Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မက္ကဆီကိုနိုင်ငံ ရှိ မီးရှူးမီးပန်းစက်ရုံ တစ်ခုပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၄ ဦးသေဆုံး

$
0
0

    မက္ကဆီကို စီးတီး ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

    မက္ကဆီကို နိုင်ငံ အလယ်ပိုင်း ရှိ Tultepec မြို့တွင် ဇူလိုင်လ ၅ ရက် ၌ မီးရှူးမီးပန်း စက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်ထိ လူပေါင်း အနည်းဆုံး ၂၄ ဦး သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပေါက်ကွဲမှု သည် ဇူလိုင်လ ၅ ရက် နံနက် ၉ နာရီ ခန့်တွင် ဖြစ်ပွား ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အဦ များစွာ ပျက်စီး ခဲ့ရကြောင်း ၊ ဒဏ်ရာရရှိသူ မှာ ပတ်ဝန်းကျင်ရှိ ပြည်သူလူထု ၊ ရဲတပ်ဖွဲ့ဝင် နှင့် မီးသတ်တပ်ဖွဲ့ များ ဖြစ်ကြကြောင်း ၊ ပေါက်ကွဲမှု စတင် ဖြစ်ပွား ပြီးနောက် ရာနှင့်ချီသော ပြည်သူလူထု နှင့် ကယ်ဆယ်ရေး အဖွဲ့ဝင် တို့က ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်စဉ် ပေါက်ကွဲမှု ထပ်မံ ဖြစ်သွား သဖြင့် လူပေါင်းများစွာ သေဆုံး ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း ဖြစ်စဉ် အား ကြုံတွေ့ခဲ့ရသူ ၏ ပြောကြားချက်အရ သိရှိရသည်။

လက်ရှိတွင် လုံခြုံရေး ဝန်ထမ်းမျာစွာ က အခင်းဖြစ်ပွားရာ နေရာ တွင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်နေသေးကြောင်း သိရှိရသည်။

မက္ကဆီကို နိုင်ငံ တွင် မြို့များစွာ ၌ မီးရှူးမီးပန် ထုတ်လုပ်သည့် စက်ရုံများစွာ တည်ရှိပြီး ထုတ်လုပ်မှု နှင့် သိုလှောင်မှု ပတ်ဝန်းကျင် မကောင်းမွန်ခြင်းကြောင့် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွား လေ့ရှိသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လတွင် မက္ကဆီကို နိုင်ငံ Tultepec မြို့ ရှိ မီးရှူးမီးပန်း ရောင်းချသည့် ဈေး ၌ ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>