Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကိုရီးယားခရီးသည်တင်သင်္ဘောမှာပိတ်မိနေတဲ့ကျောင်းသားလေးတွေပို့တဲ့မက်ဆေ့ခ်ျတွေဆိုတာအလိမ်အညာ (hoax)တွေဖြစ်လို့ကိုရီးယားစုံစမ်းရေးအဖွဲ့ကအရေးယူဖို့ရှိ

$
0
0
ကိုရီးယားခရီးသည်တင်သင်္ဘောတိမ်းမှောက်နစ်မြုတ်တာ ၄၈ နာရီရှိနေပြီဖြစ်ပြီး တရားဝင်သေဆုံးသူအရေအတွက်ဟာလည်း ၂၈ ဦး ရှိသွားပြီဖြစ်ပါတယ်။ သင်္ဘောတစီးလုံးဟာလည်း ရေထဲနစ်မြုတ်နေပြီဖြစ်လို့ ပျောက်ဆုံးဆဲ ခရီးသည် ၂၆၈ ယောက်ကို ကယ်ဆယ်နိုင်ရေးမျော်လင့်ချက်ဟာ တနာရီပြီးတနာရီ လျော့နည်းလာနေပါတယ်။ ၁၀ဒီဂရီ ဆဲဆီးယပ်သာရှိတဲ့ အေးခဲမတတ် ရေထဲမှာ နာရီအနည်းငယ်ကြာရင်ပဲ ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း (hypothermia) ဖြစ်လို့ အသက်ဆုံးရှုံးနိုင်ပါတယ်။ သင်္ဘောဟာလည်း ရေထဲမြုတ်နေပြီဖြစ်လို့ လှောင်မိနေတဲ့လေ ဟာ သင်္ဘောထဲမှာ နည်းနေပြီလို့ ယူဆတာဖြစ်ပါတယ်။ လေမှုတ်စက်များနဲ့ သင်္ဘောထဲကို လေမောင်းသွင်းခြင်း၊ ရေငုတ်သမားများ သင်္ဘောပျက်အတွင်း ခဏ၀င်ရောက်နိုင်ခဲ့ခြင်းတို့ရှိပေမဲ့ အသက်ရှင်သူများကိုတော့ မတွေရှိခဲ့ပါဘူး။

ပထမဆုံး အသက်ကယ်လှေနဲ့ သင်္ဘောကို စွန့်ခွာခဲ့သူ သင်္ဘောကပ္ပတိန်ကိုတော့ တရားရုံးက ဖမ်းဆီးမိန့်ထုတ်လိုက်ပါပြီ။ ကပ္ပတိန်ဟာ သင်္ဘောမှောက်စဉ်က မောင်းနှင်ခန်းထဲမှာ မရှိခဲ့ပဲ တတိယအရာရှိက သင်္ဘောကို မောင်းနှင်နေခဲ့တာပါ။ ကပ္ပတိန်ဟာ တာဝန်ပျက်ကွက်မှု (negligence)၊ လူသေစေမှု (manslaughter) စတဲ့ အမှုတွေနဲ့ တရားစွဲခံရဖွယ်ရှိပါတယ်။ ကပ္ပတိန်အနေနဲ့ ခရီးသည်များကို သင်္ဘောကို စွန့်ခွာဖို့(evacuation) အမိန့်ပေးရန်လည်း နောက်ကျခဲ့လို အခုလို လူအများပျောက်ဆုံးခဲ့ရတာလို့လည်း ယူဆကြပါတယ်။
သင်္ဘောပေါ်မှာ အထက်တန်းကျောင်းသားလေးတွေနဲ့အတူ အုပ်ထိန်းလိုက်ပါတဲ့ ဒုတိယကျောင်းအုပ် ကို ကယ်တင်ရရှိခဲ့ပေမဲ့ သူဟာ နောက်တရက်မှာ သစ်ပင်တပင်မှာ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ရှိရပါတယ်။ စိတ်မကောင်းစရာ ဖြစ်ရပ်ပါပဲ။ ကျောင်းသားလေးတွေ ဆုံးပါးသွားပေမဲ့ သူက အသက်ရှင်ကျန်ခဲ့တော့ အပြစ်ရှိတယ်လို့ (feeling guilty) ခံစားရပုံပေါ်တယ်။

သင်္ဘောမှောက်တဲ့ ပထမနေ့က သင်္ဘောပေါ်မှာ ပိတ်မိနေတဲ့ ကျောင်းသားလေးတွေ ပို့တဲ့ မက်ဆေ့ခ်ျတွေ၊ ဆိုရှယ်မီဒီယာအပ်ဒိတ်ဆိုတာတွေဟာ တကယ်တော့ အလိမ်အညာ (hoax) တွေသာ ဖြစ်တယ်လို့ ကိုရီးယားစုံစမ်းရေးအဖွဲ့က တွေ့ရှိရလို့ ထိထိရောက်ရောက် အရေးယူဖို့ ရှိပါတယ်။ တကယ်တော့ တနိုင်ငံလုံးပူဆွေးသောကရောက်နေတဲ့ အချိန်မှာ စလိုနောက်လို လို့ပဲ ဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီလို အလိမ်အညာ့ hoax မက်ဆေ့ခ်ျတွေလုပ်တာ ပို့စ်တွေတင်တာဟာ မလုပ်သင့်တဲ့ ကိစ္စပါ။ မြန်မာ ဖေစ်ဘုတ်သုံးစွဲသူတွေအနေ နဲ့လည်း မမှန်တဲ့ အလိမ်အညာ hoax တွေ မလုပ်မိ မတင်မိအောင် သတိထားသင့်ပါတယ်။ ထိထိရောက်ရောက် အရေးယူမဲ့ ကိုရီးယား ဥပဒေထိန်းသိမ်းရေးအဖွဲ့ law-enforcement organization တွေကိုလည်း လေးစားမိသလို ဥပဒေစိုးမိုးမှုရှိတဲ့ သူတို့ တိုင်းပြည်ကိုလည်း အားကျမိပါတယ်။

ယခုအချိန်မှာတော့ ဆိုးရွားတဲ့ ရာသီဥတုကို အံတုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲပါ။ နစ်မြုတ်နေပြီဖြစ်တဲ့ သင်္ဘောထဲကို လေမှုတ်သွင်းခြင်းကို ဆက်လုပ်နေဆဲဖြစ်ပါတယ်။ပင်လယ်ထဲမှာ သုံးနိုင်တဲ့ seaborne crane ကရိန်းတွေလည်း ဒီနေ့ရောက်ရှိလာပါပြီ။
ကျန်ရှိနေသေးတဲ့ ခရီးသည်တွေကို ကယ်တင်နိုင်ဖို့ အခွင့်အရေးဟာ အချိန်ကြာလာတာနဲ့အမျှ မှေးမိန်လာနေပေမဲ့ ကြိုးစာအားထုတ်လုပ်ဆောင်နေကြတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ချီးကျူးရင်း ကျန်ရှိနေသေးတဲ့ခရီးသည်တွေကိုလည်း တတ်နိုင်သမျှကယ်တင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Zaw Myint Thein

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>