Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရုတ်ပြည်ကို ကြွေးတင်မယ့်အရေး မြန်မာ သတိထားနေ

$
0
0
( ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် )Photo: Min Thein Aung/RFA
 မြန်မာအစိုးရအနေနဲ့ တရုတ်ပြည်အပေါ် အကြွေးတင်မှုတတ်နိုင်သမျှ နည်းပါးစေရေးအတွက် သတိထား လုပ်ကိုင်နေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက Nikkei ဂျပန် နစ်ကေးသတင်းဌာနကို ပြောကြားလိုက်ပါတယ်။

မိမိတို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာတွေကို သင်္ခန်းစာယူ လေ့လာခဲ့ရာမှာ ရင်းနှီးမြှုပ်နှံမှု လွန်ကဲများပြားလွန်းရင် ဒုက္ခရောက်တတ်တာကို သတိထားမိပါတယ်၊ ဒါကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အထူးစီးပွားရေးဇုံစီမံကိန်း ပမာဏကို တတ်နိုင်သမျှ လျှော့ချမှာဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးဝင်း က နစ်ကေးသတင်းဌာနနဲ့ အင်္ဂါနေ့က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ပြုရာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကျောက်ဖြူစီးပွားရေးစီမံကိန်းမှာ ရေနက်ဆိပ်ကမ်းနဲ့အတူ ဟက်တာ ၁ဝဝဝ ရှိတဲ့ စီးပွားရေးဇုန် တည်ဆောက်ရေးလည်း ပါဝင်ပြီး ကုန်ကျငွေအဖြစ် ဒေါ်လာ ၁ဝ ဘီလီယံခန့် ကနဦး လျှာထားပါတယ်။ ဒါပေမဲ့ သီရီလင်္ကာနိုင်ငံမှာ အလားတူတည်ဆောက်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ကြွေးမဆပ်နိုင်တဲ့အတွက် သီရီလင်္ကာအစိုးရက တရုတ်ကုမ္ပဏီလက်ထဲ ဆိပ်ကမ်းအုပ်ချုပ်ခွင့် ထိုးအပ်လိုက်ရတဲ့ သာဓကကို မြန်မာက သင်ခန်းစာယူခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီး ဦးစိုးဝင်း က အခု ကျောက်ဖြူစီမံကိန်းကနေ ဝင်ငွေခွန် အလုံအလောက်ရရှိဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီလို ရရှိမှပဲ အဆုံးတနေ့မှာ အကြွေးအားလုံးကို မိမိတို့နိုင်ငံက ပြန်ဆပ်နိုင်မှာဖြစ်တယ်၊ ဒါကြောင့် မလိုအပ်တဲ့ အသုံးစရိတ်အားလုံးကို ဖြတ်တောက်ပြီး စီမံကိန်းကို တတ်နိုင်သမျှလျှော့ချမယ်လို့ ပြောပါတယ်။ စုစုပေါင်း ဘယ်လောက်ကုန်ကျဖို့ ဆုံးဖြတ်မလဲ ဆိုတာကိုတော့ ညှိနိုင်းနေရတဲ့ကိစ္စဖြစ်လို့ အတိအကျ မပြောနိုင်သေးဘူးလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝ၁၇ နှစ်ကုန်မှာ နိုင်ငံခြားကြွေးမြီ ဒေါ်လာ သန်းပေါင်း ၉၆ဝဝ ရှိတဲ့အနက် ၄ဝ%က တရုတ်ပြည်ကို ပေးဆပ်ရမယ့်အကြွေးဖြစ်ပါတယ်။ တိုင်းပြည်တခုတည်းကို နိုင်ငံခြားကြွေးမြီစုစုပေါင်းရဲ့ ၄ဝ% တင်ရှိနေတယ်ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူးလို့လည်း ဝန်ကြီး ဦးစိုးဝင်း က ပြောကြားခဲ့တယ်လို့ ဇူလိုင် ၄ ရက်နေ့ မနေ့က ထုတ်ပြန်တဲ့ နစ်ကေးသတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>