ယနေ့ နံနက် ၉ နာရီခွဲ အချိန်မှာ မဟာမြတ်မုနိဘုရားကြီး ၏ တောင်ဘက် ဂန္ဓာကုဋီတိုက်ရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို သဘာပတိအဖွဲ့ဝင် ဦးသိန်းတန်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း သဘာပတိအဖွဲ့ဝင် ဒေါက်တာဦးကိုကိုကြီး တို့ဦးဆောင်ပါဝင်ပြီး မန္တလေးမြို့ပေါ်ရှိ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊လူငယ်များ၊အမျိုးသမီးများ စုစုပေါင်းအင်အား ၇၀ ခန့် က ဘဘ ဦးဝင်းတင် ခံစားနေရသော ရောဂါဝေဒနာများ အမြန်ပျောက်ကင်းသက်သာစေရန် နှင့် အသက်ရှည် ကျန်းမာစေရန် ရည်သန်လျက် ဆုတောင်းမေတ္တာပို့ကာ မေတ္တာသုတ်ပရိတ်တော်ရွက်ဆို ဆုတောင်းပွဲ ပြုလုပ်ကြပါသည်။အစီအစဉ်ကို မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ၂ ကြိမ်၊ အင်းစိန်ထောင် နှင့် ပဲခူးထောင် တို့တွင် ၁ ကြိမ်စီ ကျခံခဲ့ရသော ကိုဝဏ္ဏအောင် က ကြေညာကာ ဆောင်ရွက်ပြုလုပ်သွားခဲ့ပြီး ငြိမ်းချမ်း အောင်မြင်စွာ မေတ္တာ ပို့သနိုင်ခဲ့ပါသည်။
ဆုတောင်းပွဲ ပြီးဆုံးပြီးနောက် ဘဘ ကျန်းမာလန်းဖြာစေရန်အတွက် ဘုရားထံ ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။
ဘဘ ဦးဝင်းတင် အမြန်ဆုံး ကျန်းမာလာပါစေ။
ဘဘ ခံစားနေရသော ရောဂါဝေဒနာများ သက်
သာ ပျောက်ကင်းပါစေ။
—Bo Myo
photo..Ko Nyi Htwe
ဆုတောင်းပွဲ ပြီးဆုံးပြီးနောက် ဘဘ ကျန်းမာလန်းဖြာစေရန်အတွက် ဘုရားထံ ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။
ဘဘ ဦးဝင်းတင် အမြန်ဆုံး ကျန်းမာလာပါစေ။
ဘဘ ခံစားနေရသော ရောဂါဝေဒနာများ သက်
သာ ပျောက်ကင်းပါစေ။
—Bo Myo
photo..Ko Nyi Htwe