Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တာဝန်ကျေခဲ့သော မိခင်ကြီးနှင့် တာဝန်ကျေခဲ့သော ကျွန်တော် - နာရေးကူညီမှုအသင်း(ရန်ကုန်)

$
0
0
မဟာသင်္ကြန်အကြိုနေ့ ၁၃.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆းဝဝ) နာရီအချိန်မှစ၍ နာရေးကူညီမှုအ သင်း(ရန်ကုန်)တွင်ပေးဆပ်သူများ” သံချပ်အဖွဲ့ဝင်များအား ပြည်သူလူထုတို့ကို ဖျော်ဖြေမှုပြုလုပ်ရာတွင် လိုက်ပါမည့် အသင်းသူ/ သားများ၊ ရှေ့ပြေးလမ်းကြောင်းသွားမည့်အဖွဲ့များ၊ ရှေးဦးသူနာပြုအဖွဲ့ဝင်များ သွား လာမည့် လမ်းကြောင်းများ၊ မဏ္ဍပ်များ တွင် စည်းကမ်းစနစ်ရှိစွာဖြင့် သွားလာဖျော်ဖြေမှု ပြုလုပ်ရန်မှာကြား ရခြင်း၊ မဟာသင်္ကြန် အချိန်ကာလ အတွင်း ထိခိုက်မှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ဆေးရုံကြီးများသို့ ပို့ဆောင်ပေးမည့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များအားလည်း မိမိ တို့တာဝန်ကျရာ ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်ရှေ့နှင့် ကန်တော်ကြီးရှိ မြန်မာနိုင်ငံဆရာဝန် အသင်းတိုက်တို့တွင် တာဝန်ကျ ယာဉ်ထိန်းရဲများ၊ ပြည်သူ့ရဲများ၊ မဏ္ဍပ်တာဝန်ခံများနှင့် ဆက်သွယ်၍ တာဝန်ကျေပွန်စွာဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအား လုပ်ကိုင်ကြရန်မှာကြား ရခြင်း နှင့် အသင်းသို့လာ ရောက် လှူဒါန်းကြသော အလှူရှင်များအားလည်း အသင်း၏ လုပ်ဆောင်ချက်များကို လိုက်လံ ရှင်းလင်း ပြသကာ အလှူငွေဂုဏ်ပြုကဒ်ပြားနှင့် အမှတ်တရဓာတ်ပုံ ရိုက်ပေးရခြင်း စသည့် လူမှုရေးကိစ္စရပ်များအား ကျွန်တော်သယ်ပိုးနေစဉ် ကျွန်တော့်ထံသို့ တယ်လီဖုန်းဝင်လာသည်။ "အမေဒေါ်မြင့် ဆုံးသွားပြီ" တဲ့။ "အမေက နောက်ဆုံးမှာခဲ့တယ်။ အမေ့ရဲ့နောက်ဆုံးခရီးကို မောင်ကျော်သူ လိုက်လံပို့ဆောင်ပေးခိုင်းပါ" တဲ့ … ဟူ၍ ဖြစ်တော့ သည်။

အမေဒေါ်မြင့်သည် မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ အသက် အားဖြင့် (၈၁) နှစ်ရှိပြီဖြစ်သည်။ လူကြီးရောဂါဖြင့် အိမ်ပေါ်မှအောက်သို့ မဆင်းနိုင်သောကြောင့် မိမိ၏ နောက်ဆုံးခရီးအတွက် ရည်မှန်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေလှူဒါန်းလိုသော ဆန္ဒဖြစ် ပေါ်နေ သောကြောင့် ကျွန်တော်တို့ထံ ဖုန်း ဆက်သွယ်ကာ ကျွန်တော်၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်း လိုကြောင်း ပြောကြားလာသည်။ ထို့ကြောင့် ကျွန်တော်တို့ သည် ၁၅.၁.၂ဝ၁၃ ရက်နေ့က အမေ ဒေါ်မြင့် ရှိရာ မေတ္တာညွန့်ရပ်ကွက်သို့ သွားရောက်ကာ အလှူငွေ (ငါးသိန်းကျပ်တိတိ) အား လက်ခံခဲ့ပြီး အမေကြီး နဲ့အတူ အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် အသင်း၏ လုပ်ဆောင်ချက် DVD ချပ်အား ပြန်လည်ပေးအပ်ရင်း သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုခဲ့ပါသည်။ အမေဒေါ်မြင့်သည် သူ၏ ဆန္ဒ တစ်ခု ပြည့်ဝခဲ့ပြီဖြစ်တော့သည်။

ထို့နောက် အမေဒေါ်မြင့်၏ ဒုတိယဆန္ဒတစ်ခုဖြစ်သော (နောက်ဆုံးဆန္ဒ) သားသုံးဦးနှင့် မြေးများ တို့အား သာသနာ့ ဘောင်သို့ သွတ်သွင်းခြင်းတည်း ဟူသော မြင့်မြတ်လှသော ကုသိုလ်ကောင်းမှုကြီးအား ၆. ၄.၂ဝ၁၄ ရက်နေ့ ခန့်က ထပ်မံ၍ ပြုလုပ်ခဲ့သေးသည်။ ယနေ့ နံနက် (၈းဝဝ) နာရီအချိန်တွင် ရှောင်လွဲ၍ မရနိုင်သော အနိစ္စတရားအား အမေဒေါ်မြင့် ပြသခဲ့ပြီဖြစ်တော့သည်။ ယခု အမေဒေါ်မြင့် ဆုံးကာနီး အချိန် ပိုင်းအတွင်း "အမေဆုံးသွားရင် မောင်ကျော်သူ ကို လိုက်ပို့ခိုင်းပါ" ဟူ၍ မှာကြားခဲ့သည်။

