“ ကျွန်မတို့က ရွေးကောက်ပွဲအောင်မြင်ရေးထက်၊ ဒီမိုကရေစီအောင်မြင်ရေးကို အဓိကထားနေတာပါ ။ ”မန္တလေးတိုင်း အောင်ပင်လယ်ကွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင်ရေး လူထုဟောပြောပွဲကို မေလ ၁၈ ရက် ယနေ့နံနက် ၈နာရီ စ၀ မိတနစ်ကကျင်းပရာ အထက်မြန်မာပြည်ရှိ ပြည်နယ်တိုင်းမှ ပြည်သူလူထုနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ၊မန္တလေးတိုင်းရှိပြည်သူလူထုနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ သုံးသိန်းကျော်တက်ရောက်ခဲ့ကြသည်။
“ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီလမ်းကြောင်းကို
သွားနေတယ်ဆိုတာ ပြည်သူကို မုသားပြောတာပဲလို့ ကျွန်မ
ယုံကြည်ပါတယ်။ ”
“ အသက် ၁၈ နှစ်မပြည့်သေးတဲ့ သူတွေကလဲလက်မှတ်ထိုးလို့မရပေမယ့် စာရေးလို့ရပါတယ်
ကျွန်တော်တို့ ကျွန်မတို့ဟာ ကျွန်တော်တို့ ကျွန်မတို့အနာဂါတ်အတွက်ဒီအခြေခံဥပဒေကို ပြင်ဆင်ပေးပါလို့
ကျွန်တော်တို့ ကျွန်မတို့က တောင်းဆိုပါတယ်လို့စာရေးပြီးတောင်းဆိုနိုင်ပါတယ် ။ ”
“ အခုလိုလူထုအစည်းအဝေးပွဲတွေလုပ်တော့ကျွန်မကို စွပ်စွဲကြတယ် ...။
ပြည်သူ့အားကိုးနဲ့လုပ်နေတာတဲ့ ...ကျွန်မကပြည်သူ့အားမကိုးလို့ ဘယ်သူ့အားကိုးရမှာလဲ...။
ကျွန်မမှာ အားကိုးစရာ ပိုက်ဆံလည်း မရှိဘူး၊
အားကိုးစရာ လက်နက်လည်း မရှိဘူး၊
အားကိုးစရာ ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိဘူး။ ”
- ဒေါ်အောင်ဆန်းစုကြည်
(အောင်ပင်လယ်ကွင်း၊ မန္တလေး (၉ နာရီ ၄၀ မိနစ်)
အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များလည်းတက်ရောက်ခဲ့ကြပြီး ပထမဦးဆုံး အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ပြင်ဆင်သင့်သည်များကိုဟောပြောပြီးနောက် လူထုခေါင်းဆောင်းဒေါအောင်ဆန်းစုကြည် နှင့် ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင် တို့မှ တက်ရောက်လာသောပြည်သူလူထုအား မိန့်ခွန်းဟောပြောခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုဟော်ပြောပွဲ လက်မှတ်ရေးမှုနှင့်ပါတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင်ရပ်နားခဲသည်။
National League for Democracy
“ အရိပ်ကိုလိုချင်ရင် နေပူက စောင့်ရသလို ငါတို့ ဒီလို
ကိုယ့်ကိုယ်ကို နေပူလှမ်းခံပြီးတော့ ငါတို့ရဲ့ သဘော
ထားတွေ ဖော်ထုတ်ပြသတယ်လို့ ကျွန်တော် ယုံကြည်
ပါတယ်။ ”
“ ကျွန်တော်တို့ လူထုဟာလိုအပ်ရင် စည်းကမ်းရှိမှုရော၊
အရည်အသွေး မြင့်မားမှုရော ပြနိုင်ပါတယ် ။ ”
“ ဘယ်နှစ်ရာခိုင်နှုန်း ထောက်ခံခဲ့တယ်လို့ ဘယ်လိုပဲ
မျက်စိမှိတ်ပြီးဆိုဆို ဒီကနေ့ အောင်ပင်လယ်ကွင်းထဲမှာ
လူထုကြီးက သက်သေပြလိုက်တာကတော့ သဘော
မတူဘူးလို့ ဆိုတယ်။”
“ ပြည်သူလိုလားရင် ဆက်လုပ် ပြည်သူမလိုလားရင်
ဘယ်စာအုပ်ဖြစ်ဖြစ် ဆွဲဆုတ်လို့ရပါပြီ။”
“ လက်ကမ်းရင် ကြိုပြီးသားပါ ဒီမိုကရေစီလက်စစ်စစ်ဖြစ်ဖို့
လိုပါတယ်။ ဒီမိုကရေစီလက်အိတ်စွပ်ထားလို့တော့
မရပါဘူး။ ”
- မင်းကိုနိုင်
(အောင်ပင်လယ်ကွင်း၊ မန္တလေး (၉ နာရီ ၁၄ မိနစ်)
လူထုဆက်ဆံရေးဌာန
( ၈၈မျိုးဆက်-ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)