Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လေယာဉ်ပေါ်မှာ အန္တရာယ်ရှိပစ္စည်း သယ်သွားကြောင်း မလေးရှားလေကြောင်းလိုင်း CEO ၀န်ခံခဲ့ပြီ..

$
0
0
လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ Lithium ဘက်ထရီတွေ သယ်သွားခဲ့တယ်ဆိုတာ မနေ့က မလေးရှားလေကြောင်းလိုင်း CEO က သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံခဲ့ပါပြီ။

လွန်ခဲ့တဲ့ ရက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်လျှောက်လုံး လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ အန္တရာယ်ရှိ ပစ္စည်းတွေ ပစ္စည်းသိုလှောင်ခန်းကနေ သယ်သွားခဲ့သလား ဆိုတဲ့ သတင်းစာဆရာတွေရဲ့ အမေးကို ရယ်စရာ ဖြစ်အောင် ('tonnes of mangosteens') မင်းကွတ်သီး တန်နဲ့ချီ သယ်သွားခဲ့တယ် ဆိုပြီး လိမ် ပြောခဲ့ပါတယ်။ အခု သယ်ဆောင်သွားကြောင်း ၀န်ခံခဲ့တဲ့ ဘက်ထရီအသေး Lithium ဘက်ထရီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လေယာဉ်ပျက်ကျမှုပေါင်း ၁၄၀ ကျော် ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ လက်ပ်တော့မှာ သုံးတဲ့ ဘက်ထရီနဲ့ အမျိုးအစားဖြစ်ကြောင်းလည်း သိရပါတယ်။

အခု MH370 လေယာဉ်ဟာ cargo ခန်းထဲက ဘက်ထရီပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာက ဆက်သွယ်ရေး ကိရိယာတွေ ပျက်သွား ပိတ်သွားခဲ့တာလား ဆိုတာ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

ဂြိုလ်တုကနေ အပိုင်းအစ ၂ ခု တွေ့ပါတယ် ဆိုတဲ့ သြစတေးလျ နိုင်ငံ အနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲက လေယာဉ်ပျက်လို့ ယူဆရတဲ့နေရာမှာလည်း ရှာဖွေရေး အဖွဲ့တွေရှာတာ ၂ ရက်ရှိပြီ ဖြစ်ပေမယ့် မတွေ့သေးပါဘူး။ တရုတ်ပြည်က ရှာဖွေရေး အတွက် ဆိုပြီး စစ်သင်္ဘာ ၈ စင်း အထိဝင်ခွင့်တောင်းထားကြောင်းလည်း မလေးရှား အာဏာပိုင်တွေက အတည်ပြုပါတယ်။...

ခရီးသည် ၂၂၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားတဲ့ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် MH370 ပျောက်ဆုံးသွားတာ အခုဆိုရင် ၂ ပတ်ကျော် လာခဲ့ပြီ ဖြစ်ပါတယ်။
Zaw Lwin Win

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>