![]() |
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် လိုင်ရှည်ပြင်ကျေးရွာအနီးက လှေတစ်စီးပေါ်မှာ WY စိတ်ကြွဆေးပြားတွေကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိစဉ်/ ဓါတ်ပုံ - ရဲဇာနည် -ဖေ့စ်ဘွတ် |
လိုင်ရှည်ပြင်ကျေးရွာကိုဝင်တဲ့ ချောင်းကွေ့စပ်အနီးက လမုတောမှာ မနေ့က လူမပါဘဲ ဆိုက်ကပ်ထားတဲ့လှေ တစ်စီးကို မသင်္ကာတဲ့အတွက်စစ်ဆေးရာမှာ အဝါရောင်ပီနံအိတ်နဲ့ထုပ်ပိုးထားတဲ့ WY စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တာလို့ ဒေသခံရဲအရာရှိတွေက ပြောပါတယ်။
အဲဒီစိတ်ကြွဆေးပြားတွေရဲ့ ကာလတန်ဖိုးဟာ ငွေကျပ် သန်း ၃ဝဝဝ ကျော်တန်ဖိုးရှိပြီး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့တာလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီ၂ဝ၁၈ ခုနှစ်အတွင်း ဇွန်လ ၂၅ ရက်နေ့အထိ WY စိတ်ကြွဆေးပြားပေါင်း ၃ သန်းကျော် ဖမ်းဆီးရမိခဲ့ပြီး မနေ့က သိမ်းဆည်းရမိတာဟာ အခုနှစ်အတွင်း ပမာဏ အများဆုံးအရေအတွက်ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေဟာ ကုန်းလမ်း၊ ရေလမ်းကြောင်းတွေကတဆင့် ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်လာကြ တာဖြစ်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဦးတည်သွားရောက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောဆိုထားပါတယ်။
RFA Burmese
https://www.rfa.org/burmese