Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တပ်မတော်အရာရှိဇနီးက NLDပါတီမှာ မြို့နယ်အဆင့် တာဝန်ထမ်းတဲ့အပေါ် ဝေဖန်နေ

$
0
0
စစ်ကိုင်းတိုင်း NLD စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈ ဇူလိုင် ၆ ရက်နေ့ကပြုလုပ်ခဲ့စဉ်/ Photo: Khaymani Win/RFA
တပ်မတော်အရာရှိ ဗိုလ်မှူးတဦးရဲ့ ဇနီးဖြစ်သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှာမြို့နယ် အမျိုးသမီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့အတွက် NLD ပါတီဝင် တချို့က ဝေဖန်နေကြတဲ့ အပေါ် ကာယကံရှင်နဲ့ မြို့နယ်ပါတီတာဝန်ရှိသူတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းမြို့၊ အောင်ထူးခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကိုင်းတိုင်း NLD ပါတီ စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးဘာဘာက ဝေဖန်မှုတွေခံနေရတဲ့ ဒေါ်မြတ်သီရီနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဒေါ်မြတ်သိရီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗဟိုကော်မတီဝင်ဖြစ်တဲ့ ဒေါ်မေက အောက်ခြေက ဘယ်လိုလုပ်လာတယ်မသိဘူး။ ဗိုလ်မှူးကတော်ပါလာတယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်းအနေနဲ့ သည်ပုဂ္ဂိုလ်၊သည်အမျိုးသမီးက ပါတီအတွက် ဘယ်နေရာကဆောင်ရွက်ပြီးတော့ ဘယ်လို ဝင်လာတယ်ဆိုတာကို ရှင်းလင်းတာပါ။ ဒေါ်မြတ်သိရီက ၂၀၁၅ ခုနှစ်ကစတင်ပြီး ပါတီဝင်ဖြစ်ခဲ့တာပါ"

ဒါ့အပြင် ဒေါ်မြတ်သီရိကို သင့်တော်တဲ့သူဖြစ်တဲ့အတွက် ပါတီက ရွေးချယ်ခဲ့တာလို့ စည်းကမ်းထိန်းသိမ်းရေးကော် မတီဥက္ကဋ္ဌ ဦးဘာဘာ က ပြောပါတယ်။

ဗိုလ်မှူးတစ်ဦးရဲ့ ဇနီးဖြစ်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အဖြစ်သာမက အမျိုးသမီးလုပ်ငန်းကော် မတီ အတွင်းရေးမှူးတာဝန်ကိုပါ ယူထားတယ်ဆိုတဲ့အပေါ် ဝေဖန်မှုတွေရှိပေမဲ့ စစ်ကိုင်းမြို့ ဒေသခံ တချို့ကတော့ ကြိုဆိုကြတယ်လို့ ပြောပါတယ်။

ဒေါ်မြတ်သီရီဟာ စစ်ကိုင်းမြို့ခံသူတစ်ဦးဖြစ်ပြီး စိန်ကုန်းရပ်ကွက်ရဲ့ ရပ်ကျေးအလုပ်အမှုဆောင်၊ အမျိုးသမီးကော် မတီဥက္ကဋ္ဌနဲ့ စစ်ကိုင်းမြို့ အမျိုးသမီးလုပ်ငန်းကော်မတီ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>