Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလာပရဟိတခြေလှမ်းများ-ကျော်သူ

$
0
0
အသွင်ကူးပြောင်းသို့ စတင်ကြိုးစားနေတဲ့ ကျွန်တော်တို့နိုင်ငံကို နိုင်ငံတကာမှ စိတ်ဝင်တစားလာ ရောက်လေ့လာမှုများ၊ လည်ပတ်မှုများ၊ နိုင်ငံခြားသားခရီးသွားများ တိုးတက်လာနေပြီဖြစ်သည်။ ထို အချိန် တွင် ကျွန်တော်တို့နိုင်ငံ၏ အထင်ကရသမိုင်းဝင်နေရာများ၊ သမိုင်းဝင်မြို့များ၊ သမိုင်းဝင် အဆောက်အဦး များတွင် ရှေးဟောင်းသမိုင်းဝင် ကျောက်စာ ပေစာများ၊ ဘုရားပုထိုး အဆောက်အဦးများအား ထိန်းသိမ်း စောင့်ရှောက် ရမည်ဖြစ်သလို ထိုအရပ်ဒေသ ပတ်ဝန်းကျင်တို့တွင်လည်း စိမ်းလန်းစိုပြေမှုရှိရန် အမှိုက် သရိုက်များ ကင်းစင်မှုရှိရန် ကျွန်တော်တို့ နိုင်ငံသူ/သားအားလုံး၏ တာဝန်ပင်ဖြစ်သည်။

ကျွန်တော်သည် ပရဟိတလူမှုရေး ဟောပြောပွဲအား မန္တလေးတိုင်း မြစ်သားမြို့နယ်ဘက်သို့ သွား ရောက်ရမည်ဖြစ်၍ မန္တလေးမြို့ရှိ သမိုင်းဝင် မန္တလေးတောင်တော်နှင့် အမရပူရမြို့နယ်ရှိ သမိုင်းဝင် ဦးပိန် တံတားတို့တွင် စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသော အမှိုက်များအား စံပြအဖြစ်ကောက်ယူခြင်း၊ စနစ်တကျ အမှိုက်စွန့်ခြင်းတို့ကို အမှိုက်ကင်းစင် နယ်မြေအဖြစ် ပြုလုပ်နိုင်ရန် လှုံ့ဆော်မှုတစ်ခု ပြုလုပ်နိုင်ရန်အတွက် စဉ်းစားမိကာ မန္တလေးမြို့ရှိ ပရဟိတအသင်းအဖွဲ့များဖြင့် ဆက်သွယ်၍ အကောင်အထည်ဖော်ခဲ့တော့ သည်။ ထို့ကြောင့် ၆.၆.၂ဝ၁၄ ရက်နေ့နှင့် ၇.၆.၂ဝ၁၄ ရက်နေ့တို့တွင် ကျွန်တော်တို့ နာရေးကူညီမှု အ သင်း(ရန်ကုန်)ရှိ အသင်းသား/သူ (၂၅) ယောက်အပါအဝင် ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းဝင် များ၊ မန္တလေးမြို့ရှိ ပရဟိတအသင်းအဖွဲ့များ၊ အမရပူရရှိ အသင်းအဖွဲ့များ၊ စိမ်းရောင်စိုအဖွဲ့၊ ဧရာဝတီ (၅) မြို့နယ်ကထိန်တော်အသင်း၊ ပလိပ်၊ စဥ့်ကိုင်၊ တံတားဦးမြို့နယ်များရှိ အသင်းအဖွဲ့များနှင့် အနီးပတ်ဝန်း ကျင်ရှိ ရွာ (၁၅) ရွာမှ ပြည်သူလူထုများ စုစုပေါင်းဦးရေ (၃ဝဝ) ခန့်တို့နှင့် ပူးပေါင်းကာ စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသော၊ အမြင်မသင့်တော်သော အမှိုက်များအား လိုက်လံကောက်ယူ၍ ဒိုင်နာ Truck ကားကြီး ဖြင့် (၅) ခေါက်တိုက်၍ အမှိုက်စွန့်ပစ်ရမည့် သတ်မှတ်ထားသောနေရာတွင် သွားရောက်စနစ်တကျ စွန့်ပစ် မှုကို ပြုလုပ်ပေးနိုင်ခဲ့သည်။ ထူးခြားမှုတစ်ရပ်မှာ ယင်းဦးပိန်တံတားကွင်းပြင်တွင် ပရဟိတမောင်မယ်များ နှင့်အတူ မန္တလေးတိုင်း စည်ပင်သာယာမှ စည်ပင်ဝန်ထမ်းအချို့ လာရောက်ပူးပေါင်းကာ ပါဝင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ပြည်သူနှင့် အစိုးရဝန်ထမ်းများ၊ ပရဟိတသမားများ အတူတကွ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက ကျွန်တော်တို့နိုင်ငံတော်သစ် ထူထောင်သည့်နေရာတွင် လျှင်မြန်စွာ အကောင်အထည်ဖော် နိုင်မည်ဖြစ်သည်။ ဦးပိန်တံတား ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ဆောင်နေစဉ် မြန်မာပြည်အနှံ့သို့ တစ် ကိုယ်တော် စက်ဘီးစီး၍ HIV ဟောပြောပွဲများ လိုက်လံလုပ်ဆောင်ပေးနေသော HIV ဝေဒနာရှင် “Srako” (စရကို) နှင့်လည်း မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီးနောက် သူ၏ခြောက်လကျော် တိုင်းနှင့် ပြည်နယ်အနှံ့သို့ လှည့်လည်မောင်းနှင်လာသော စက်ဘီး၏ ချို့ယွင်းချက်များကို သိရှိခဲ့ကာ တောင်တက်စက်ဘီး(အသစ်) တစ်စီးအားလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ထပ်မံဝယ်ယူ ပံ့ပိုးကူညီပေးခဲ့သည်။ “Srako” (စရကို) မှလည်း သာမန်ကျန်းမာသန်စွမ်းသော သူတစ်ဦးပီပီ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကြုံကြိုက်၍ မိမိ တို့နှင့်အတူ အမှိုက်ကောက်ကုသိုလ်ယူခဲ့သေးသည်။

