(ပညာရှိ စကား)
ထိ ချ က် က ပြ င်း လှ ပါ တ ယ် ဘု ရား ။
ကဲ - ဆရာတော်ဘုရားကြီးရဲ့ ဒီစကား ဘယ်သူဘယ်လိုငြင်းချင်ကြသေးလဲဗျာ ၊
တစ်ပါတီအာဏာရှင်အောက်မှာဖွဲ့တဲ့ ဒီအဖွဲ့အစည်းက တဲ့ အာဏာရှင်အငွေ့အသက်လေးပါနေမယ်တဲ့ -
" လေး " ဆိုတဲ့ စကားလေးတောင် သူ့ခင်မြာ အားနာပါးနာနဲ့ သေသေချာချာ ထည့်ပေးထားရရှာသဗျာ ၊
အဖွဲ့အစည်းမှာ လုပ်နေတာတွေက တကယ့်သက်တော်ရှည်ကြီးတွေကိုးဗျ ၊
ကလိန်ကကျစ်နည်းပေါင်းစုံနဲ့ ရေငုံနှုတ်ပိတ် အသုံချခံဖြစ်နေကြရတာလေ ၊
နိုင်ငံမှာ အကြီးဆုံး သာသနာ့ အာဏာပိုင်အဖွဲ့အစည်း -
ဘုန်းကြီတွေကို သေနပ်နဲ့ပစ်တယ် - ဘာမှမပြောဘူး ၊
အရှင်လတ်လတ်မီးရှို့သတ်နေလည်း သူတို့မသိဘူး ၊
ကျောင်းတွေကနေ မောင်းထုတ်တယ် - တရားစွဲတယ် -ဘုန်းကြီးတွေဝရမ်းပြေးဖြစ်တယ် -
နဲနဲလေးဝင်ဟန့်ဖို့နေနေသာသာ သူတို့က ကြံရာပါ တရားလိုတောင်လုပ်ပေးသေးဗျာ ၊
နောက်ဆုံး အားမရတော့လို့နဲ့တူတယ် ကိုယ်တော်တိုင် ပီနန် ဆရာတော်ကြီးကျောင်းပါ ဓားမြတိုက်ပစ်တယ်ဗျာ - အေးရော
မျက်စိမှူန် နားလေးချက်ကတော့ ဦးသိန်းစိန်အဖွဲ့ရဲ့ လက်ရင်းတပည့်လားပဲ -
ဘုရားရင်ပြင်ပေါ်ကားနဲတက်လဲ - သူတို့မဆိုင်ဘူး ၊
ရင်ပြင်တော်ပေါ် ဖိနပ်တွေ စီးလဲ - S ဂရုတော်မစိုက်တော်မူဘူး ၊
လယ်တီသိမ်တော်တော့ မပြောတော့ပါဘူး ၊
အဲ့ဒါတွေ အဲ့ဒါတွေကို . . .
သီတဂူဆရာတော်ကြီးခင်ဗျာ အားနာပါးနာ တော်တော်ကို လျှော့ပြော ပေးရတဲ့ တိုင်အောင်တောင်မှ လို့ -
ပညာသားအင်မတန်ပါတဲ့ ဆရာတော်ကြီးရဲ့ မိန့်ကြားခဲ့ပုံလေးပြောပါတယ် ၊
ကျွန်တော်တို့ အခုလက်ရှိလူတွေအဖြစ်ကိုပါ တခါထဲတွဲပြီထောက်ပြသွားခဲ့တာများ ကွက်တိကို တန်းထိတာပါဗျာ ၊
စဉ်းစားကြည့် -
စစ်အာဏာရှင်တွေ လက်အောက်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့တဲ့ အဖွဲ့အစည်းမှန်သမျှ - အာဏာရှင်စနစ် စရိုက်တွေချည်းပဲ မဟုတ်ပါလားဗျာ ၊
နောက်တခါ -
စစ်အာဏာရှင်လက်အောက်မှာ စစ်အာဏာရှင်တွေသာ ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့ည်းပုံ - ဘယ်လိုပုံစံပဲထွက်မလဲ ¿¿¿¿¿
ကဲ -
သြော် . . . .
ပညာရှိစကားများ - . . . . . . . ။
ဒါရိုက်တာမိုက်တီး