Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နှစ်သစ်မှာ အောင်မြင်တဲ့သတင်းသမားတွေ ဖြစ်ပါစေလို့ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်

$
0
0

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၉ ရက်နေ့က စပြီး ဂျာမဏီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ ခရီးစတင်လိုက်ပီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမဏီနိုင်ငံ ခရီးစဉ်အတွင်းမှာ ဂျာမန်သမ္မတ ယွာခင်မ်ဂေါက်ခ်၊ အဓိပတိ အန်ဂယ်လာ မာကဲလ်၊ နိုင်ငံခြားရေးဝန်ကြီး ဖှရန့်ခ် ဝေါ်လ်တာ စတိုင်းန်မိုင်းယာ တို့နဲ့ တွေ့ဆုံဖို့ရှိပြီး ဂျာမန်လွှတ်တော် ဘွန်ဒက်စ်တာ့ခ် ကိုလဲ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ဂျာမန်လွှတ်တော်ဥက္ကဌ ပရော်ဖက်ဆာ ဒေါက်တာ နော်ရ်ဘာ့ထ် လမ်းမန့်ထ်နဲ့ တွေ့ဆုံပြီး လွှတ်တော်ရေးရာကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လူတွေအချင်းချင်းကြား နိုင်ငံတကာ နားလည်မှုတွေ မြှင့်တင်ပေးနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပေးအပ်တဲ့ နိုင်ငံတကာ ၀ီလီဘရန့်ဒ်ထ် ဆုကို လက်ခံရယူဖို့ ရှိပါတယ်။

ဒီခရီးစဉ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမန် စီးပွားရေးဝန်ကြီး ဒေါက်တာ မြူးလာနဲ့ အခြား ဂျာမန်ဖောင်ဒေးရှင်းတွေနဲ့လဲ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ဂျာမဏီနိုင်ငံက ဖှရေအီးတက္ကသိုလ်မှာ ဂျာမန်က မြန်မာမိသားစုတွေနဲ့လဲ တွေ့ဆုံဖို့ အစီအစဉ်ရှိပြီး ဂျာမဏီနိုင်ငံရဲ့ သက်မွေးဝမ်းကျောင်း ပညာရေးနဲ့ လေ့ကျင့်သင်တန်းပေးခြင်း Duales System ကိုလဲ သွားရောက်လေ့လာဖို့ ရှိပါတယ်။

ဧပြီလ ၁၄ ရက်မှာတော့ ပြင်သစ်နိုင်ငံ ခရီးစဉ် ဆက်သွားဖို့ရှိပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ သမ္မတ ဖှရန်ဆွောစ် ဟိုလန်ဒေး ။ နိုင်ငံခြားရေးဝန်ကြီး အပြင်
ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ ဥက္ကဌတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ် စစ်တက္ကသိုလ်၊ ပြင်သစ်လွှတ်တော်နဲ့ စီးပွားရေး၊လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်စီကိုလဲ သွားရောက် လေ့လာဦးမှာ ဖြစ်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့မှာ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

ရိုက်ကူး - အောင်ကြီ
dvb

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>