Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လယ်တီဆရာတော်ဘုရားကြီးရဲ့ ရှေးဟောင်းသမိုင်းဝင် သိမ်ကိုဖြိုချခံရ

$
0
0

ကြေးနီထုတ်လုပ်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်ဦးနှင့်
တရုတ်ဝမ်ပေါင်ကုမ္ပဏီ ကြေးနီထုတ်လုပ်ရေးတာဝန်ခံ မစ္စတာ လောရှိယု တို့ကွတ်ကဲမှုဖြင့် ဧပြီ(၂၉)ရက်နေ့ည (၇း၂၀) အချိန်တွင်
စတင်ကာ မြေတူးစက်ကြီးများဖြင့် ဖျက်စီးခဲ့ကြောင်း သိရသည်။

လယ်တီသိမ်တော်နှင့်ပါက်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကျော်က”အခုလိုသမိုင်းဝင်အထွဋ်အမြတ်ထားတဲ့စေတီတော်ကို
မလုပ်သင့်ပါဘူး။ဗုဒ္ဓသာသနာက ဘုရင်မင်းမြတ်တောင် မလုပ်ပဲချန်လှပ်ထားခဲ့တယ်။ လုပ်သင့်လုပ်ထိုက်တာ မဟုတ်ဘူးလေ။ဒါကလည်း
လယ်တီဆရာတော်ဘုရားကြီးကလည်း သာသနာပြုခဲ့တဲ့အနေနဲ့ ထားရှိခဲ့တယ်။ထေရဝါဒသာသနာကို ကမ္ဘာမှာ ထိပ်ဆုံးကထိန်းသိမ်း
နိုင်တဲ့နိုင်ငံဖြစ်ပါရက်နဲ့ အခုလိုပြုမူတာမကောင်းဘူးပေါ့။ဒါကိုလူနဲ့ ဘုရင်မင်းမြတ်တွေက ထိမ်းသိမ်းဖို့လိုပါတယ်”ဟုပြောပြခဲ့သည်။

လယ်တီသိမ်တော်နှင့်ပါက်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၈)၊ပုဒ်မ(၃၆၃)အရ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော
ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်နှင့် ပုဒ်မ(၃၉၀) (က)အရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း
စောင့်ရှောက်ခြင်းဟုဆိုသော ဥပဒေများကို မလိုက်နာသည့်အပြင် လက်ပံတောင်းတောင်အစီရင်ခံစာအတိုင်း မလိုက်နာတာတွေလည်းရှိနေတယ်ဟု ဒေသခံတွေကပြောပြခဲ့သည်။(မြန်မာ့ခောတ်)

သာသနာ ကို မြတ်နိုးသူများ လယ်တီသိမ်နှင့်သာသနိက အဆောက်အဦး များကိုမြတ်နိုးသူများ အဆင်သင့်ပြင်ထားပေးကြပါ။နိုင်ငံနှင့်လူထုကို အကျိုးမပြုသော ဝိသမ လောဘဇောတိုက် တရုတ်ကုမ္ပဏီဝမ်ပေါင်နှင့်စစ်တပ်၏ကျောထောက်နောက်ခံဦးပိုင်ကုမ္ပဏီတို့ကြောင့် ကျုပ်တို့ဗုဒ္ဓဘာသာ၏အထွဋ်အမြတ်ဆရာတော်ဘုရားကြီး၏သိမ်၊သာသနာ၏ အသက် လယ်တီသိမ်ကိုဖြိုချဖျက်စီးပစ်လိုက်သည်ကိုဝမ်းနည်စွာကြားသိရသည်။ထို့ကြောင့်လူထုကို အကျိုးမပြုသောစီမံကိန်း လုံးဝရပ်တန့်စေရန်နှင့် နောက်နောင်လူထုကိုပွင့်လင်းမြင်သာစွာချပြနိုင်ခြင်းမရှိသော စီမံကိန်းများကို လုံးဝရပ်တန့်စေရန်အတွက် လူထုအားဖြင့်တောင်းဆိုမည်ဖြစ်ပြီး၊သာသနာဖျက်အစိုးရကို လူထုအားဖြင့် အပြစ်ပေးအရေးယူရန် မကြာမီ လမ်းပေါ်ထွက်ကြမည်။

သာသနာကိုဖျက်စီးသောအစိုးရ ကျရှုံးရမည်။

ဒီမိုကရေစီခေတ်တွင်ပြည်သူသာလျှင်အရှင်သခင်ဖြစ်သည်။

ပြည်သူ့အကျိုးစီးပွားမကြည့်သောအစိုးရ ကျရှုံးရမည်။

ပြည့်သူဆန္ဒလစ်လျူရှုသောအစိုးရ ကျရှုံးရမည်။

မင်းဆိုးမင်းညစ်များကျရှုံးရမည်။
စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်,Ko Han Win Aung

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>