Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မတရားတာတွေကိုတုန့် ပြန်ကြဖို့  သတ္တိရှိကြပါ။သံဃာ့နာယကသည် ဘာသာရေးအကြမ်းဖက်မှု ဂိုဏ်းကြီးတစ်ခု ဖြစ်လာနေပြီလော?(ရုပ်/သံ)

$
0
0

မတရားတာ မလုပ်ကြပါနဲ့ ဘုရာ့၊ လူတောင် မှန်တာလုပ်ရင် ……….. လို့ပြောနေတဲ့ သရုပ်ဆောင် ခင်သန်းနွယ်
. ညကြီး အချိန်မတော် မိုးလည်းမရွာဘဲ ... ထီးတွေယူလာ၊ မျက်နှာတွေ ကွယ်ထားနဲ့။
ဒါယကာ ဒါယိကာမတွေ. ရင်ထဲဘယ်လို ဖြစ်မလဲ စဉ်းစားသာကြည့်ပါ
ရုပ်ရှင်မင်းသမီးတွေ ပေမဲ့ သရုပ်ဆောင်နေတာမဟုတ်ဖူး
ဒေါ်ခင်သန်းနွယ် ဒေါ်လှလှမိုး

မဟာသန္တိသုခကျောင်းကိုညအချိန်စီးနင်းသိမ်းပိုက်ခဲ့တဲ့အရေးဟာ ဓမ္မ၀ါဒီနဲ့ အဓမ္မ၀ါဒီတွေကြားက အကျိုးစီးပွားနဲ့ ဘ၀လုံခြုံမှု့ဆိုင်ရာ ပဋိပက္ခရဲ့ ထင်ရှားတဲ့ပြယုဒ်ဖြစ်တယ်။
ဒီအဖြစ်အပျက်ဟာအဖိနှိပ်ခံအများစုနဲ့ လက်နက်အားကိုး၊ အာဏာအားကိုးမိုက်နေတဲ့ ဖိနှိပ်သူလူနည်းစုကြားကပဋိပက္ခ၊ အခွင့်အရေးမရတဲ့လူများစုကြီးနဲ့ အခွင့်ထူးခံလူနည်းစုကြားကပဋိပက္ခ၊ ပြည်သူလူထုနဲ့ စစ်အာဏာရှင်ကြားကပဋိပက္ခတွေကိုညွှန်ပြနေယုံမက စစ်အာဏာရှင်လက်အောက်မှာ သာမန်ပြည်သူမဆိုထားနဲ့ ရဟန်းသံဃာအပါအ၀င်နိုင်ငံသားတိုင်းရဲ့ဘ၀ဟာ လုံခြုံမှု့မရှိဘူးဆိုတာသက်သေပြနေတာပါ။
ဒါဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေဘာသာနဲ့ သာသနာကိုဖျက်ဆီးရမ်းကားခဲ့တာ (၁၉၆၂) ခုနှစ်အာဏာသိမ်းပြီးကထဲကဒီနေ့ အချိန်ထိမရေတွက်နိုင်အောင်ပါဘဲ။ သံဃာကိုဆဲဆိုစော်ကားတဲ့ကံ၊ သံဃာကိုရိုက်နှက်ညှင်းပမ်းတဲ့ကံ၊ သံဃာသတ်တဲ့ကံ၊ သံဃာသင်းခွဲတဲ့ကံ စတဲ့ ကြီးမားတဲ့အပြစ်ကံကြီးတွေထပ်ခါတစ်လဲလဲကျုးလွန်ခဲ့တာမို့  စစ်အစိုးရကို ဘာသာရေးအရ သပိတ်မှောက်တဲ့ “ပတ္တနိကုဇ္ဖနကံဆောင်ခြင်း”အကြိမ်ကြိမ်ပြုခဲ့ရတာပါ။
တကယ်တော့ ပတ္တနိကုဇနကံဆောင်တယ်ဆိုတာ သံဃာတွေကို ညှဉ်းပန်းနှိပ်စက် သတ် ဖြတ်တဲ့ သူတွေနဲ့ ဘာသာရေးအရ ဆက်ဆံမှုမလုပ် ဘဲနေတာပါ။ မကောင်းမှုအကုသိုလ်ကျုးလွန်သူများ အမြင်မှန်ရပြီး နောက်ထပ်တဖန်မကျူးလွန်မိအောင် အကုသိုလ်တွေ ရှောင်ကြဉ်နိုင်အောင်ဆိုတဲ့ မွန်မြတ်တ့ရည်ရွယ်ချက်တွေနဲ့ ရဟန်းသံဃာတော်တွေစုပေါင်းပြီးကံဆောင်ခဲ့ကြတာပါ။
ဒါပေမဲ့လည်း စစ်အာဏာရှင်တွေဆိုတာ သူတို့အကျိုးစီးပွားကိုထိခိုက်လာမယ်၊ သူတို့ အာဏာပါဝါကိုထိခိုက်လာမယ်ဆိုရင်တော့ ဘယ်သူ့ ကိုမဆို ထောင်သွင်းအကျဉ်း ချမယ့်သူတွေပါ။ ရဟန်းသံဃာတော်တွေကိုမဆိုထားနဲ့ ဘုရားရှင်ကိုတောင် ဖမ်းဆီထောင်ချမဲ့ မိစ္ဆာဒိဠိတွေဖြစ်တယ်။
တပ်မတော်လက်ထဲအချုပ်အချာအာဏာရှိနေသရွေ့  အာဏာသိမ်းတိုင်းရဟန်းရှင်လူပြည်သူတွေအမြဲအသတ်ခံကြရအုံးမှာပါ။ (၁၉၈၈)အာဏာသိမ်းစဉ်ကအဖြစ်ဆိုးမျိုး၊ တိပိဋကဆရာတော်လို ဓမ္မစေတီထိုက်တဲ့သံဃာအစစ်အမှန်တွေကိုဖမ်းဆီးထောင်ချညှင်းပမ်းမှု့မျိုးတွေ၊ ၂၀၀၇ရွေဝါရောင်တော်လှန်ရေးကိုဖြိုခွဲစဉ်တုံးကလို၊ ငွေကြာယံဘုန်းတော်ကြီးကျောင်း၊ လက်ပံတောင်းတောင်သပိတ်စခန်းတွေကိုညဥ့်သန်းခေါင်မှာ သူပုန်စခန်းကိုဝင်စီးသလိုအကြမ်းဖက်တိုက်ခိုက်မှု့မျိုး၊ လယ်တီသိမ်ဖြိုချတဲ့အပြစ်ကြီးမျိုးတွေတွေဆက်လက်ကျုးလွန်နေကြအုံးမှာပါ။
တစ်ကယ်ဘဲအမျိုးဘာသာ၊သာသနာ စောင့်ရှောက်ခြင်တယ်ဆိုရင် (၂၀၀၈)ဖွဲ့ စည်းပုံအခြေခံဥပဒေ ထိထိရောက်ရောက် ပြင်ဆင်နိုင်အောင်တိုက်တွန်းလုပ်ဆောင်ကြခြင်းသာ အရေးကြီးဆုံးနဲ့ ပဓာနအကျဆုံးအမျိုးသားရေးတာဝန်ဖြစ်ပါကြောင်းအသိပေးနိုးဆော်လိုက်ပါရစေ။
Ko Than win ၏ commentကို postအဖြစ်ပြနလည်ဖော်ပြလိုက်ပါတယ်..

Viewing all articles
Browse latest Browse all 32865

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>