Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

"ဂူထဲမှ ဂုဏ်ယူစရာ မြန်မာပြည်ဖွား နှစ်ဦး"

$
0
0


-ဂူထဲပိတ်မိနေတဲ့ ၁၃ ဦးအနက် နည်းပြဖြစ်သူ "ခွန်အစ်ခ်" ဟာ မြန်မာလူမျိုး မိဘနှစ်ပါးကနေ မြန်မာပြည်မှာပဲ မွေးတာလို့ သိရပါတယ်။ ရှမ်းတိုင်းရင်းသား (ထိုင်းအခေါ် "ထိုင်းယိုင်") ဖြစ်ပါတယ်။

-ခွန်အစ်ကို ထိုင်းလင်မယားက မွေးစားထားပြီး.. သတင်းတွေမှာတော့ မွေးစားမိဘရဲ့ မျိုးရိုးနာမည်နဲ့ ဖော်ပြပါတယ်။

- အင်္ဂလိပ် ရေငုပ်သမား စ,တွေ့ခဲ့တဲ့ ၁၃ ဦးအနက်.. ခေါင်းဆောင် ခွန်အစ်ဟာ အင်အား အချိနဲ့ဆုံး ဖြစ်ပါတယ်။ မွေးနေ့ပွဲအတွက် ပါလာတဲ့ မုန့်တွေကို သူအနည်းဆုံး စားပြီး၊ ကလေးတွေကို ဦးစားပေး ကျွေးလို့ ဖြစ်ပါတယ်။

-အစ်ခ် ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကြောင့်..
"မူပါ အကယ်ဒမီ" ရဲ့ ၁၃ ဦးစလုံး ယခုလို အခြေအနေကို တွေ့ရတယ်လို့ ကောင်းချီးပေး ကြပါတယ်။
ခွန်အစ်ဟာ ရဟန်း ၄-၅ နှစ် ဝတ်ဖူးပြီး၊ အခုဂူထဲမှာလည်း ကလေးတွေကို မလှုပ်ရှားစေဘဲ တရားထိုင်ခိုင်း တယ်လို့ ဆိုပါတယ်။

- ကလေး ၁၂ ယောက်မှာတော့..
မိဘတွေ လာစောင့် နေတာမို့ အရမ်းပျော် နေကြပေမဲ့..
ခွန်အစ်ခ် အတွက်တော့.. အပြင်ရောက်တာနဲ့ သူ့အပေါ် ကျရောက်လာမယ့် ဖိအားတွေကို ဘယ်လိုရင်ဆိုင် ရမလဲ ! ဆိုတဲ့ခံစားမှုက သူ့မျက်နှာမှာ ပေါ်လွင်နေပါတယ်။

- လူမှုကွန်ယက်မှာ အခုကိစ္စ အတွက် ခေါင်းဆောင် ခွန်အစ်ခ် မှာ အပြည့်အဝ တာဝန်ရှိတဲ့ အကြောင်း..
အပြစ်ပေး အရေးယူ သင့်တဲ့အကြောင်း..
အလွန်အကျွံ ပြောဆို ရေးသားမှုများ မပြုလုပ်ကြရန်..
မီဒီယာတွေက တစ်ဆင့် မေတ္တာရပ်ခံ နေကြတာ တွေ့ရပါတယ်။
အခုလို အလွန်အကျွံ အပြစ်ပြောနေရင် ခွန်အစ်ကိုယ်တိုင် စိတ်ဒါဏ်ရာ ရပြီး မဖြစ်သင့်တာတွေ ဖြစ်တတ်တဲ့ အကြောင်း သတိပေး ပြောဆိုမှုလည်း တွေ့ရပါတယ်။

#နောန်_အဒူလ်

- ရေငုပ်သမားနဲ့ စ,တွေ့တွေ့ချင်း အင်္ဂလိပ် ရေငုပ်သမားကို..
"Thirteen" "Yeh Yeh" ဆိုပြီး.. အပြန်အလှန် စကားအော်ပြော နေတဲ့ ၁၄နှစ်သား ကလေးလေးကို မှတ်မိကြမယ် ထင်ပါတယ်။ သူ့နာမည်က
"အဒူလ် ဆန်းအောင်"
(အသံထွက် မှားနိုင်) ဖြစ်ပါတယ်။

