update news ..ပျောက်ဆုံးလေယာဉ် MH370 ရဲ့ Black Box ရှာတွေ့ဖို့ နီးစပ်လာပါပြီ။
တရုတ်သင်္ဘော အပြင် သြစတေးလျသင်္ဘောကပါ နောက်ထပ် အချက်ပြမှု ၃ ခု ထပ်ပြီး လက်ခံရရှိတယ်လို့ သိရပါတယ်။
Black Box ရဲ့ နေရာအတိအကျ နီးပါး သိရပြီမို့ ရှာဖွေဆယ်ယူရေးတွေ ပိုလုပ်နေကြပါပြီ..
..........................................................
လွန်ခဲ့သော မတ်လ ၈ ရက်နေ့ကတည်းက ခရီးသည် ၂၃၉ ဦးနှင့်အတူ ပဟေဠိဆန်စွာဖြင့် ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် MH370 လေယာဉ်၏ ပျံသန်းမှုမှတ်တမ်း Black Box မှဟု ယူဆရသော အချက်ပြမှုတစ်ခုကို အိန္ဒိယ သမုဒ္ဒရာအတွင်းမှ ရှာဖွေကယ်ဆယ်ရေး သင်္ဘောတစ်စင်းက ဖမ်းယူရရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါ အချက်ပြမှုမှာ Black Box မှ သေချာလျှင်ပပ် သီတင်းပါတ် အနည်းငယ်ကြာမှသာ ဆယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း သြစတေးလျ ကာကွယ်ရေးဝန်ကြီး Mr Johnston က ပြောကြားခဲ့ကြောင်း SkyNews မှ သိရသည်။
အဆိုပါ Black Box စနစ်အတွင်းမှ ဘက်ထရီစနစ်မှာ လေယာဉ်ပျက်ကျပြီးနောက် ရက်ပေါင်း ၃၀ အတွင်း၌သာ အလိုအလျှောက် အချက်ပေးနိုင်သဖြင့် မြန်ရှာဖွေတွေ့ရှိနိုင်ရေးမှာ အရေးကြီးလျက် ရှိနေသည်။
Black Box ကို အကောင်းအတိုင်း ရှာဖွေတွေ့ရှိခဲ့ပါလျင် လေယာဉ်မပျက်ကျမီ လေယာဉ်အတွင်း မည်သည့် ပြဿနာ ဖြစ်ခဲ့ကြောင်း ပြန်လည် ရှာဖွေသိရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။