Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေး စိတ်ပျက်ဖွယ်အဆင့်သို့ ရောက်နေဟုဆို

$
0
0
သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေး ပြောနေသော စကားမှာ ယခုချိန်ထိ ဘာမျှဖြစ်မလားသေးသည့် အတွက် အားမလိုအားမရ ဖြစ်ခြင်းများအပြင် စိတ်ပျက်ရသော အဆင့်သို့ ရောက်ရှိနေသည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောသည်။

“အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာကတော့ အစိုးရနဲ့ သက်ဆိုင်တဲ့ ၀န်ဆောင်မှုတွေ သုံးစွဲတဲ့ အခါကို ကြည့်လိုက်ရင် ယခင် စစ်အစိုးရ လက်ထက်နဲ့ ထူးမခြားဘဲ အခုချိန်ထိ ဟိုရုံးသွားလည်း ပိုက်ဆံပေးရတယ် ဒီရုံးသွားလည်း ပိုက်ဆံပေးရတယ် ရန်ကုန်မြို့ပေါ်က လမ်းတွေကို ကြည့်လိုက်ရင်လည်း လမ်းပိတ်ဆို့မှုတွေက မြင်မကောင်းဘူး။ အဲ့ဒါတွေ အားလုံးကို သုံးသပ်ပြီး ခြုံကြည့် လိုက်မယ်ဆိုရင် စစ်အစိုးရ လက်ထက်နဲ့ သမ္မတကြီးရဲ့ သုံးနှစ်ကျော် သက်တမ်းမှာ ဘာမှကွာခြားမှု မရှိသလို တွေ့ရပါတယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောခဲ့သည်။

၂၀၁၀ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် သမ္မတကြီး၏ လုပ်ပုံကိုင်ပုံ ပြောဆိုပုံများမှာ လက်ခံနိုင်သည့် ပမာဏရှိသည့် အတွက် ထောက်ခံခဲ့သည့် ပါတီများ ရှိခဲ့သော်လည်း ယခုအခါ သမ္မတကြီး၏ သုံးနှစ်ကျော် သက်တမ်းအား ပြန်လည်ကြည့်ပါက ယခုချိန်ထိ အဓိက ပြောင်းလဲမှုများ ဖြစ်သည့် တိုင်းပြည်၏ အောက်ခြေ ပြည်သူလူထု၏ ဘ၀မှာ စစ်အစိုးရ လက်ထက်မှ ဘ၀နှင့် ထူးမခြားနား ရှိနေကြောင်း တွေ့ရသည်ဟုလည်း ဦးသောင်းဝင်းမှ ဆက်၍ပြောခဲ့သည်။

“သမ္မတကြီးရဲ့ လှုပ်ရှားမှုတွေမှာ အားမရတာတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း သူ့လက်ထက်မှာ ပြုပြင် ပြောင်းလဲရေးတွေ ရှိလာတာကိုတော့ သတိပြုရမှာပေါ့လေ။ ပြီးတော့ သူလည်းလုပ်နိုင်တဲ့ အင်အား အတိုင်းတာ အလိုက် လုပ်ကိုင်နေတယ်လို့ မြင်ပါတယ်”ဟု နိုင်ငံရေး စောင့်ကြည့် လေ့လာသူ ဦးသက်နိုင်တိုးက ပြောပြခဲ့သည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် သမ္မတကြီးမှ အောက်ခြေခြစား ၀န်ထမ်းများအား မရှိအောင် ထပ်ဖန် တစ်လဲလဲ ပြောနေသော်လည်း အပြောရှိ၍ လက်တွေ့တွင် ဘာမျှဖြစ်မလာသည့် အတွက် ပြောင်းလဲမှုဆိုတာ သုံးနှစ်ကျော် ကာလအတွင်း ဘာမျှပြောင်းလဲခြင်း မရှိသဖြင့် သမ္မတကြီးအား အားမလိုအားမရ ဖြစ်နေရကြောင်း ဦးသောင်းဝင်းက ပြောခဲ့သည်။
Tomorrow news journal

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>