Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်

$
0
0
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေ ၂၀၁၈ ဇွန်လ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းစဉ် Photo: Thant Zin Oo/RFA
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်ဒေသတွေမှာ တိုင်းရင်းသားပါတီတွေကို ဦးစားပေးတဲ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘဲ ကျန်တဲ့လစ်လပ်မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာအရေအတွက် အတိအကျကို ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမယ့်ရက်မှာ ကြေညာသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်ထွန်းဦး ကပြောပါတယ်။

"လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကိုတော့ နေရာတော်တော်များများ ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်ဗျ။ နေရာရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ် ယှဉ်တွဲပြီးတော့ မကြာခင်ရက်ပိုင်းမှာ ကျနော်တို့ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်ဗျ။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရပ်တည်ချက်၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုနဲ့ ဒေသခံတွေက ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းချက်တွေအပေါ်မှာ ချိန်ညှိပြီး အချိန်ယူဆုံးဖြတ်ခဲ့ရတာကြောင့် ကြန့်ကြာမှုတွေရှိခဲ့တာလို့ ပြောပါတယ်။

လက်ရှိမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်နေပြီး ဒေသခံတွေက ထောက်ခံသူတွေကို ဦးစားပေးရွေးချယ်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး NLD ပါတီက နေရာအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောထားပါတယ်။

RFA Burmese
https://www.rfa.org/burmese

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>