Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂူထဲမှာ ပျောက်ဆုံးနေတဲ့ကလေး ၁၃ယောက်တွေ့ရှိပုံ ကောက်နှုတ်ချက်နှင့် ကျက်သီးတွေတဖြန်းဖြန်းထမိတဲ့ သတင်းစာရှင်းလင်းပွဲ

$
0
0

Zawgyi
ထိုင်းနိုင်ငံက ဂူထဲမှာ ပျောက်ဆုံးနေတဲ့ကလေး ၁၂ ယောက်နဲ့ နည်းပြ ၁ ယောက် ပေါင်း ၁၃ယောက်စလုံးကို ဇွန်လ ၂ ရက်နေ့ ထိုင်းစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာရှာဖွေတွေ့ရှိသွားပြီဖြစ်ပါတယ်။

အစိုးရရဲ့ မဆုတ်မနစ်သော ကြိုးပမ်းမှုနဲ့ အတူအားတက်သရောပူးပေါင်းပါဝင်လာတဲ့နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်သားတွေကြောင့်အခုလိုရှာဖွေတွေ့ရှိသွားတာပဲဖြစ်ပါတယ်။ကလေးတွေကို ပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့သူတွေကတော့ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့အပတ် အစောပိုင်းကရောက်ရှိခဲ့တဲ့ ဗြိတိသျှရေငုတ်သမားရစ် (ခ်) စတန်တွန် (Rick Stanton) နဲ့ ဂျွန်ဗိုလန်သန် (John Volanthen) တို့ဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။

ရေငုတ်သမားနှစ်ဦးဟာ အချိန်အကြာကြီးနေမှ ကလေးတွေခိုအောင်းနေတဲ့နေရာကိုရောက်ရှိသွားတာဖြစ်ပါတယ်။ကလေးတွေကိုတွေ့တွေ့ချင်း ဓာတ်မီးနဲ့ထိုးရင်းကယ်ဆယ်ရေးသမားတွေက မင်းတို့အားလုံးဘယ်နှယောက်လဲလို့မေးလိုက်တော့ ကလေးတွေဆီက “၁၃ ယောက်” လို့ပြန်ဖြေပါတယ်။ကလေးတွေကသူတို့ကို ဘယ်အချိန်ဘယ်လိုလာကယ်မှာလဲလို့မေးတဲ့အချိန်မှာ ရေငုတ်သမားနှစ်ဦးက “ဒီနေ့တော့ မရသေးဘူး။ လောလောဆယ် ငါတို့နှစ်ဦးပဲ ဒီကိုရောက်သေးတယ်။ ငါတို့ ရေငုတ်လာရတာ။ ငါတို့အဖွဲ့တွေထပ်ရောက်လာလိမ့်မယ်။ တခြားလူတွေလည်းအများကြီးလာလိမ့်မယ်။ ငါတို့အဖွဲ့ဟာ ပထမဦးဆုံးပဲ” လို့ပြန်ဖြေပါတယ်။

ကလေးတွေက သူတို့ဆာလောင်နေကြောင်းပြောပြီး အစားအစာတောင်းတယ်လို့သိရပါတယ်။ အစာပြတ်နေတဲ့သူတွေကို ချက်ချင်းအစာမာမာ ကျွေးလို့မရပါဘူး။ကလေးတွေ အုပ်စုက ကျေးဇူးအရမ်းတင်ပါတယ်လို့ပြောပြီး ရေငုတ်သမားနှစ်ဦးကိုဘယ်ကလာတာလဲလို့မေးပါတယ်။ ရေငုတ်သမားနှစ်ဦးက “England. The UK.” လို့ပြန်ဖြေတော့ ကလေးတွေ အရမ်းအံ့သြသွားတယ်လို့ဆိုတယ်။

ဂူအပြင်ဘက်မှာတော့ မနေ့ညကရော ဒီကနေ့မနက်မှာပါ သတင်းစာရှင်းလင်းပွဲလုပ်နေပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကလေးတွေကိုရှာဖွေတွေ့ရှိပြီဖြစ်ကြောင်းနဲ့ ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်တွေကို ရှင်းပြနေပါတယ်။ အဲဒီအထဲမှာမှ ရင်ခုန်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပြောကြား ချက်ကတော့ “ကလေးတွေနဲ့တွေ့ရှိတဲ့အချိန်မှာ ဘယ်လိုယုံကြည်ချက်နဲ့ ဘယ်လိုအားမွေးပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို ကြံ့ကြံ့ခံပြီး စိတ်ဓာတ်မာမာနဲ့ ဒီလိုအနေအထားမျိုး ရှိအောင် ဘာလို့ စောင့်ဆိုင်းနေနိုင်တာလဲ” လို့မေးပါသတဲ့။ ကလေးတွေထဲက တစ်ယောက်က အခုလို ပြန်ဖြေပါတယ်။

“ကျွန်တော်တို့ ထိုင်းလူမျိုးတွေဟာ ကျွန်တော်တို့ထိုင်းလူမျိုးအချင်းချင်းကို ဘယ်တော့မှ ပစ်စလက်ခတ် စွန့်ပစ်ထားမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့အတွက်ကြောင့် တစ်ရက်မဟုတ် တစ်ရက် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကျွန်တော်တို့ဆီကို ရောက်လာမှာပါဆိုတဲ့ ကျွန်တော်တို့ နည်းပြရဲ့ ခိုင်မာတဲ့ ဒီနိုင်ငံရဲ့ အစိုးရကို ယုံကြည်အားကိုးတဲ့စိတ်အပြည့်နဲ့ပြောကြားထားပါတယ်” လို့ ပြန်လည်ရှင်းပြပါသတဲ့။

သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း “သူတို့အနေနဲ့ဘယ်နည်းနဲ့မဆို ကလေးတွေကို စွန့်ပစ်ထားမှာ မဟုတ်ပါဘူး။ ဒီကလေးတွေမှ မဟုတ်ပါဘူး။ ငါတို့ရဲ့ထိုင်းလူမျိုးမှန်သမျှ တစ်ယောက်ပဲဖြစ်ဖြစ်ဘယ်လိုအခက်အခဲနဲ့ပဲဖြစ်နေဖြစ်နေ စွန့်ပစ်ထားမှာမဟုတ်ပါဘူး” လို့ ပြောကြားပါတယ်။ ကျွန်တော်ဖြင့် နားထောင်ရင်း ကျက်သီးတွေတဖြန်းဖြန်းထမိပါတယ်။

၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ဂျပန်နိုင်ငံမှာ ကိုဘေး ငလျင်လှုပ်ခဲ့ပါတယ်။ လူပေါင်း ၆၄၃၄ ယောက်သေဆုံးခဲ့တယ်။ ၁၉၂၃ ခုနှစ်က လူပေါင်း တစ်သိန်းကျော်သေဆုံးခဲ့တဲ့ ငလျင်ပြီး ရင် ဂျပန်နိုင်ငံမှာ အကြီးမားဆုံး ငလျင်ဖြစ်ပါတယ်။ အဲဒီအချိန်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ကြေညာချက်ကို အခုအချိန်အထိ သတိရနေမိတယ်။”ဂျပန်နိုင်ငံမှာ တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ ဘယ်လိုနည်းလမ်းနဲ့ပဲရောက်နေတဲ့ထိုင်းလူမျိုးဖြစ်ပါစေ ထိုင်းလူမျိုးမှန်ရင် ထိုင်းသံရုံးက အစစအရာရာ အကူအညီပေးရမယ်” လို့ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

သူတို့တွေ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ပါးစပ်နဲ့ ချစ်မပြပါဘူး။ ပါးစပ်က တိုင်းပြည်နဲ့ လူမျိုးကိုချစ်တယ်ပြောပြီး လူထုကို မနှိပ်စက်ခဲ့ကြဘူး။ရှင်သန်အောင်ပေါင်းသင်ရေလောင်းပြုစုပျိုးထောင်ခဲ့တဲ့ ဒီမိုကရေစီစနစ်မှာလည်း အဂတိလိုက်စားမှုတွေ မကင်းပေမဲ့ ကျွန်တော်တို့ဆီက စစ်အာဏာရှင်လက်ထက်လို ပြည်သူကို နှိပ်စက်ပြီး ပြည်သူဆီက အဓမ္မလုယူခဲ့တာမျိုးတွေမရှိဘူး။
ဒါ့ကြောင့် ထိုင်းနိုင်ငံမှာစစ်အာဏာသိမ်းသည့်တိုင်ထိုင်းပြည်သူတွေက ထိုင်းစစ်တပ်ကို ခါးခါးသည်းသည်း မုန်းတာမျိုးမရှိဘူး။ စစ်တပ်ကလည်း ဒီတစ်ခေါက်ကလွဲလို့ နိုင်ငံတော်အာဏာကို ပြည်သူ့လက်ထဲ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာချည်းပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ဒီမိုကရေစီအစိုးရလက်ထက်ဖြစ်ဖြစ် အာဏာသိမ်းစစ်အစိုးရလက်ထက်ပဲဖြစ်ဖြစ် ထိုင်းအစိုးရမှန်သမျှ ထိုင်းပြည်သူတွေကို ဘယ်တော့မှ နှိပ်စက်ညှင်းပန်းတာမျိုးမရှိသလို ဘယ်တော့မှ ပစ်ထားတာမျိုးမရှိဘူး။

ဝံသာနုရက္ခိတတရားကို ပါးစပ်နဲ့မပြောဘဲလက်တွေ့ အကောင်အထည်ဖော်တဲ့အစိုးရကိုပြပါဆိုရင် ထိုင်းအစိုးရကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။

အစိုးရနဲ့အပြိုင်လိုက်နိုင်တဲ့ ထိုင်းပြည်သူတွေရဲ့မျိုးချစ်စိတ်ထက်သန်မှု၊ စည်းကမ်းသေဝပ်မှု၊ ကိုယ့်အမျိုးဂုဏ်ကို ကိုယ် မှန်မှန်ကန်ကန်မြှင့်တင်နိုင်မှုတွေကိုလည်း မေ့ထားလို့မရပါဘူး။ကျွန်တော် ခဏခဏပြောနေတဲ့စကားကိုပဲထပ်ပြီးပြောပါဦးမယ်။ မယှဉ်ပါနဲ့။ နံ့သာဆီနဲ့အီးပါ။ ယှဉ်ချင်ရင် တစ်မျိုးသားလုံးစိတ်ဓာတ်တွေအရင်ပြင်ဖို့လိုပါတယ်။

အရင်ဦးဆုံးပြင်ရမှာက အစိုးရနဲ့ ကိုယ့်ကိုယ်ကိုယ်အမြဲကယ်တင်ရှင်ဆိုပြီး စစ်ဝါဒတွေ သက်ဝင်ယုံကြည်နေတဲ့ စစ်တပ်ပါ။

ပြီးတော့ စည်းကမ်းတကျနေထိုင်တတ်ဖို့လိုတဲ့ နိုင်ငံသားတွေပါ။
ရဲကျော်သူရ

http://www.lyhealthcare.com/archives/52922

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>