Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ.ချုပ် ( ဗ.က.သ ) ဥက္ကဌ ရဲဘော်ကျော်ကိုကို၏ ပြည်သူသို့ ပန်ကြားချက်

$
0
0
ရဲဘော်ကောင်းထက်ကျော် ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်ဟာ လုံးဝ တရားလက်လွတ်လုပ်တတ်တဲ့ စစ်အာဏာရှင်စရိုက်ကို ဖော်ပြတာပဲဖြစ်တယ်။ဝါးရမ်းမပါဘဲ ဖမ်းချင်လို့ဖမ်းတယ်ဆိုတဲ့ ရဲမှုးတစ်ယောက်ရဲ့စကားဟာ ဖက်ဆစ်ဆန်လွန်းနေတယ်။

ဖမ်းရမယ့်လူစာရင်းလို့ ဗလာစာအုပ်ပေါ်မှာ ရေးယူလာတဲ့ SB ကိုရော ဘယ်သူက
စေခိုင်းအမိန့်ပေးတာလဲ။ပဲခူးတိုင်းအစိုးရကလား ၊ ကက်ဘိနက်ဝန်ကြီးတွေကလား
ကာ/လုံကောင်စီကလား ၊ တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင်ပဲလား ။

သာမန်ကျောင်းသားတစ်ယောက်ကို လက်နက်နဲ့ အကြမ်းဖက်ဖို့ စစ်အုပ်စုတစ်ခုလုံး တသဘောတည်းညီနေကြပါတယ်။ဒီကနေ့တိုင်းပြည်မှာ ဒီမိုကရေစီ
အတုအယောင်၊ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင်၊ပြည်ထောင်စု အတုအယောင်နဲ့ ပြည်သူတွေကို လှည့်စားနေတယ်ဆိုတာ ကျွန်တော်တို့ ဗကသများ
အဖွဲ့ချုပ်က အထပ်ထပ်သတိပေးပေါင်းမနည်းတော့ပါဘူး။ကျွန်တော်တို့ သတိပေးချက်ကို ပြည်သူက ကွက်ကွက်ကွင်းကွင်းသိအောင် ဒီကနေ့ ရဲဘော် ကောင်းထက်ကျော်က သွေးအထွက်ခံပြီး၊ခေါင်းအအက်ခံပြီး
တပ်လှန့်လှုပ်နိုးလိုက်ပါပြီ။

ပြည်သူနဲ့ ကျောင်းသားရဲဘော်အပေါင်းတို့ နိုးနိုးကြားကြားရှိနေကြပါ။စစ်ဘီလူးတွေ
အစွယ်ကို တတောင်မကပြသလိုက်ပါပြီ။ဒီနေ့အထိ မှိုင်းထဲမိပြီး" သမ္မတကြီးက သဘောကောင်းပါတယ်"ဆိုတဲ့ အပြောမျိုးကို သင်တို့ လိုက်မပြောကြပါနဲ့တော့။
ပြောချင်သူတွေ ပြောကြပါစေ။သူတို့ကို သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

စစ်တပ်နဲ့ခရိုနီ ပေါင်းပြီးသိမ်းထားတဲ့ လယ်မြေအရေးဆောင်ရွက်တဲ့အတွက် ရဲဘော်ကောင်းထက်ကျော်အရိုက်အနှက်ခံရတာပဲဖြစ်တယ်။စည်းကမ်းကောင်းတဲ့၊
စိတ်ဓာတ်ကောင်းတဲ့၊စွမ်းရည်ကောင်းတဲ့ တပ်မတော်ကြီးဆိုတာ ၁၉၄၈ကတည်းက
ဗမာပြည်မှာ မရှိတော့ပါဘူး။ဗိုလ်ချုပ်နဲ့အတူကျဆုံးသွားခဲ့ပါပြီ။
တလက်စတည်းပြောရပါလိမ့်မယ်။ဖောက်ပြန်နေတဲ့ စစ်အုပ်စုဟာ ဒီထက်မကတဲ့
အပြစ်တွေကို မကြာခင်ထပ်မံကျူးလွန်ပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ သွေးစည်းညီညွတ်မှုနဲ့ ဒီတိုက်ပွဲကို ဖြတ်ရပါလိမ့်မယ်။
ရဲဘော်မ ဒေါ်ညို၊ရဲဘော်ပေါက်စတို့ အတွက် အဆုံးသတ်တိုက်ပွဲကို ဆက်ဆင်နွှဲရပါမယ်။
ရဲဘော်ကောင်းထက်ကျော်ကို ဆက်လက်ဝန်းရံရပါမယ်။သူ့ရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ စံနမူနာယူရပါမယ်။တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါ။
အရေးတော်ပုံအောင်ပါစေ။

ရဲဘော်ကျော်ကိုကို
ဥက္ကဌ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ.ချုပ် ( ဗ.က.သ )

သဲကုန်းမြို့ နယ် အောင်ကုန်းရွာ ရာဘာဒုတ် နဲ့ အ ရိုက်ခံခဲ့ရတဲ့
ဗ က သ ရဲဘော် ကောင်းထက်ကျော်
===================================
သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာတွင် မတရားသိမ်းဆည်းခံ လယ်ယာမြေပြန်လည်ရရှိရေး အတွက် သပိတ်စခန်းဖွင့်တောင်းဆို
နေသော လယ်သမားများနှင့် လယ်သမားများကို ဝန်းရံ၍ အကူအညီပေးနေသော ကျောင်းသားများသည်ယနေ့ နေ့လယ်တွင် မိုးကောင်း
ဘုရား၌ သပိတ်စခန်းကိုဖြိုးခွဲခဲ့ရခြင်းနှင့်ပတ်သတ်၍ ကိုပေါက်စပြန်လည် လွတ်မြောက်ရေး၊ မတရားဖြိုခွဲခံရမှုကို အမှုမှန်
ပေါ်ပေါက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။

ယင်းသို့ဆုတောင်းနေစဉ် ခရိုနီလက်ကိုင်တုတ်ရဲများ သည် ယနေ့နေ့လယ်၁၁နာရီ၌ အင်အားသုံး အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခဲ့ကြောင်း။ လယ်သမားခေါင်းဆောင်တစ်ဦးနှင့်လာရောက်အကူအညီပေးနေသည့်တောင်ငူတက္ကသိုလ်မှ ကျောင်းသားဖြစ်သူ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် အား ဦးခေါင်းရိုက်ခံရကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း။ ထို့နောက် ရွာသားများမှ ပြန်လည်လုယူရာ တွင်ကိုကောင်းထက်ကျော်ကို ပြန်လည်ရရှိကြောင်းသိရပါသည်။

ယခုအခါတွင်ဘုန်းကြီးကျောင်းတွင် ခေါ်ဆောင်ထားပြီး ဆရာတော်ဦးဝါယမ သည် ရဲဆီမှသော့တောင်းကာ လက်ထိပ်ကိုဖွင့်ပေးခဲ့ပြီး ဆရာတော်၏ကျောင်း၌ ခေတ္တနေထိုင်ခွင့်ပေးခဲ့သည်။

ယခုလက်ရှိတွင် ယင်းဘုန်းကြီးကျောင်း ထဲသို ဝင်ရောက်မပြုသော်လည်း ရဲအင်အာအများအပြားဖြင့် ဆရာတော်ဦးဝါယမကျောင်းတိုက်ကို ဝိုင်းထားကြောင်းသိရှိရသည်။

Photo ... Aunglwin Soe

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>