၇.၆.၂ဝ၁၄ ရက်နေ့ နံနက် (၈း၃ဝ) နာရီအချိန်တွင် မန္တလေးတောင်တော်သို့ ကျွန်တော်တို့ သွား ရောက်၍ မန္တလေးမြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ခြင်္သေ့ကြီးနှစ်ကောင်မုခ်ဦးမှ တစ်ဖွဲ့၊ တောင်တက်စင်္ကြန်လမ်းမှ တစ်ဖွဲ့၊ (၂) ဖွဲ့ခွဲ၍ အမှိုက်များအား တက်ကြွစွာ ကောက်ယူခဲ့ပါသေးသည်။ ထိုကဲ့သို့ အမှိုက်ကောက်သည့် ပရဟိတမောင်မယ်များအား မန္တလေးမြို့ပေါ်ရှိ ဦးထွန်းဦး (နဂါးစာပေ)၊ စိမ်း ရောင်စိုအဖွဲ့ အလှူရှင်များနှင့် နှင်းသောက်ရေသန့် (ဦးပြည့်စုံ မိသားစု) တို့မှ မန္တလေး-နန်းကြီးသုပ်ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ရေသန့်ဘူးများ လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါသေးသည်။

ကျွန်တော်သည် ၆.၆.၂ဝ၁၄ ရက်နေ့နှင့် ၇.၆.၂ဝ၁၄ ရက်နေ့ နံနက်ပိုင်းများတွင် အမှိုက်ကောက် ခြင်းကိစ္စရပ်များအား လှုံ့ဆော်ပေးခဲ့ပြီး ညနေပိုင်းတွင် မြစ်သားမြို့နယ်ရှိ ဒါန်းတိုင်ကျေးရွာနှင့် ရွာခိုင်ကြီး ရွာများတွင် သွားရောက်၍ ရွာခံ၊ မြို့ခံ၊ ပြည်သူလူထုတို့၏ တောင်းဆိုချက်အရ ပရဟိတဟောပြောပွဲများ ကို ကျွန်တော်နှင့်အတူ ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ဦးညီညီအောင်တို့ ဟော ပြောပေးခဲ့ပြီး ည (၁းဝဝ) နာရီအချိန်ခန့်မှ တည်းခိုရာ မန္တလေးမြို့ရှိ ရွှေအုပ်ရွှေဆိုင်းနေအိမ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ထို့အပြင် ၇.၆.၂ဝ၁၄ ရက်နေ့ နေ့လည် (၃းဝဝ) နာရီခန့်တွင် ရွာဝေရွာရှိ “ရွာဝေရွာ” အခမဲ့ပညာဒါန စာသင်ကျောင်းမှ ပရဟိတကျောင်းဆရာမ ဒေါ်ဇာဇာထွန်း သင်ကြားပို့ချမှုကို သင်ကြားနေ ကြသော ကလေးငယ် (၄ဝဝ) ခန့်အား သုခအလင်း ပညာဒါနမှ ရိုက်နှိပ်ထားသော ဗလာစာအုပ် (၁၁၇) ဒါဇင်နှင့် အာဟာရခွန်အားမြင့်စေမည့် နို့မှုန့်ဘူးနှင့် အိုဗာတင်းဘူးများအား ဝင်ရောက်လှူဒါန်းခဲ့ပြီး ကလေး ငယ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား ဦးသိန်းထိန်နှင့် ပြည်မြို့ မိုးမေတ္တာနာရေး ကူညီမှုအသင်း အတွင်းရေးမှူး ဦးညီညီအောင်တို့မှ ဗိုလ်ချုပ်အောင်ဆန်းသီချင်းအား ဂစ်တာဖြင့် ဖျော်ဖြေ ခဲ့ရာ ကလေးငယ်များအပြင် ရွာခံပြည်သူအပေါင်းမှလည်း တက်ကြွစွာဖြင့် လိုက်လံသီဆို ကြသည်ကိုမြင် တွေ့ရသည့်အတွက် များစွာကျေနပ်ပီတိ ဖြစ်ခဲ့ပါတော့သည်။ ကျွန်တော်နှင့်အတူတကွ ပါလာသော အနစ် နာခံ၊ အပင်ပန်းခံ ပေးဆပ်ခဲ့ကြသော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျိုးဆက်သစ် ပရဟိတခေါင်း ဆောင် မောင်မယ်များအတွက်လည်း မှတ်တမ်းတင် ဂုဏ်ယူမိပါတော့သည်။

