မကွေးတိုင်း၊ မကွေးမြို့တွင် ဇွန်လ ၉ ရက်၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ မြသလွန်ဘုရားကြီးကွင်းတွင် ကျင်းပခွင့်ကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူတားမြစ်ခြင်းခံရသည်ဟု ကြားသိရပါသည်။လူထုဟောပြောပွဲကို အာဏာပိုင်တွေက ခွင့်ပြုချက်မပေးတဲ့အပြင် ပြင်ဆင်ထားတာတွေကိုပါ ဖျက်ပစ်မယ်လို့ ဇွန်လ ၇ရက်မှာ ခေါ်ယူပြောဆို သတိပေးလိုက်ပါတယ်။
သို့သော် အခမ်းအနားစီစဉ်ထားသူများက မူလစီစဉ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပဖြစ်ရန် ဆက်လက်ကြိုးစားသွားမည်ဟု ဆိုသည်။
သတင်းအသေးစိတ် မေးမြန်းနိုင်ရန် -
၁။ ကိုနေမျိုးကျော် (ဖုန်း) ၀၉ ၂၅၆၃ ၉၉၇၅၀
၂။ ကိုထွန်းဦးခိုင် (ဖုန်း) ၀၉ ၄၀၁၆ ၃၈၃၅၀
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဖို့ တနိုင်ငံလုံးအနှံ့ လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပြီး ဆိုင်ရာက ခွင့်ပြုချက်မပြုတဲ့အပြင် ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်တာ ဒါ ပထမဆုံးဖြစ်ပါတယ်
Dvb