Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စားပွဲဝိုင်းအောက်က ပဟေဠိဆန်သော ယမ်းငွေ့များ စစ်တပ်နှင့် KIA ၏ တိုက်ပွဲများ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပြည်သူက အယုံအကြည်မဲ့စေနိုင် – လင်းယုန်

$
0
0
KIO ဌာနချုပ်တွင် ပြုလုပ်သော လိုင်ဇာ ညီလာခံ ရလဒ်အဖြစ် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အစိုးရ ကိုယ်စားပြု ဖွဲ့စည်းထားသော မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)တို့ ဦးဆောင်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း တစ်ခုတည်း ရရှိရေး ဆွေးနွေးမှုကို ဧပြီလ (၅)ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သည်။ ထိုဆွေးနွေးပွဲသည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အရေးပါလွန်းသော အဆင့်တစ်ဆင့်ဖြစ်၍ ရင်တမမ စောင့်ကြည့် ခဲ့ကြရသည်။ ယခင့် ယခင်များက ဆွေးနွေးပွဲများကဲ့သို့ မရေမရာနိဂုံးဖြင့် အဆုံးသတ်သွားမည်ကို စိုးရိမ်တကြီးလည်း ရှိခဲ့သည်။ သို့သော် တိုးတိုးကျယ်ကျယ် အစာမကျေသံများ နှစ်ဖက်စလုံးမှ ထွက်ပေါ် မလာဘဲ ဖက်လဲတကင်း ဆွေးနွေးသံများ အဆုံးနှစ်ဖက် ပူးတွဲ ရေးဆွဲထားသည့် အပစ်ရပ်မူကြမ်း (ပထမ အဆင့်) ရေးဆွဲနိုင်ခြင်းဖြင့် ဆွေးနွေးပွဲ ပြီးဆုံးသွားသလို ယခင်လိုပင် နောက်တစ်ဆင့် ဘယ်တော့ဖြစ်မလဲဟု မျှော်တလင့်လင့် စောင့်ကြည့်နေစရာ မလိုအောင်ပင် အချောသပ်မူကြမ်း ဆွေးနွေးခြင်းကို မကြာမီမေလ ပထမပတ် အတွင်းတွင်ပင် ရန်ကုန်မြို့၌ ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲ သဘောတူ ညီချက်သည်လည်း တစ်ပါတည်း ထွက်ပေါ်လာခဲ့သည်။

ယင်းအခြေအနေ အရဆိုလျှင် ပြီးခဲ့သည့် ဆွေးနွေးပွဲများအတွင်းမှ ထွက်ပေါ်လာခဲ့သော စစ်တပ်ဘက်မှ သြဂုတ်လ အတွင်းတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဖြစ်စေရန်ဆိုသော အဆိုပြုချက်မှာ အမှန်တကယ် ဖြစ်လာနိုင်တော့မည်ဟု ယုံကြည် မျှော်လင့်စရာပင် ဖြစ်သည်။

သို့သော်…သို့သော်လည်း၊ ဆွေးနွေးပွဲအပြီး ထိုသို့ ယုံကြည် မျှော်လင့်ချက်များ ရက်ကြာကြာ မရှိသေးခင် ဧပြီလ(၁၀) ရက်နေ့မှစကာ မဆုံးနိုင်သော သံသရာက ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း အတွင်း ပေါ်ပေါက် လာခဲ့ပြန်သည်။ အစိုးရ စစ်တပ်နှင့် KIO လက်အောက်ခံ KIA တပ်များ တိုက်ပွဲဖြစ်ကြပြန်ခြင်းပင်။ အစိုးရ စစ်တပ်မှ စစ်ဘက် အကြီးအကဲများနှင့် KIO မှ ခေါင်းဆောင်များ ပါဝင်သော အပစ်ရပ်မူကြမ်း (ပထမအဆင့်) ထွက်ပေါ်ခဲ့သည့် ဆွေးနွေးမှုအပြီး နှစ်ရက်အတွင်း စတင်ဖြစ်ပေါ်ခဲ့သော ထိုတိုက်ပွဲများသည် မရိုးနိုင်သော သူ့ဘက်ကိုယ့်ဘက်၊ သူမှန် ငါမှန် ပါးစပ်ပြောများဖြင့် ရက်ပေါင်း ကြာညောင်းစွာ ဖြစ်ပေါ်နေလျက် ရှိခြင်းဖြစ်သည်။

