Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယနေ. (၄-၄-၂၀၁၄) နေ့လည် ၁ နာရီ ၁၅ မိနစ် အဘဦးဝင်းတင်၏ကျန်းမာရေးအခြေအနေ

$
0
0
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်
ရှိသော သတင်းစာဆရာကြီး အဘဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ
ယနေ့နေလည်ပိုင်းတွင် ပိုမိုတိုးတက်ကောင်းမွန်လာသည်ဟု သိရှိရပါသည်။

အဘဦးဝင်းတင်သည် ကိုယ်တိုင်ရေသောက်နိုင်ပြီဖြစ်ကြောင်း နှင့် ပိုက်များဖြုတ်လိုက်ပြီ
ဖြစ်ကြောင်း သိရှိရသည်။ အနည်းငယ်မောနေသေးသော်လည်း၊ ပြုစုစောင့်ရှောက်သူများ၊ သူနာပြုများနှင့်ဆရာဝန်များကို ပြုံးပြနှုတ်ဆက်နိုင်သည်ဟု သိရှိရသည်။

နှာခေါင်းပိုက်ကိုမူ ဆက်လက်တပ်ထားဆဲဖြစ်သည်။ ချွဲဆုပ်ထားသည့်အတွက် အနည်းငယ်
ပင်ပန်းမှုရှိနေသည်ကို တွေ့ရသော်လည်း အဘဦးဝင်းတင်မှာ ကျန်းမာကောင်းမွန်လျက်
ရှိသည်ဟု သိရှိရသည်။

အခြေအနေမှာ အထူးကြပ်မတ်ကုသရန် လိုအပ်နေဆဲဖြစ်သည်။ သမားတော်ကြီးများ၊ ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ နှင့် ၀န်ထမ်းများကလည်း အထူးကြပ်မတ်
ကုသပေးလျက်ရှိသည်။ အဘဦးဝင်းတင် အမြန်ဆုံးပြန်လည်ကောင်းမွန်လာရေး
အတွက် မြန်မာပြည်သူတရပ်လုံး၏ ဆုတောင်းသံများသည် လိုအပ်နေဆဲဖြစ်ပါသည်။

( ဒေါက်တာ ရန်မျိုးသိမ်း )

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>