Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ်

$
0
0
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပစ္စည်းအချို့အား အကျဉ်းထောင်အတွင်းယူဆောင်ရန် ကြိုးပမ်းမှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၏ တရားစွဲဆိုခြင်းခံထားရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ်ရန် အင်းစိန်မြို့နယ်တရားရုံးမှ ယနေ့ အမိန့်ချမှတ်လိုက်သည်။

‘’ တရားသူကြီးက ဗိုလ်ချုပ်ပုံကို တရားမ၀င်ပစ္စည်းအဖြစ်အကျဉ်းထောင်ထဲမှာ ပြဋ္ဌာန်းမထားဘူးဆိုပြီး ပြည်ထဲရေးရဲ့ စွဲချက်တွေအားလုံးကို ပယ်ဖျက်ပစ်ခဲ့တယ်။ ကျွန်တော့်ကို အမှုကနေတရားသေလွှတ်ခဲ့တယ်။’’ ဟု ဦးနေမျိုးဇင်က YPI သို့ပြောသည်။

၎င်းအား ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်၊ စတေကာနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တွေ့ဆုံသည့်ပုံပါ ဂျာနယ်တစ်စောင်တို့အား အကျဉ်းထောင်တွင်းယူဆောင်ရန် ကြိုးပမ်းမှုအတွက် အကျဉ်းကျရာမှ ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ပင် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ (အကျဉ်းထောင်အတွင်းသို့ တရားမ၀င်ပစ္စည်း သွင်းယူမှု) အရ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမှုရင်ဆိုင်နေချိန်တွင် ၎င်းအားထောက်ခံသူများက ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်များကို ၀တ်ဆင်၍ တရားရုံးအထိ လိုက်ပါခဲ့ကြကြောင်း ၎င်းကပြောသည်။

ဦးနေမျိုးဇင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်သည်။ ၎င်းအား ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းက အီလက်ထရွန်းနစ်ပုဒ်မဖြင့် ထောင်ဒဏ်၁၀ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့ကမှ ပြန်လည် လွတ်မြောက်လာကာ လွတ်မြောက်လာသည့်နေတွင်ပင် ယခုအမှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ။

(ဓါတ်ပုံ-www.pwvb.blogspot.com)

yangon press international



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>