Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမှန်တရားဟာ အချိန်ကြာကြာမစောင့်ရဘူး ပေါ်လာကြပါပြီ

$
0
0
သန္တိသုခ ချိပ်ပိတ်မှု လိမ်ညာခံခဲ့ရဟု စည်းကမ်းထိန်းသိမ်းရေး သံဃာအချို့ပြောပြီ
---------------------------------------------------------------------------------------------
ဇွန်လ ၁၁ ရက်နေ့ညက သံဃာ့မဟာနာယကအဖွဲ့က တာမွေမြို့နယ်က မဟာသန္တိသုခ
ကျောင်းတော်ကြီးကို ၀င်ရောက်ချိပ်ပိတ်မှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်အချို့ဟာ သူတို့ကို တိုင်းသံဃမဟာနာယကအဖွဲ့က သတင်းအမှားပေးပြီး လိမ်လည်ခေါ်ယူခဲ့တယ်ဆိုပြီး မကျေနပ်ဖြစ်နေကြပါတယ်။

တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃာ့ မဟာနာယက
အဖွဲ့က ညအချိန်မတော် ၀င်ရောက်ချိပ်ပိတ်ဖို့ ကြိုးပမ်းမှုမှာ ရန်ကုန်တိုင်းအတွင်း ရှိတဲ့ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် အဲဒီသံဃာတော်တွေကို သန္တိသုခကျောင်းမှာ နယ်စပ်က၀င်လာသူတွေ ဒုလ္လဘ၀တ်နေတယ်၊ သူတို့ဆီမှာ လက်နက်တွေဘာတွေ ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း သံဃာ့နာယက ဥက္ကဋ္ဌက ပြောဆိုပြီး ခေါ်ယူခဲ့တာလို့ အဲဒီညက ပါဝင်ခဲ့တဲ့ စည်းကမ်းထိန်းသံဃာတော်တပါးက မိန့်ပါတယ်။

“ငါတို့ကို အဲဒီနေ့ည ၈ နာရီခွဲကို တိုင်ရုံးအရောက်လာခဲ့ပါတဲ့။ မြို့နယ် ၁၂ မြို့နယ်က
တချို့နယ်ကို အပါး ၂၀ ခေါ်တယ်။ အားလုံး သူတို့ရံထားတဲ့ သံဃာနဲ့ဆိုရင် သံဃာ ၃၀၀
ရှိတယ်။ Express ကားကြီး ၆ စီးနဲ့။ သူတို့ ကြိုတင်လွှတ်ထားတာ ရှိတယ်။ ကြိုတင် အစောင့်တွေ ချထားတာ ရှိတယ်။ တို့ကို ၈ နာရီခွဲ အရောက်ခေါ်တယ်။ ၁၀ နာရီထိုး
လောက်မှ နိုင်ငံတော် သံဃနာယက ပေးတဲ့ အိတ်ကို ချိပ်ဖောက်တယ်လို့ ပြောတယ်။ စာရွက်ကြီးနဲ့ အများကြီး ပြောတယ်။ ငါတို့ကို ဆရာတော်ကြီး ရှိတဲ့ပုံစံမျိုး လုပ်နေတာ။”
သန္တိသုခ ကျောင်းတော်ကြီးကို အခုလိုဝင်ရောက်ခဲ့ရတာဟာ ခိုင်းတဲ့အလုပ်ကို လုပ်ခဲ့
ရတာသာဖြစ်ပြီး သူ့အနေနဲ့ ရှက်မိပါတယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

“ငါတို့က ဘာမှ မသိဘူး။ ငါတို့ကို အဲဒီလို ခေါ်သွားလို့ ပါသွားတာ။ ဟိုရောက်မှ ၀င်စီး
ရမယ်ဆိုတာသိတာ။ ကားတွေမြင်တော့မှ အဝေးကို သွားရမယ်ဆိုတာ သိတာ။ ခုခံလို့ ရှိရင် သွေးတစက်ကျရင် သူမခံဘူးလို့ ပြောတယ်။ လူမိုက်စကားတွေ ပြောတယ်။ နယ်စပ်က ရောက်တဲ့ သံဃာတွေ ဒုလ္လဘ ၀တ်တွေနဲ့ အဲဒီကောင်တွေစီမှာ ဓားလက်နက်
ဘာညာ ရှိနိုင်တယ်ပေါ့။ ဟိုရောက်တော့ ဘုန်းကြီးတွေက အေးဆေးပါ။ တို့လည်း
အေးဆေးပြောတယ်။”

သန္တိသုခကျောင်းက သံဃာတော်တွေကို ကမ္ဘာအေးရှိ သံဃမဟာနာယကရုံးကို ခေါ်ဆောင်
သွားပြီးနောက် သံဃာတော်တွေကို လူဝတ်လဲခိုင်းတဲ့အခါ ဗဟန်းမြို့နယ် သံဃာ့နာယက
အဖွဲ့ အတွင်းရေးမှူးဆရာတော်က လူဝတ်လဲခိုင်းခြင်းမပြုဖို့နဲ့ လျော့ပေါ့စဉ်းစားပေးဖို့ ၀င်ရောက်မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

“သာသနာအတွက်၊ ဘာသာအတွက် နိုင်ငံတော်အတွက် မဖြစ်စေချင်ဘူး။ တကယ်တမ်း ကိုယ့်အချင်းချင်း ရန်ဖြစ်ရမယ့်သူတွေမဟုတ်ဘူး။ ကိုယ့်အချင်းချင်း ဒီလိုလုပ်ရမယ့်
သူတွေ မဟုတ်ဘူး။ အမြင်ကျဉ်းတဲ့ ဆရာတော်လည်း မဟုတ်ဘူး။ အမြင်ကျယ်တဲ့ ဆရာတော်ကို သံဃာနာယက က ခိုင်းလို့ လုပ်ရတယ်ဆိုတာ သိပ်မဟုတ်ဘူးပေါ့ကွာ။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်တာပေါ့။ ခိုင်းတဲ့ အလုပ်ကို လုပ်ရတယ်ဆိုတော့။
ကိုယ့်လူတွေ မထိရအောင် ကိုယ်က လုပ်ရတာပေါ့။ ကမ္ဘာအေးမှာ ကား ၂ စီးနဲ့
ဗဟန်းရယ် စမ်းကျောင်းရယ် ဒီပြင်မြို့နယ်က သံဃာ အားလုံး ၆၀ လောက်ပါသွားတယ်။”

ဒါ့အပြင် သန္တိသုခကျောင်းတော်ကြီးကို ပီနန်ဆရာတော်ကြီး ပြည်ပသာသနာပြု
ခရီးကြွချီစဉ် ခေတ္တအပ်နှံထားခဲ့တဲ့ သုံးထပ်ကျောင်းဆရာတော်ကလည်း သံဃာတော်
တွေကို လူဝတ်မလဲခိုင်းဖို့ ၀င်ရောက်မေတ္တာရပ်ခံခဲ့ပေမယ့် ခွင့်မပြုတာကြောင့် စည်းကမ်း
ထိန်းသိမ်းရေး သံဃာတော်တွေက နောက်နောင်သံဃမဟာနာယကအဖွဲ့က ခေါ်ယူရင် လိုက်ပါဆောင်ရွက်ပေးမှာ မဟုတ်ကြောင်း ပြန်လည် မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း- ကျော်သက်မင်း(DVB)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>