကြီးက ပြောသည်။
''၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ချင်ရင် ၇၅ရာခိုင်နှုန်းကျော်ရမယ်ဆိုတာက ဘယ်လိုဖြစ်လဲဆိုတော့ နိုင်ငံသားမဲဆန္ဒရှင်တွေက သေလောက်အောင် ပြင်ချင်သည်ဖြစ်စေ ငါသ ဘောမတူရင် ပြင်လို့မရဘူးဆိုတဲ့ ဗီတိုအာဏာကို တပ်မတော်ကယူထားတာ။ တပ်မ တော်က ယူထားတယ်လို့ ပြောရတာကလဲ လက်ရှိတပ်မတော်က ယူထားတာ မဟုတ်ပါ ဘူး။ အရင်လူတွေက ဒီအတိုင်း ချမှတ်ထားတဲ့ဟာတွေအားလုံးကို လူထုရဲ့ နားလည်မှု ယုံ ကြည်မှုကွဲလွဲစေနိုင်တဲ့အချက်ကြီးကို လက်ရှိတပ်မတော်ခေါင်းဆောင်များက ထွေးပိုက် ထားရတာဖြစ်တယ်''ဟု ဦးကိုကိုကြီးက ပြောသည်။

ယခုအချိန်တွင် တပ်မတော်သည် မျိုးဆက်အရ ပြောင်းလဲနေပြီဖြစ်သော
ကြောင့် ပြည်သူလူထုနှင့် စည်းလုံးညီညွတ်စေရန်၊ ပြည်သူများက ယုံကြည်ကိုးစားရသော တပ်မတော် ဖြစ်ရန် ယခင်လူများ လုပ်ဆောင်သွားသောဒဏ်ကို ယခုတပ်မတော်ခေါင်းဆောင်များက ဆက်ခံစရာမလိုကြောင်းကို ဦးကိုကိုကြီးက ''ဒီဖွဲ့စည်းပုံကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့လူတွေ က မျိုးဆက်အရ တစ်လွှာက တပ်ကထွက်သွားပြီ။ ကျန်ခဲ့တဲ့သူတွေက သူတို့လုပ်ထားခဲ့တဲ့ အတွက် ယုံကြည်မှုလွဲမှားတဲ့၊ နားလည်မှုလွဲမှားတဲ့ဒဏ်ကို လက်ရှိတပ်မတော်ခေါင်းဆောင် တွေကခံနေရတာဖြစ်တယ်။ လက်ရှိတစ်လွှာ ပင်စင်ယူသွားရင် နောက်ကတစ်လွှာ တက် လာဦးမှာ။ အဲဒီတော့ ပြည်သူတွေနဲ့ စည်းလုံးညီညွတ်တဲ့ ပြည်သူကယုံကြည်ကိုးစားတဲ့ တပ်မတော်ဖြစ်ဖို့ဆိုရင် အရင်လူတွေလုပ်သွားတဲ့ဒဏ်ကို ဒီတပ်မတော်က ဆက်ခံစရာ မလိုပါဘူး။ ဒီမိုကရေစီနည်းနဲ့ ပြောမယ်ဆိုရင် စစ်ဘက်၊ အရပ် ဘက်ဆက်ဆံရေးကို တဖြည်း ဖြည်း ပုံမှန်အနေအထားရောက် အောင် ကြိုးစားကြရမှာဖြစ်ပါ တယ်''ဟု ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံလုံး ငြိမ်း ချမ်းစေရန် တစ်စုတစ်ဖွဲ့ တစ် ဦးတစ်ယောက်ကျန်နေ၍မရ ကြောင်း၊ အကယ်၍ကျန်နေခဲ့ပါ က ရေရှည်တည်ငြိမ်ရန် လုံခြုံ စိတ်ချရသည့် အခြေအနေမဟုတ် ကြောင်းလည်းယင်းက ထောက်ပြပြောကြားခဲ့သည်။

**********************

The Flower News Journal

Vol-10 , No.11

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