Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အိမ်ရှင်ဇနီးမောင်နှံနှစ်ဦးမှ အရွယ်မရောက်သေးသော အိမ်အကူအလုပ်သမား မိန်းကလေးငယ်တစ်ဦးအား မတရားရိုက်နှက် ညှင်းပမ်းနှိပ်စက်ခြင်းအပေါ်ထိရောက်စွာအရေးယူပေးပါရန်

$
0
0

သို့
ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ။ ။ ၂၅.၄.၂၀၁၄
အကြောင်းအရာ။ ။ အိမ်ရှင်ဇနီးမောင်နှံနှစ်ဦးမှ အရွယ်မရောက်သေးသော အိမ်အကူအလုပ်သမား မိန်းကလေးငယ်တစ်ဦးအား မတရားရိုက်နှက် ညှင်းပမ်းနှိပ်စက်ခြင်းအပေါ် ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားခြင်း။
၁။ အထက်ပါကိစ္စနှင့် ပတ်သက်၍ ကျွန်မ နော်မိချို နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (လျှောက်ထားဆဲ)နှင့် ခင်ပွန်းဖြစ်သူ ဦးစောချစ်ဦး နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (၁၄/ မမန (နိုင်) ၂၆၁၉၀၁) ကိုင်ဆောင်သူတို့သည် ဝဲဒေါင့်ကျေးရွာ၊ မဲကျော်ကျေးရွာအုပ်စု၊ မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူများ ဖြစ်ကြပါသည်။

၂။ ကျွန်မ နော်မိချိုနှင့် ခင်ပွန်းဖြစ်သူ ဦးစောချစ်ဦးတို့မှ သားသမီး (၆) ဦးထွန်းကားခဲ့ပြီး လက်လုပ်လက်စား ဘဝဖြင့်သာ ဘဝကို ရပ်တည်နေရပြီး စီးပွားရေးကြပ်တည်းမှုကြောင့် ကျွန်မနော်မိချို မွေးဖွားခဲ့သော သားသမီး (၆)ဦးအနက် အကြီးဆုံး သမီးဖြစ်သူ နော်မိုးမိုးအေး အသက် (၁၇)နှစ်မှ မိဘများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အရာရှိရိပ်သာလမ်းတွင် နေထိုင်သော ဦးကိုကိုနိုင်၏ နေအိမ်အကူလုပ်သားအဖြစ် (၂၀၁၃) ခုနှစ် (၁)လပိုင်းတွင် ဝင်ရောက်လုပ်ကိုင်၍ ကျွန်မတို့အား လုပ်ကျွေးသမှုပြုခဲ့ပါသည်။

၃။ ကျွန်မ၏ သမီးအကြီးဖြစ်သူ နော်မိုးမိုးအေး အိမ်အကူအလုပ်သမားအဖြစ် ဦးကိုကိုနိုင်၏ အိမ်တွင် အလုပ်လုပ်ကိုင်နေစဉ် ဦးကိုကိုနိုင်၏ ဇနီးဖြစ်သူမှ ရန်ကုန်တွင် နေထိုင်သော ၄င်း၏ ညီမနေအိမ်တွင် အိမ်အကူအလုပ်သမားတစ်ဦး လိုအပ်နေသဖြင့် ကျွန်မလည်း ငွေရေးကြေးရေးအဆင်ပြေစေရန် အတွက် ကျွန်မ၏ ဒုတိယသမီးဖြစ်သူ နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ရန်ကုန်ရှိ ၄င်း၏ညီမအိမ်တွင် အလုပ်လုပ်ရန် ပြောဆိုသဖြင့် (၂၃.၁.၂၀၁၄) ရက်နေ့တွင် ပုသိမ်မြို့တွင် နေထိုင်သည့် ဦးကိုကိုနိုင်၏ နေအိမ်သို့ ကျွန်မ၏ သမီး နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးအား ပို့ပေးခဲ့ပါသည်။