ထို့ကြောင့် အမေ၏မှာကြားချက်အား ကျွန်တော်သိသိခြင်းအလုပ် မအားလပ်သည့်ကြားမှ ကျွန် တော် ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင်၍ အမေဒေါ်မြင့် နေအိမ် မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်သို့ မောင်းနှင်ကာ အမေ ၏ ကျန်ရစ်သောရုပ်ခန္ဓာအား သွားရောက်သယ်ဆောင်ခဲ့ပြီး ရေဝေးသုဿန် အအေး ခန်းသို့ ပို့ဆောင်ပေးခဲ့တော့သည်။ အမေ၏ ရုပ်ခန္ဓာအား နိဗ္ဗာန်ယာဉ်ပေါ်သို့ သယ်ဆောင်ရန် အမေနေ ထိုင်သော ရန်ကြီးအောင်လမ်း၊ မေတ္တာညွန့် ရပ်ကွက်ရှိ တိုက်ခန်းလေးလွှာမှ သယ်ပိုးကာ လှေကားမှချရာ တွင် ကျွန်တော်တို့၏ အသင်းသားအပြင် သံဃာတော် တချို့ပါ သယ်ဆောင်လာသည်ကို တွေ့မြင်လိုက်ရ သည်။ ထို့နောက် အမေမြင့်၏ ရုပ်ခန္ဓာအား စတီးမှန်ခေါင်းထဲသို့ ထည့်လိုက်သောအချိန်တွင် သံဃာတော် တစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို့ ပူဆွေးသောက ပြင်းထန်စွာခံစားရပြီး သတိလွတ်သလို ဖြစ်သွားသော ကြောင့် အနီးရှိ လူတစ်ချို့မှ ဝိုင်းဝန်းကူညီ ဖေးမကြကာ အရိပ်ရှိရာနေရာသို့ မချီ၍ သတိပြန်လည်ရရှိ အောင် လုပ်ဆောင်ပေးခဲ့ရသေးသည်။ ထိုအမျိုးသမီးနှင့် သံဃာတော်မှာ အမေဒေါ်မြင့်၏ သားနှင့် သမီးတို့ ဖြစ်ကြောင်း ကျွန်တော်သိရှိခဲ့ရသည်။

နိဗ္ဗာန်ယာဉ်အား ရေဝေးသုဿန်သို့ ကျွန်တော်မောင်းနှင်နေစဉ် မိခင်နှင့်သားသမီးတို့၏ မေတ္တာ တရားကို ကျွန်တော် တွေးတောမိတော့သည်။ ပထမဦးဆုံးအနေဖြင့် သား/သမီးတို့ဘက်မှ ကျွန်တော် တွေးတောမိသည်။ ကိုးလ လွယ်ပြီး ဆယ်လဖွားခဲ့ရသော မိခင်တို့၏ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ အကြင်နာ တရားတို့အား သိရှိနားလည်ကြသော သားသမီးများအနေဖြင့် မိခင်၊ ဖခင်တို့ ဘဝတစ်ပါးသို့ ပြောင်းလဲ သွားပြီး လူ့ဘဝအား စွန့်ခွာသွားမှုတို့ကို မည်သူမျှ မလို လားကြချေ။ ထိုသို့ စွန့်ခွာသွားပါကလည်း ကျန်ရစ် သူမိသားစု၊ သား/သမီးတို့၏ အပူမီးသည်လည်း မည်သည့် အပူမီးများနှင့် နှိုင်းယှဉ်၍မရနိုင်ချေ။ ဒုတိယ တွေးတော်မှုမှာ မိဘတို့ဘက်မှ ပြန်လည်၍ တွေးတောမိသည်။ သား/ သမီး တို့အား ငယ်စဉ်ကလေးဘဝမှ လူလားမြောက်သည်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့၍ လူ့လောကထဲ လူတန်း စေ့နေနိုင်၊ စားနိုင်၊ သွားနိုင် ခဲ့ပြီဖြစ်သည်။ ထို့အပြင် မိမိဘဝသက်တမ်း မကုန်ဆုံးခင် နောင်သံသရာအတွက် ကောင်းမှု ဖြစ်သော သာ သနာ့ဘောင်သို့ သားများအားလည်း သွတ်သွင်းပေးခြင်းတည်းဟူသော ရဟန်းမယ်တော်တစ်ဦး ဖြစ် သည့် အပြင် အနိစ္စတရားအား ရှုမြင်သုံးသပ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လည်း လှူဒါန်းမှုများ ပြုလုပ် ခဲ့နိုင် သေးသည်။ ထို့ကြောင့် မိဘတို့၏တာဝန်လည်း ကျေခဲ့ပြီဖြစ်တော့သည်။ တတိယတစ်ချက်မှာ မိမိ ကိုယ်မိမိ ကျွန်တော် ပြန်လည်၍ သုံးသပ်မိတော့သည်။ ကျွန်တော်သည်လည်း တာဝန်ကျေခဲ့သော သား/ သမီးတို့၏ ကျေးဇူးရှင် မာတာမိခင် ကြီး အမေဒေါ်မြင့်၏ နောက်ဆုံးဆန္ဒကိုလည်း ကျွန်တော် တာဝန်ကျေ ပွန်စွာ ထမ်းရွက်နိုင်ခဲ့သည်ဟူ၍ ဖြစ်တော့သည်။

အမေဒေါ်မြင့် မြင့်မြတ်သော ဘုံဘဝမှ သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုနိုင်ပါစေ။
မှတ်တမ်း - ဓါတ်ပုံများ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...