အမှိုက်နှင့်ပတ်သက်၍ စွန့်ပစ်ပစ္စည်းများအား အမှိုက်ဟု ခေါ်ဆိုနေကြသော်လည်း ထိုကဲ့သို့ စွန့်ပစ် ပစ္စည်းများထဲမှ လူသားတို့အတွက် အကျိုးရှိအောင် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများလည်း ပါဝင်နေ သည်။ ထို့ကြောင့် မလိုလားအပ်သော၊ အသုံးမဝင်သော၊ ပစ္စည်းများဖြစ်သော စားကြွင်းစားကျန်များ၊ မီးဖို ချောင်ထွက်ပစ္စည်းများ၊ စက္ကူ၊ ချည်ထည်၊ သစ်သား၊ သစ်ဖြင့်ပြုလုပ်ထားသောပစ္စည်း၊ သံဗူး၊ ကြွတ်ကြွတ် အိတ်၊ ဖန်ပုလင်း၊ မီးသီး၊ မီးချောင်း၊ ဖော့ဘူး စသည်တို့ကို စွန့်ပစ်ရာတွင် စနစ်တကျ "အမှိုက်စို"၊ "အမှိုက် ခြောက်"၊ "ပြန်သုံးနိုင်သောအမှိုက်" ဟူ၍ ခွဲခြားစွန့်ပစ်ဖို့ အရေးကြီးလှသည်။ ထိုကဲ့သို့ "အမှိုက်စို"၊ "အမှိုက် ခြောက်"၊ "ပြန်သုံးနိုင်သောအမှိုက်" ဟူ၍ အမှိုက်ပုံးများကိုလည်း သီးခြားထားရှိဖို့လိုသည်။ အမှိုက်များအား စနစ်တကျ မစွန့်ပစ်ပါက လူသားတို့အတွက် အန္တရာယ်ရှိသော ရောဂါပိုးများ ပေါ်ပေါက်လာကာ ကပ်ဆိုး၊ ကပ်ဘေးများ မလွဲမသွေ ကြုံတွေ့မည်ဖြစ်သည်။ ထို့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ပေါ်ပေါက်လာ မည်ဖြစ်သည်။ စနစ်တကျ စွန့်ပစ်မည်ဆိုပါကလည်း စားကြွင်းစားကျန်များအနေဖြင့် တစ်ပတ်မှ နှစ်ပတ်ခန့် ကြာမြင့်မှ ပျက်စီးကာ မြေသြစာအဖြစ် အသုံးပြု၍ရမည်။ စက္ကူအမှိုက်များအနေဖြင့် (၂) လမှ (၅) လကြာ မှ မြေသြဇာဖြစ်မည်။ ချည်ထည်များအနေဖြင့် (၁ဝ) နှစ်မှ (၁၅) နှစ်အထိ ကြာမြင့်မည်ဖြစ်သည်။ သစ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းများအနေဖြင့် နှစ် (၁ဝဝ)မှ နှစ် (၅ဝဝ) အထိ ကြာမြင့်မည်ဖြစ်ပြီး သံ၊ အလူမီနီ ယမ်နှင့် အခြားသတ္တုပစ္စည်း (သံဗူး၊ ကြွတ်ကြွတ်အိတ်၊ ဖန်ပုလင်း၊ မီးသီး၊ မီးချောင်း၊ ဖော့ဘူး) များအနေ ဖြင့် နှစ်ပေါင်း (၁ဝဝဝ) (သို့) မခန့်မှန်းနိုင်သော အချိန်ကာလအထိ ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန် တော်တို့လူသားများအားလုံး အမှိုက်ထဲကရွှေဖြစ်အောင် စည်းကမ်းရှိရှိ၊ စနစ်တကျ၊ စည်းလုံးညီညွတ်စွာ ဖြင့် မိမိတို့၏ အသိစိတ်ဓာတ်များတို့အား မြှင့်တင်ကာ လုပ်ဆောင်ကြဖို့ အရေးကြီးလှသည်။


"ကိုယ့်ကိုကိုယ်ချစ်ရင် အမှိုက်ကို စနစ်တကျပစ်ပါ။"
"တိုင်းပြည်ကိုချစ်ရင် အမှိုက်ကို စနစ်တကျပစ်ပါ။"
"ဆင်းရဲတွင်းကလွတ်ကင်းချင်ရင် အမှိုက်ကို စနစ်တကျပစ်ပါ"

ကျော်သူ

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>