Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အဆိုတော်နှစ်ဦးအပါအဝင် သုံးဦးဆီက မူးယစ်ဆေးပြားတွေဖမ်းမိ

$
0
0

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း ၄၉လမ်းX၅၀လမ်းကြား မှာရှိတဲ့ နန်းထိုက်ပန် အအေးခန်းဧည့်ရိပ်မွန်မှာ သြဂုတ်၁၄ရက် ညနေ ၃နာရီ က အဆိုတော် ရသ ပါ သုံးဦးနဲ့ အတူ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။မူးယစ် သတင်းရရှိတဲ့အတွက် အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေး(တောင်ပိုင်း)က ရဲအုပ် လင်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင် တွေဟာ အသိသက်သေတွေနဲ့ အတူနန်းထိုက်ပန်အအေးခန်းဧည့်ရိပ်မွန် ကအခန်းအမှတ်(၂၀၅)အတွင်းဝင်ရောက်ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။


အခန်းအတွင်းမှာ ရဲမင်းသိန်း(ခ)ရသ (အဆိုတော်) ၊ မျိုးတင့် ၊ ခေမီ(ခ) မဗျာတားမီး (အဆိုတော်) တို့သုံးဦးကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေ ခဲ့ကြပါတယ်။ဒီလိုရှာဖွေရာမှာ အဝါရောင်နဲ့ အနီရောင်အအေးစုတ် ပိုက်တစ်ချောင်းစီမှာ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၃၀ ပြား ပါတဲ့ ပိုက်နှစ်ပိုက်၊ အနီရောင်ပိုက် အတွင်းမှာ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၆၅ ပြား စုစုပေါင်းဆေးပြား၉၅ ပြား နဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေတွေ့ရှိခဲ့တယ် လို့ သိရပါတယ်။ ထပ်မံပြီး အခန်းအတွင်းက အိမ်သာရေချိုးခန်းကို ရှာဖွေရာမှာ မှန်တင်ခုံပေါ်က အပြာရောင်ပလတ်စတစ်ကပ် ခွာအိတ် တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၁၅၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။

 ဒီလို စိတ်ကြွမူးယစ်ဆေးပြားတွေဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေရဲစခန်းက မူးယစ်(ပ)၁၁/၂၀၁၈ မူး/စိတ်ပုဒ်မ၁၉(က)/၂၁ နဲ့ ရဲမင်းသိန်း(ခ)ရသ မျိုးတင့်၊ခေမီ(ခ)မဗျာတားမီးတို့သုံးဦးကို ဖမ်းဆီးအမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - ခင်ကို(ကျောက်တံခါး)
One News Myanmar
https://www.facebook.com/onenewsmyan/

Viewing all articles
Browse latest Browse all 32865

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


"ပါမောက္ခဦးဖေမောင်တင် ဟောကြားခဲ့သော ဗုဒ္ဓ ဓမ္မ"


ဘုရင်နောင်မှ ဟံသာဝတီကို အပြီးအပြတ်သိမ်းခြင်း


Burmese to English Dictionary (Unicode)


သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ


တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့


ကျားဖြူပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တာချီလိတ်ခရိုင်အတွင်း (၁၀)ဦး...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဗျားတွေပြောတဲ့ စစ်ခွေး ၉/၁၁ မှာ အသက်ပေးသွားပြီ


ဗိုလ်ဇော်မျိုးထက်နှင့် တပ်မတော်သားအချို့ အကြမ်းဖက်သတ်ဖြတ်ခံရမှု ကေအိုင်အေထံ...


စနေမင်း နှင့် တနင်္ဂနွေမင်း


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သိကြားရှိခိုးခံ သူများ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


တာချီလိတ်မြို့ ဝှေလေလန်ကျေးရွာ၌ ဆေးဝါးအခမဲ့ ကုသပေးခြင်း နှင့်...


ရှမ်းပြည်နယ်အရှေ့ ပိုင်း ဖွံ့ ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ...


မင်းတုန်းမင်းလက်ထက် နန်းတွင်းဓလေ့


ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


တရုတ်နတ်သမီးဆယ်ယောက်

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>