Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တပ်မတော် ဒုတပ်ရင်းမှူးရဲ့ဇနီး ဒီချုပ်ပါတီမှာပါဝင်

$
0
0
စစ်ကိုင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီး ကော်မတီရွေးချယ်ဖွဲ့စည်းခဲ့
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် လက်ရှိ တပ်မတော်မှာ ဒုတပ်ရင်းမှူး တာဝန်ထမ်းဆောင်နေသူ တယောက်ရဲ့ ဇနီးကို ရွေးချယ်ခဲ့ပါတယ်။

အမျိုးသမီးလုပ်ငန်းကော်မတီရဲ့ အတွင်းရေးမှူး အဖြစ် အရွေးချယ်ခံရတဲ့ ဒေါ်မြတ်သီရိဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထဲကို ပါတီပြည်လုံးကျွတ်ရွေးကောက်ပွဲဝင်မယ့် ၂၀၁၅ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲလမ်းစဉ်ထဲ စတင်ဝင်ရောက်တဲ့ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကတည်းက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုမြတ်ထက်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသမီးလုပ်ငန်းကော်မတီတွေကို မကြာခင်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဲသလိုဖွဲ့စည်းပြီး အမျိုးသမီးလုပ်ငန်းကော်မတီကို ရွေးချယ်ရာမှာ ရပ်ကွက်၊ ကျေးရွာအဆင့်ကစတင်ပြီး မဲပေးရွေးချယ်ခဲ့ပါတယ်။ ရပ်ကွက်၊ ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၅ ဦးကို မဲပေးရွေးချယ်ကြပါတယ်။ အဲဒီကိုယ်စားလှယ် ၅ ဦးထဲကနေမှ ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌကို ရွေးချယ်ပါတယ်။

ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးကော်မတီတွေကို အခြေခံပြီး မြို့နယ် အမျိုးသမီး ကော်မတီကို မဲပေးရွေးချယ်ဖွဲ့စည်းရာမှာ ဒေါ်မြတ်သီရိဟာ အတွင်းရေးမှူးအဖြစ် အရွေးခံခဲ့ရပါတယ်။

သူ့ကို မြို့နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး အဖြစ်ရွေးချယ်လိုက်တဲ့ အတွက် သူ့ရဲ့ ခင်ပွန်း ဒုတိယတပ်ရင်းမှူးကို တပ်မတော်အထက်အဆင့်တွေက ခေါ်ယူမေးမြန်းမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့ခင်ပွန်း ဗိုလ်မှူးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် လေးစားသူဖြစ်တယ်လို့ ဒီချုပ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါ်စုမြတ်ထက်က ပြောပါတယ်။

မြန်မာ့တပ်မတော်ဟာ တသွေးတသံတမိန့် စနစ်ရှိတဲ့ အတွက် တပ်မတော် ဗိုလ်မှူးတယောက်ရဲ့ ဇနီးက ဒီချုပ်ပါတီရဲ့ အမှုဆောင် တယောက်ဖြစ်လာတာကို အလွန်အံ့သြတယ်လို့ ဒီချုပ်ပါတီရဲ့ ဗဟို အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်မေဝင်းမြင့်က ဆိုပါတယ်။ သူ့ရဲ့ အတွေ့အကြုံအရ သူ့ဆွေမျိုးထဲက တပ်ဖက်ရာထူးရှိသူတွေတောင် သူ့အိမ် မလာရဲကြဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထဲမှာ တပ်မတော် အရာရှိ အငြိမ်းစားတွေ၊ တပ်မတော်အရာရှိတွေနဲ့ နီးစပ်သူ၊ ဆွေမျိုးတော်စပ်သူတွေ တော့ အများအပြားပါဝင်ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>