Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂုဏ်ယူတယ်

$
0
0
သစ်ပုတ်မျိုးဆက်

ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း
ဖုန်တလောင်းလောင်း ထနေဆဲ။
ကျောင်းတော်ကြီးရဲ့ သံတံခါး
တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။
ကျောင်းတော်ကြီးရဲ့ အမိုးသံပြား
နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။
ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ
အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။
ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုတ်အိုကြီး
အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်း ထောင်ပြနေဆဲ။
ကျောင်းတော်ကြီးရဲ့ သစ်ပုတ်ပင်အောက်
သစ်ပုတ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ ကုန်းရုန်းထနေဆဲပါလား။ ။ (ကျော်သူ)

ဟုတ်ပါသည်။ သစ်ပုတ်မျိုးဆက်သစ်များ တစ်နည်းအားဖြင့် လူမှုရေးမျိုးဆက်သစ်များ အားမာန် အပြည့်ဖြင့် တိုးတက်ရှင်သန်လာကြပါပြီ။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ၊ လုပ်အားပေးများတို့သည် မိမိတို့၏ ကိုယ်ပိုင် အချိန်များအား ဖဲ့ယူ၍ အများအကျိုးအတွက် လာရောက်ပေးဆပ် ကူညီနေကြသူများ ဖြစ်ကြသည်။ မိမိတို့ ၏ ကိုယ်ပိုင်အချိန်များတွင် ပညာရေး၊ အိမ်တွင်းရေး၊ စားဝတ်နေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရင်း ကုသိုလ်ယူကြသူများလည်း ဖြစ်ကြသည်။

*
မောင်နေမျိုးနိုင် - မြောက်ဒဂုံမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ၂၀၀၆ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မော်တော်ယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ပေးခြင်း လုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့ကာ မိမိ၏ ပညာရေးအားလည်း မလစ်ဟင်းစေရန် ကြိုးစားခဲ့၍ ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.A Myanmar ဘွဲ့အား ဆွတ်ခူးရယူနိုင်ခဲ့သည်။

*
မောင်ဖြိုးကိုကို - ကျောက်မြောင်းမြို့နယ်တွင် နေထိုင်ပြီး ၂၀၀၈ ခုနှစ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ဝင်ရောက်ပေးဆပ်ခဲ့ပြီး ယခုလက်ရှိ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ခဲ့ကာ ၂၀၀၉ ခုနှစ်တွင် B.Sc (Zoology) ဘွဲ့အား ဆွတ်ခူး ရယူနိုင်ခဲ့သည်။

*
မဇင်မေလင်း(ခ)ဇူးဇူး - မြောက်ဥက္ကာလာပမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ၂၀၁၀ ခုနှစ်မှစ၍ ကုသိုလ်ဖြစ် လုပ်အားဒါနပြုခဲ့ပြီး ၁၆.၁၀.၂၀၁၁ ရက်နေ့တွင် ကွန်ပြူတာစာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ မိမိ၏ ပညာရေး အတွက် ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.Sc (Botany) ဘွဲ့အား ဆွတ်ခူးရယူနိုင်ခဲ့သည်။

*
မဆုမြတ်နိုး - မရမ်းကုန်းမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၀၀၈ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ အသက်အငယ်ဆုံးသော လူမှုရေးသမားအဖြစ် လုပ်အားဒါန ကူညီ ဖေးမမှုတို့ကို လုပ်ကိုင်ခဲ့ပြီး ၂၈.၁.၂၀၁၂ ရက်နေ့တွင် B.C.Sc (ကွန်ပြူ တာသိပ္ပံ) ဘွဲ့ကို ဂုဏ်ထူးတန်းဖြင့် အောင်မြင်ဆွတ်ခူး ရယူနိုင်ခဲ့သည်။

ထို့ကြောင့် သူတို့သူတို့အား ကျွန်တော်နှင့် ကျွန်တော့်ဇနီး ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာသက် အနှစ် (၃၀) မြောက်တွင် ကိုမျိုး(မြန်မာစာ)၏ ဂုဏ်ပြုရေးဖွဲ့ထားသော “ဂုဏ်ယူတယ်” ဟူသော ကဗျာစာပိုဒ်၏ နောက်ဆုံးအပိုဒ်တွင် ထပ်မံဖြည့်စွက်ကာ ဂုဏ်ယူမိပါကြောင်း . . . . (ကျော်သူ)

“ဂုဏ်ယူတယ်”

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံကသာ

တိပိဋက သာသနာ့ အာဇာနည်တွေပေါ်ထွန်းတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံသားတစ်ဦး

ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲဖြစ်ခဲ့ဖူးတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံမှာ

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ဦး ရှိနေတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံတွင်

ဧရာဝတီမြစ်မင်းနဲ့ ရေဝေတောတောင်အပေါ် မြတ်နိုးသူတွေရှိတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံဟာ

ဗြဟ္မစိုရ်တရားထွန်းကားတယ်ဆိုတဲ့ စကားဆက်လက်မှန်ကန်စေဖို့

ဘဝတစ်ခုလုံး ပရဟိတနယ်မှာ “ဝကွက်” အပ်ရဲတဲ့

“ဇနီးမောင်နှံရဲ့ ပုလဲရတု” အတွက်လည်း ဂုဏ်ယူတယ်။ (ကိုမျိုး - မြန်မာစာ)

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံအတွက် ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြုပြီး

အများပြည်သူတို့ကို ကူညီဖေးမ စောင့်ရှောက်ရင်း

ပညာရေး ဘွဲ့ထူး၊ ဂုဏ်ထူးများရအောင် ဆွတ်ခူးနိုင်တဲ့

F.F.S.S လူမှုရေးမျိုးဆက်များအတွက်လည်း ဂုဏ်ယူတယ်။ (ကျော်သူ)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>