- သူကလည်း မြန်မာပြည်ကနေ ထိုင်းမှာ ရွှေ့ပြောင်း အခြေချ နေထိုင်သူ လို့ ဆိုပါတယ်။
အဒူလ် ထိုင်း၊မြန်မာ၊အင်္ဂလိပ် စကားတွေ ပြောတတ်ပြီး ထူးချွန် ပါးနပ်သူပါ။ ထိုင်းတွေကတော့ အင်္ဂလိပ်ကြီးနဲ့ သွက်သွက်လက်လက် အပြန်အလှန် စကားပြော နေတဲ့ အဒူလ်ရဲ့ အသံကို အရမ်းချစ် နေကြပါတယ်။

(နယ်စပ်ကျောင်းတွေ မှာ တစ်ပတ် ၄ နာရီနှုန်းနဲ့ နိုင်ငံခြားဘာသာကို သင်ပေးထားတဲ့ အကျိုး ကျေးဇူးလို့ ပြောပါတယ်။)

သူ့နာမည်က အဒွန့်ဆမ်အွမ့်၊ အသက် ၁၄ နှစ်ဖြစ်ပြီး လက်ရှိ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ က Ban Vieng Phan ကျောင်းမှာ အလယ်တန်း ဒုတိယနှစ် ကို ရောက်ရှိ ပညာသင်ကြားနေပါတယ်။

မြန်မာနိုင်ငံ မိုင်းဆတ်မြို့ ကနေ ထိုင်းနိုင်ငံကိုသူ့ အသက် ၆ နှစ် အရွယ်မှာ New Hope Chruch အကူအညီ နဲ့ ရောက်ရှိ့ နေထိုင် လာခဲ တာပါ။။ အဒွန်ဟာ ကြိုးစားတဲ့  လူငယ်လေးဖြစ်ပါတယ်။ သူ့ရဲ့ကျောင်းစာရလာဒ်ကလည်း အလွန်ကောင်းတဲ့အထဲမှာ ပါပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာဘာသာရပ်မှာပါ။ နိုင်ငံခြားက အင်္ဂလိပ်လူမျိုးတွေနဲ့တွေ့ရင်လည်း အင်္ဂလိပ်လို ပြောဆိုဆက်ဆံတတ်တယ်။ အားကစားသမားကောင်းတစ်ယောက်လည်းဖြစ်တယ်။

ဘောလုံး၊ ဘော်လီဘောနဲ့ ပြေးခုန်ပစ်မှာ ပိုအားသန် တယ်။ သူက ခန္ဒာကိုယ်ကြံ့ခိုင်ကျန်းမာပြီး ဥာဏ်ကောင်းတဲ့ကလေး ဖြစ်ပါတယ်လို့  သူတက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းရဲ့ ကျောင်းစီမံခန့်ခွဲသူ နိုင်ပူနားဝဒ်က ဆိုပါတယ်။ အခုလည်း သူ အတန်းပိုင်ဆရာမနဲ့  အတန်းဖော်သူငယ်ချင်းတွေက သူ့ စာသင်ခန်းမှာ ပို့စကတ်တွေ ဓာတ်ပုံတွေချိတ်စွဲ အလှ ဆင်ကာ အဒွန့်ပြန်အလာကို ကြိုဆိုရန် ပြင်ဆင်စောင့်ဆိုင်းနေကြောင်းလည်း ပြောပါတယ်။

တစ်ချိန် တည်းဆို သလို ထိုလူငယ် လေးတွေ အင်္ဂလန်ရေငုပ်ကျွမ်းကျင်နှင့် အပြန်အလှန် စကားပြော နေတဲ့ ရုပ်သံ တစ်ခုဟာ အွန်လိုင်းမီဒီယာတွင် ပျံ့နှံ့သွား ခဲ ရာက လူတွေရဲ့  စိတ်ဝင်စား ခြင်းကို ခံနေခဲံ ရတာပဲ ဖြစ်ပါတယ်။ဂျပန်လူမျိုးအချို့ရဲ့ လူမှုကွန်ရက်က ချီးကျူး စကားတွေကိုလည်း ဖော်ပြထား တာ တွေ့ ရပါတယ်။

ကိုးကား။ ။Thai TV news
Ref: Ko Win_Htein / Popular

ZN.H

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>