သတင်းအရင်း အမြစ်များမှ သတင်း ထုတ်ပြန်မှုများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိသော သန်းခေါင်းစာရင်း ကောက်ယူမှုများနှင့် ပတ်သက်ကာ တင်းမာမှုဖြစ်ပေါ်ပြီး ဧပြီလ(၁၀) ရက်နေ့တွင် အစိုးရတပ်များက KIA တပ်မဟာ ၃ နယ်မြေ အတွင်းရှိ တပ်ရင်း၂၇ ဒေသသို့ အင်အားတိုးချဲ့ တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပြီး မန်စီမြို့နယ်အတွင်း ဘမ်ခုန်ယန် ကျေးရွာရှိ KIO အုပ်ချုပ်ရေးရုံးနှင့် KIA တပ်ရင်း၂၇ ရှိ အူလန်ပါ တိုက်နယ် စခန်းများကို သိမ်းယူခဲ့သည်။ ဧပြီလ(၁၁) ရက်နေ့တွင် KIA မှတစ်ဖန် မန်စီမြို့နယ် အတွင်းရှိ မန်းဝိန်းကြီး ရဲစခန်းကို ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်လိုက်ကာ ဧပြီလ(၁၂) ရက်နေ့တွင် အစိုးရ စစ်တပ်က မန်းဝိန်ကြီး နှင့် KIA စခန်းဖြစ်သော မြန်မာတရုတ် နယ်စပ်ရှိ ဘမ်ခမ်ဂိတ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက် လိုက်ပြန်သည်။ ထို့နောက် တိုက်ပွဲများသည် တစ်စတစ်စ နယ်မြေ ကျယ်ပြန့်လာကာ ဗန်းမော်-မိုးမောက် အထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေ အတွင်းတွင်ပါ ဖြစ်ပွားလာခဲ့ တော့သည်။ ဧပြီ(၁၆)ရက်အထိ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးမှ ထုတ်ဖော်ခြင်း မရှိသော်လည်း နှစ်ဖက်ထိခိုက် ကျဆုံးမှုများမှာ အများအပြား ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ထိုတိုက်ပွဲများတွင် အစိုးရ စစ်တပ်ဘက်မှ သစ်မှောင်ခို ရှင်းလင်းခြင်း၊ သန်းခေါင်စာရင်းကိစ္စ တင်းမာမှု ဖြစ်ခြင်းတို့ကို အကြောင်းပြကာ နယ်မြေတိုးချဲ့ စိုးမိုးမှု လုပ်ခြင်းဟု KIO ဘက်မှ ပြောကြားမှုများ ရှိနေသည်။ ထူးခြားမှု တစ်ရပ်မှာ ယခုကဲ့သို့ အစိုးရစစ်တပ်နှင့် KIO တို့ တိုက်ပွဲဖြစ် နေစဉ်တွင် KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည်။

ယခု တိုက်ပွဲများနှင့် ပတ်သက်၍ အပစ်ရပ်မူကြမ်း (ပထမအဆင့်) ဆွေးနွေးပွဲ အပါအ၀င် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစိုးရကိုယ်စား ဦးဆောင် အကောင်အထည် ဖော်နေသော မြန်မာငြိမ်းချမ်ရေး စင်တာ (MPC)မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဒေါက်တာမင်းဇော်ဦးက ““ကျွန်တော်တို့ကတော့ နှစ်ဖက်လုံးနဲ့ စကားပြောပြီးတော့ ဒီတိုက်ပွဲအရှိန်ကို လျော့ဖို့ကြိုးစားနေတယ်။ ကျွန်တော်တို့ စပြီး တိုက်ပွဲမဖြစ်ခင် ကတည်းက ဒီလို အရှိန် တက်လာနိုင်တာလေး တွေ့တဲ့အခါမှာ ကျွန်တော်တို့ ၀ိုင်းကြိုးစားကြတယ်။ အခုလည်း နှစ်ဖက်လုံးနဲ့ ဆက်သွယ်ပြီးတော့ ဒါကို အရှိန်လျှော့နိုင်အောင် လုပ်နေပါတယ်””ဟု ဧပြီလ(၁၇) ရက်နေ့က ပြောသည်။

ထိုပြောကြားချက်အရ ယခုကဲ့သို့ တိုက်ပွဲများ မဖြစ်ပွားမီကပင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ကို သိနေ ရပါလျက် သြဂုတ်လအတွင်း တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ်ရေးထိုးမှု ပြုရန် အဆိုပြုထားသည့် အစိုးရ စစ်တပ်မှ အကြီးအကဲများနှင့် NCCT တွင် ကိုယ်စားပြု ပါဝင်နေပါလျက် အပစ်ရပ်မူကြမ်း (ပထမအဆင့်) ဆွေးနွေးပွဲအပြီး တိုက်ပွဲများ ဖြစ်ပွားခြင်းသည် တိုက်ပွဲဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ရန် မဆောင်ရွက်ခဲ့သနည်း။

