Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပိတ်မိနေတဲ့ ထိုင်းကျောင်းသားတွေ ကယ်ထုတ်ရေး နည်းလမ်းစုံ ရှာဖွေဆဲ

$
0
0
ထိုင်းနိုင်ငံက လှိုဏ်ဂူတခုထဲမှာ ပိတ်မိနေတဲ့ လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ နည်းပြဆရာတို့ကို ကယ်ဆယ်ရာမှာ မနက်ဖြန်ကစလို့ မိုးရွာနိုင်ကြောင်း ခန့်မှန်းထားတဲ့အတွက် ရေတက်လာမှာကို စိုးရိမ်နေရပါတယ်။ ရာသီဥတုက စိုးရိမ်စရာ အကောင်းဆုံး ကိစ္စတခု ဖြစ်နေရကြောင်းနဲ့ မိုးကြီးလာခဲ့မယ်ဆိုရင် အချိန်ဘယ်လောက် ရနိုင်မလဲဆိုတာ တွက်နေရတဲ့အကြောင်း ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး Narongsak Osotthanakorn က ဒီနေ့ပဲ ပြောဆိုလိုက်တာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်း Tham Luang လှိုဏ်ဂူထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ နောက်ထပ် နည်းလမ်းတွေကိုလည်း ကယ်ဆယ်ရေးဝန်ထမ်းတွေ ပူးပေါင်းရှာဖွေနေကြပါတယ်။ ရေဆက်တက်နေတဲ့ လှိုဏ်ဂူထဲမှာတော့ အဆက်မပြတ် ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေရာမှာ တနာရီကို ၁ စင်တီမီတာနှုန်းနဲ့ ရေပြန်ကျနေပါတယ်။ အရေးပေါ် အခြေအနေ ကြုံရနိုင်တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကစပြီး လှိုဏ်ဂူထဲမှာ ပိတ်မိနေသူတွေကို ခပ်စောစော ကယ်ထုတ်နိုင်လောက်အောင် ကျန်းမာရေးအခြေအနေ ကောင်းမကောင်း ဆိုတာကိုလည်း ထိုင်းရေတပ် အထူးတပ်ဖွဲ့က ရေငုပ်သမားတွေနဲ့ ဆေးဝန်ထမ်းတွေ လေ့လာစစ်ဆေးနေပါတယ်။

ပိတ်မိနေသူတွေ အန္တရာယ်ဖြစ်စေမယ့် ကယ်ဆယ်မှုမျိုး လုပ်မှာမဟုတ်ကြောင်း မနေ့တုန်းက ပြောထားပေမဲ့ လတ်တလော အခြေအနေကြောင့် အပြောင်းအလဲဖြစ်နိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ကယ်ဆယ်ဖို့ ဖြစ်နိုင်ချေ နည်းလမ်းတခုကတော့ ရှေ့လာမယ့် ၄ လအကြာ မိုးရာသီကုန်ဆုံးပြီး ရေပြန်ကျမယ့် အချိန်အထိ လှိုဏ်ဂူထဲက လက်ရှိနေရာမှာပဲ စောင့်နေကြဖို့ ဖြစ်ပါတယ်။

ပိတ်မိနေသူတွေနဲ့အတူ လတ်တလောမှာ လှိုဏ်ဂူထဲမှာ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်တွေနဲ့ ဆေးဝန်ထမ်းတွေ ရှိနေကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ လှိုဏ်ဂူထဲမှာ အရေးပေါ် ကယ်ဆင်ရေး အကူအညီ ပေးနေတဲ့ ရေငုပ်အဖွဲ့နဲ့ ဆက်သွယ်ရ ခက်ခဲတာမျိုးတွေလို အဟန့်အတားတွေကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ရေး အစီအစဉ်တွေ ကြန့်ကြာနေရကြောင်းလည်း ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Viewing all articles
Browse latest Browse all 32865

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ချစ်စရာ့ မြန်မာ့ဓလေ့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


TTA Oreo Gapp Installer


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


တာနောယက္ခ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>