Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့မှု (ရုပ်-သံ)

$
0
0


ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက ခိုက်ရန် ဖြစ်ပွားရာမှ လူငယ်တစ်ဦး၏ မျက်လုံးတွင် ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည့် အပေါ် မကျေနပ်သဖြင့် လူအုပ်စုများ က ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူတို့ ပုန်းရှောင်နေသည့် နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါနေရာအား ထိန်းသိမ်း ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။

ယနေ့ညနေ ၃ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် ဗန်ဒါလမ်းဈေးကြီး အရှေ့ဘက် အတွင်း မိုးကာကူရှင် ဆိုင်ပိုင်ရှင် ဦးကိုကိုလေး၏ သားနှစ်ဦးက နာရီနှင့် အပိုပစ္စည်း ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးအောင်နိုင်ဦး၏ သား မောင်သက်ပိုင်ဦးအား စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးသဖြင့် ဝဲဘက်မျက်လုံး ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ သို့ဖြစ်၍ မောင်သက်ပိုင်ဦးအား ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသပေးလျက် ရှိကြောင်း၊ ယင်းဖြစ်ရပ်အပေါ် မကျေနပ်သဖြင့် ဈေးသူ ဈေးသား အင်အားစုများက ကတ်ကြေးဖြင့် ထိုးသည်ဟု ယူဆရသူများ ထွက်ပြေး ဝင်ရောက်သွားသည့် ဟူစင်မုန့်ဆိုင်အား ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် ၎င်းတို့နှစ်ဦးအား လှည်းကူးမြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ညနေ ၆ နာရီ ၅ မိနစ်တွင် ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက်စဉ် ဝင်ရောက် တားမြစ်သူ တစ်ဦးမှာ ခဲများထိမှန်ပြီး နဖူးတွင် ဒဏ်ရာများ ရရှိသဖြင့် လှည်းကူး ဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာနေရာသို့ ညနေ ၆ နာရီ မိနစ်၂၀ ခန့်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ ဦးလှသန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ရောက်ရှိပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့သဖြင့် ညနေ ၆နာရီ ၂၅မိနစ်ခန့်တွင် လူစုကွဲသွားကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယင်းနေရာတွင် လုံခြုံရေး ယူထားပြီး ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

လှည်းကူး event ရဲ့ 
side effect ကအရမ်းမြန်တယ်။
သွေးရိုးသားရိုးမဟုတ်ဘူး။
ဒေါသထွက်နေသော လူအုပ်ကြီး
ကလည်း ရောက်လာတာ
အရမ်းမြန်ဆိုဘဲ။
Calender ကျတွေပေါ့။
ပညာရေးနှစ်ပတ်လည်ပွဲကနေ
စိတ်ပူပြီးအိမ်ပြန်လာတော့
ကိုယ့်မြို့ နယ်ပြန်ရောက်ရုံရှိသေး
မြို့ နယ်တခြမ်းမှာ
ရုတ်စိ ရုတ်စိ ဖြစ်နေပြီ
နာရီဝက်လောက်ဘဲခြားမယ်။

၂၀၁၅ မတိုင်မချင်း ဒါမျိုးတွေ
ထပ်လာအုံးမယ်။

ကဲ ကိုကိုအစိုးရတို့ 
ဘယ်သူတွေမှန်းလဲသိတယ်
ဘယ်လိုလုပ်မယ်ဆိုတာလဲ
သိနေတယ်။

ခင်ဗျားတို့ 
ဘာဆက်လုပ်မှာလဲ

Prevention is better than
cure.

ဆိုတဲ့ဆိုရိုးစကားလေးကို
မလိုက်နာရင်တော့

အပ်နဲ့ ထွင်းရမှာကို
ပုဆိန်နဲ့ ထွင်းရတော့မယ်။

ဟိုကျေးဇူးရှင်တွေကလည်း
ကိုယ် အောက်စီးကနေရတာ
သတိလည်းရအုံး။
တဆိတ်ရှိ လက်ပါနေရင်တော့
နင်တို့ OIC လည်းလာကယ်နိုင်
မှာမဟုတ်ဘူး။
Thet Khaing


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>