Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဟောပြောသူသာ အဓိက -ဒိအာကာကျော်

$
0
0
အခုရက်ပိုင်း စာပေဟောပြောပွဲကိစ္စများနဲ့ ပတ်သက်ပြီး ဂျာနယ်တွေဖတ်မိပါတယ်။ ၂၃.၅.၂ဝ၁၄ (သောကြာ)နေ့ထုတ် စံတော်ချိန်မှာ သတင်းများဆောင်းပါးရှင် နှင်းခိုင်လွင် ရေးသားတဲ့ "ဖိတ်ကြားသူသာ အဓိက" ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်မိပါတယ်။

အဓိက ဆောင်းပါးမှာပါတဲ့အချက်တွေကို ဖတ်ကြည့်မိ တော့ စာပေဟောပြောပွဲမှာ ရုပ်ရှင်လောကလူများ၊ အခြား စာရေး ဆရာ မဟုတ်သူများ ဝင်ရောက်လာတာ ကို စာရေးဆရာများ ကျေနပ်မှုမရှိကြောင်း ရေးသားတင်ပြထားတာလို့ ယူဆမိပါတယ်။ ဒါကြောင့် စာပေ ဟောပြောပွဲ ဖိတ်ကြားစီစဉ်သူများကို သတိချပ်စေလိုတဲ့ဆန္ဒနဲ့ ဖိတ်ကြားသူ များ ကြောင့် ဖြစ်နေရတယ်လို့ ယူဆပြီး ခေါင်းစဉ်ပေး ရေးသားထားတာဖတ်မိပါတယ်။ ဆောင်းပါးပါ ရေးသားချက်အချို့ကို လေ့လာ ကြည့်တဲ့အခါ "အချို့ဆိုလျှင် ပရိုဂျက်တာတွေ၊ အကအဖွဲ့တွေနှင့် တသီကြီးတက်လာ၏။ စာပေဟောပြော ပွဲစာတန်းနှင့် မကိုက်ညီတာသေချာပါသည်" ဟု ရေးသားထားတာ တွေ့ရတော့ ဒါဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်သူ့ကို ရည်ညွှန်းရေးသားတာလဲ ဆိုတာကို ပြန်စဉ်းစားကြည့်မိပါတော့တယ်။ ကျွန်တော်ဟာ လွန်ခဲ့ တဲ့ (၁၈) နှစ်ကျော်က တည်းက စာပေဟောပြောပွဲများကို ရူးသွပ်ခဲ့သူ တစ်ယောက်ပါ။ ဒီကနေ့အထိ စာပေ ဟောပြောပွဲတွေမှာ ပရိုဂျက်တာ တွေ အကအဖွဲ့တွေနဲ့ တသီကြီးတက်လာတဲ့သူဆိုလို့ တစ်ယောက်ပဲ ကျွန် တော် တွေ့ဖူးပါသေးတယ်။ အဲဒီလူကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူပဲ ဖြစ်ပါ တယ်။ ဒီကနေ့အချိန်မှာ ကျွန်တော်ဟာ စာပေပရိတ်သတ်တစ်ယောက်အနေနဲ့ရော လူမှုရေးသမားတစ် ယောက်အနေနဲ့ပါ ဦးကျော်သူအပေါ်ရှိတဲ့အမြင်ဟာ ရုပ်ရှင်သမားတစ်ယောက်လို့ မမြင်ဘဲ လူမှုရေးသမား ပရဟိတလူမှုသူရဲကောင်းကြီး တစ်ယောက်လို့ပဲ မြင်မိပါတယ်။ ဦးကျော်သူရေးတဲ့ "ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်" ဆိုတဲ့စာအုပ် ထွက်ရှိလာချိန်မှာတောင် ဦးကျော်သူကို ကျွန်တော် စာရေးဆရာတစ်ယောက် အနုပညာသမားတစ်ယောက်အဖြစ် မမြင်မိဘဲ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်နေတဲ့ ပရ ဟိတလူမှုရေးသမား တစ်ယောက်အနေနဲ့ပဲ မြင်မြင်နေမိပါတော့တယ်။