၎။ (၂၄.၁.၂၀၁၄) ရက်နေ့တွင် ဦးကိုကိုနိုင်၏ ဇနီးမှ ရန်ကုန်မြို့တွင် နေထိုင်သော ၄င်း၏ ညီမနေအိမ်သို့ အိမ်အကူအဖြစ် လုပ်ကိုင်ရန်အတွက် ကျွန်မ၏ သမီး နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး အသက် (၁၄)နှစ်အား ပို့ဆောင်ခဲ့ပါသည်။

၅။ ကျွန်မ နော်မိချို၏ သမီးဖြစ်သူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး၏ အိမ်အကူလုပ်အားခငွေတလလျှင် ကျပ် (၂၅၀၀၀ိ/) သတ်မှတ်၍ လုပ်အားခ (၆)လစာ ကျပ် (၁၅၀၀၀၀ိ/)အား ကျွန်မသမီး နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ရန်ကုန်သို့ အလုပ်လုပ်ရန်ပို့ဆောင်ပေးခဲ့သူ ဦးကိုကိုနိုင်၏ ဇနီးဖြစ်သူမှ ထုတ်ပေးခဲ့ပြီး ကျွန်မ၏ သမီးအား မည်သည့်နေရာသို့ ပို့ဆောင်ခဲ့သည်ကို ပြောကြားခဲ့ခြင်းမရှိခဲ့ပါ။

၆။ (၂၈.၃.၂၀၁၄) ရက်နေ့ ည(၈)နာရီခန့်တွင် နောင်ဝိုင်းကျေးရွာ၊ ပုသိမ်မြို့တွင် နေထိုင်သည့် ဆွေမျိုးတော်စပ်သူ စောသာထူးမှ ရန်ကုန်တွင် အိမ်အကူအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်နေသော ကျွန်မ၏ သမီးဖြစ်သူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးမှာ ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံတွင် တင်ထားကြောင်း အကြောင်းကြားလာသဖြင့် ကျွန်မတို့ နေထိုင်ရာကျေးရွာနှင့် ပုသိမ်သို့လာရာလမ်းမှာ ခရီးသွားလာမှု ခက်ခဲသောကြောင့် (၃၀.၃.၂၀၁၄) ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ကျွန်မတို့ဇနီးမောင်နှံ နှစ်ဦးရောက်ရှိခဲ့ပါသည်။

၇။ ကျွန်မနှင့် ခင်ပွန်းဖြစ်သူတို့ ပုသိမ်ပြည်သူ့ဆေးရုံသို့ရောက်ရှိစဉ် ဆေးရုံတွင်ဆေးဝါးကုသမှု ခံယူနေသော သမီးဖြစ်သူ နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ဖြစ်ပျက်မှုအား မေးမြန်းကြည့်သောအခါ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကိုယ်မင်းကိုယ်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ အိမ်နံပါတ် (၃၀)တွင် နေထိုင်သော အိမ်ရှင်ဖြစ်သူ မသီတာ(ခ) သီရိကိုကိုနိုင် (အဘ- ဦးကိုကိုနိုင်)နှင့် ခင်ပွန်းဦးကြည်လှမြင့်တို့မှ (၂၂.၃.၂၀၁၄)ရက်နေ့တွင် ဟင်းချက်ခိုင်းရာ ဟင်းအိုးတူးသည်ကို အကြောင်းပြု၍ ဒယ်အိုးထဲရှိ ဆီအပူထဲသို့ လက်နှစ်ဘက်ကို အတင်းဆွဲ၍စိမ်ခြင်း၊ ခန္ဒာကိုယ်အနှံ့ရိုက်နှက်ခြင်း၊ ကတ်ကြေးဖြင့် ညာဘက်နားနောက်ကို ထိုးခြင်း၊ ဘက်ဘက်မျက်စိကို လက်သီးဖြင့်ထိုးခြင်း၊ မျက်နှာတည့်တည့်လက်သီးဖြင့် ထိုးထားသောကြောင့် ပါးစပ်အတွင်းရှိ အောက်အလယ်သွားတချောင်းပဲ့မှုများ ဖြစ်ခဲ့ရပါသည်။