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်ခွင့်ရနေသည့် ယခင် ပြည်ပရောက် အမျိုးသားညွှန့်ပေါင်း အစိုးရ(စင်ပြိုင်အစိုးရ) ၏ ကုလကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ““အပစ်အခတ် ရပ်စဲရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ အဆင့်ဆင့် အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ စောင့်ကြည့်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားသင့်တယ်။ ပြည်နယ်အဆင့်တွေ လုပ်သလို မြို့နယ်၊ ကျေးရွာ အဆင့်တွေလည်း ဆောင်ရွက်သင့်တယ်။ ဒါမှသာ အောက်ခြေတပ်ရင်း အဆင့်မှာ ဖြစ်တဲ့ KIA ဘက်က အင်အားစုတွေနဲ့ အစိုးရဘက်က အင်အားစုတွေဖြစ်တဲ့ တိုက်ပွဲတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်တယ်။ ဖြစ်လာတဲ့ ပြဿနာတွေဟာလည်း ဘာကြောင့်ဖြစ်တာလဲ။ တပ်တည်နေရာတွေ တိတိကျကျ မရှိလို့ ဖြစ်တာလား။ ဒါမှမဟုတ် စီးပွားရေး အကျိုးအမြတ် အခြေခံပေါ်မှာ ဖြစ်တာလား။ ဒီပြဿနာတွေကိုလည်း ကျွန်တော်တို့ ခြေခြေမြစ်မြစ် လေ့လာပြီး ဖြေရှင်းဖို့လိုပါတယ်””ဟု တိုက်ပွဲများ ဖြစ်ပွားမှုရပ်တန့် စေနိုင်မှုကို သုံးသပ်ပြောကြားသည်။

အမှန်ဆိုလျှင်၊ ဒေါက်တာသောင်းထွန်းပြောကြားသော စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရေး၊ တပ်နေရာချထား ရေးကိစ္စများ ဆောင်ရွက်ရန် အစိုးရနှင့် KIO တို့၏ ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင်ပင် သဘောတူညီမှု ရရှိထားကြပြီးဖြစ်သည်။

သို့သော် ထိုသို့သဘောတူညီမှုပြုပြီး နောက်(၄)လအကြာ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊ ယခုထိုသဘောတူညီမှု ပြုပြီးနောက် (၇) လအကြာ ဧပြီလတွင် ဖြစ်ပွားသော တိုက်ပွဲများသည်သာ ထပ်ခါတလဲလဲ ဖြစ်နေခဲ့သည်။ လက်တွေ့ ဆောင်ရွက်ရမည့် အပစ်အခတ် ရပ်စဲနိုင်မည့် ဆောင်ရွက်ချက် များကိုမှု အကောင်အထည်ဖော် ဆောင်ရွက်မှုက နှစ်ဖက်စလုံး အားနည်းလွန်းနေသည်သာ။

ထိုဖြစ်ရပ်များသည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း စကားဝိုင်း ဆွေးနွေးပွဲများ၏ စားပွဲဝိုင်းများအောက်မှ ထွက်ပေါ်နေသော ယမ်းငွေ့များဖြစ်သလို အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေး ဖြစ်စဉ် ဆောင်ရွက်မှုများအတွင်းမှ ပဟေဠိဆန်ဆန် အပြုအမှုများလည်း ဖြစ်သည်။

ထိုပဟေဠိသည် အထက်တွင် ဖော်ပြခဲ့သော ဒေါက်တာသောင်းထွန်း၏ သုံးသပ်စကားများထဲမှ စီးပွားရေး အကျိုးအမြတ်အပေါ် အခြေခံထားသော ပဟေဠိများသာ ဆိုလျှင် လာမည့် သြဂုတ်လအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဆောင်ရွက်နိုင်ခဲ့သည် ဆိုလျှင်ပင် အမှန်တကယ် အောက်ခြေတွင် အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် နိုင်ပါမည်လား ဆိုသည်က စဉ်းစား အဖြေရှာရမည် ဖြစ်သည်။

ယခုအတိုင်းသာ စားပွဲဝိုင်းအောက်မှ ယမ်းငွေ့များ ထွက်ပေါ်နေဆဲသာ ဆိုပါက ထိုငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကိုယ်တိုင်ပါဝင် နေကြသူချင်းသာမက ဒေသအသီးသီးရှိ တိုင်းရင်းသား ပြည်သူများ၏ မယုံကြည်မှုကိုလည်း ဖျောက်ဖျက် ရနိုင်မည် မဟုတ်ပေ။

ယခု KIO နှင့် အစိုးရကြား တိုက်ပွဲများ ဖြစ်ပေါ်နေမှုကြောင့်ပင် ဒေသခံ ပြည်သူများအတွင်း မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မယုံကြည်မှုများ တိုးပွားလာနိုင်သည်ဟု သုံးသပ်မှုများ ရှိလာသည်။

““တစ်ဖက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အလေးအနက် ဆွေးနွေးနေတယ်ဆိုပြီး အခုလို အောက်ခြေမှာ တိုက်ပွဲတွေ ဖြစ်နေ တာက ဒေသခံ ပြည်သူကြားမှာ အခုငြိမ်းချမ်းရေးဖြစ်စဉ်ကို အယုံအကြည် မဲ့လာစေနိုင်တယ်”” ဟု ဒေါက်တာသောင်းထွန်းက မြန်မာသံတော်ဆင့်သို့ ဧပြီလ(၇)ရက်နေ့က ပြောကြား သည့် သူ၏ သုံးသပ်ချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်သူလူထု ယုံကြည်မှုကို မရရှိသော ငြိမ်းချမ်းရေး ဖြစ်စဉ်သည်က …။

မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>