၈။ ထိုသို့ အိမ်ရှင် မသီတာ(ခ) သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံညှင်းပန်းရိုက်နှက်မှုကြောင့် ခန္ဒာကိုယ်အနှံ့ဒဏ်ရာများ ရရှိနေခြင်းအား ကာယကံရှင် မိဘထံအကြောင်းကြားခြင်းမရှိဘဲ ပုသိမ်မြို့တွင် နေထိုင်သော ဦးကိုကိုနိုင်မှ ၄င်း၏တပည့်များအား ရန်ကုန်သို့စေလွှတ်၍ အိမ်ရှင်ဖြစ်သူ ၄င်း၏ သမီး မသီတာ(ခ) သီရိကိုကိုနိုင်နှင့် ခင်ပွန်း တို့နှိပ်စက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော အိမ်အကူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးအား (၂၄.၃.၂၀၁၄) ရက်နေ့တွင် သိုဝှက်စွာခေါ်ဆောင်ခိုင်းခဲ့ပြီး ဦးကိုကိုနိုင်နေထိုင်ရာ ပုသိမ်မြို့နေအိမ်တွင် ဆေးဝါးကုသသော်လည်း သက်သာမှုမရှိသောကြောင့် (၂၅.၃.၂၀၁၄)ရက်နေ့တွင် ပြင်ပပုဂ္ဂလိကဆေးခန်းဖြစ်သော လမင်းဆေးခန်းသို့ သွားရောက်ကုသသော်လည်း ရာဇဝတ်မှုမကင်းသောကြောင့် ၄င်းဆေးခန်းမှ ကုသပေးခြင်းမပြုလုပ်ပေးသဖြင့် ၄င်းတို့မှ (၂၆.၃.၂၀၁၄)ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ မည်သို့ပြောဆို၍ ဆေးရုံတင်ကုသခဲ့ကြောင်း မသိရှိရပါ။

၉။ ၄င်း ဦးကိုကိုနိုင်၏ သမီးဖြစ်သူ မသီတာ(ခ)သီရိကိုကိုနိုင်နှင့် သမက်ဖြစ်သူ ကိုကြည်လှမြင့်တို့ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုအား အရေးယူပေးပါရန် ပုသိမ်မြို့နယ်အမှတ် (၂) ရဲတပ်ဖွဲ့စခန်းသို့ (၃၀.၃.၂၀၁၄)ရက်နေ့တွင် လက်ခံစစ်ဆေးပြီး အခင်းဖြစ်ပွားရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ လွှဲပြောင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့ထက်ထိ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးခြင်းများ မရှိသေးပါ။
၁၀။ ၄င်း ပြစ်မှုကျူးလွန်သူတို့၏ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုကြောင့် နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး၏ လက်နှစ်ဘက်မှာ ခွဲစိတ်မှု (၃)ကြိမ်ပြုလုပ်ရသော်လည်း ကောင်းမွန်ခြင်းမရှိ ခန္ဒာကိုယ်အနှံ့အပြားရိုက်နှက်ခံရမှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် အသက်အန္တရာယ်ပါ စိုးရိမ်နေရပါသည်။
သို့ဖြစ်ပါ၍ အရွယ်မရောက်သေးသော အိမ်အကူအလုပ်သမား နော်ထက်ထက်(ခ)နော်ဆဲအယ်ဝါးအား မတရားညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့သော ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။
ဒဏ်ရာရရှိသောပုံများကိုပါ ပူးတွဲတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
နော်မိချို
နိုင်ငံသားစိစစ်ရေးကဒ် (လျှောက်ထားဆဲ)
ဝဲဒေါင့်ကျေးရွာ၊ မဲကျော်ကျေးရွာအုပ်စု
မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


လုလုအောင် HD အသစ်


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>