ဦးကျော်သူ ဟောပြောနေတဲ့ စာပေဟောပြောမှုနဲ့ပတ်သက်လို့ ကျွန်တော်နားလည်မိတဲ့ စာပေ ဟောပြောပွဲအကြောင်း စပြီးရေးသားချင်ပါတယ်။ စာပေဟောပြောပွဲတွေမှာ စာရေးဆရာမှသာ ဟောပြော ရမယ်လို့ သတ်မှတ်ချက်မရှခဲ့ကြ သလို၊ ဘယ်အတိုင်းအတာထိ စာရေးသားသူကို လုံးချင်းဝတ္တု မည်မျှရေး သားသူ ဆောင်းပါးပေါင်းမည်မျှ ရေးသား သူမှသာ စာရေးဆရာဖြစ်ပါတယ်ဆိုတဲ့ ကန့်သတ်မှုမျိုး စာပေ လောကမှာ ရှိ/မရှိကိုတော့ ကျွန်တော်လက်လှမ်းမမှီခဲ့ပါ။ နောက်ပြီး စာပေဟောပြောပွဲတစ်ခုဟာ ဘာအ တွက်ကျင်းပသလဲဆိုတာ ပြန်စဉ်းစားမိတဲ့အခါ အဓိကရည်ရွယ်ချက်က ပရိသတ်တစ်စု၊ လူတစ်စုကို စင် မြင့်တစ်ခုပေါ်ကနေ မိမိမှာရှိတဲ့ အတွေ့အကြုံဗဟုသုတများကို အားကုန်ထုတ်ပြီး စင်အောက်မှာ နား ထောင်နေတဲ့ ပရိသတ်ကြီးကို လေးလေးစားစား ထိထိရောက်ရောက်နဲ့ အကောင်းဆုံးသင်ခန်းစာ အတွေ့ အကြုံများ ပေးစေလိုတဲ့ရည်ရွယ်ချက် တစ်နည်းအားဖြင့် အများပြည်သူတို့ရဲ့ ရှေ့ဆက်ရမယ့် ဘဝခရီး လမ်းတွေကို အတိုးတက်ဆုံး၊ အတည့်မတ်ဆုံး၊ အအောင်မြင်ဆုံးနဲ့ ဖြတ်သန်းသွားနိုင်ပါစေဆိုတဲ့ စိတ် စေတနာ အပြည့်နဲ့ ဟောပြောစေလိုတဲ့ ပွဲစီစဉ်သူများက ကျင်းပတာပဲလို့ ယုံကြည်ပါတယ်။ ဒါဆိုရင် ဒီစင် မြင့်ဟာ ဘာ စင်မြင့်လို့ခေါ်မလဲဆိုတော့ အများပြည်သူအတွက် မိမိတွေ့ကြုံခဲ့ရတဲ့ ဘဝဖြတ်သန်းမှု စာပေ ဗဟုသုတများကို မျှဝေပေးတဲ့ ပရဟိတစင်မြင့်တစ်ခုသာ ဖြစ်ပါတော့မယ်။ အဲဒီလိုမဟုတ်ဘဲ လူထုပရိ သတ် တစ်နည်းအားဖြင့် အများပြည်သူကို စင်ပေါ်တက်ပြီး မိမိနာမည်ကျော်ဖို့၊ မိမိအောင်မြင်ဖို့၊ မိမိထက် ဆရာတစ်ဆူလို မိုက်ရိုင်းစော်ကား ပြုခဲ့မယ်ဆိုရင်တော့ ဒါဟာအင်မတန် အကျည်းတန်အရုပ်ဆိုးတဲ့ အတ္တ စင်မြင့်တစ်ခု ဖြစ်သွားမှာပါ။ နောက်တစ်ခု ကျွန်တော်နားလည်တာက ဟောပြောပွဲမဆို စာပေဟောပြောပွဲ၊ လူမှုရေးဟောပြောပွဲ၊ နိုင်ငံရေးဟောပြောပွဲ၊ ဘာသာရေးဟောပြောပွဲ စသည်ဖြင့် ကြိုက်ရာခေါင်းစဉ်တပ်ပါ။ အရေးကြီးဆုံးက ဘယ်ဟောပြောပွဲမျိုးမဆို အတ္တဆန်တဲ့ ဟောပြောပွဲမျိုး မဖြစ်စေရဘဲ ပရဟိတဆန်တဲ့ ဟောပြောပွဲမျိုးသာ ဖြစ်သင့်ပါတယ်။ ကနေ့ဟောပြောပွဲများဟာလည်း အများပြည်သူလူထုကို စာပေဗဟု သုတတွေ၊ လူမှုရေးအသိပညာတွေ၊ နိုင်ငံရေးဗဟုသုတတွေ၊ နားထောင်သူတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေမယ့် အတွေးရသစာပေတွေ စသဖြင့် သုတရသစုံလင်စွာနဲ့ အများပြည်သူ အကျိုးပြုစေမဲ့ ပရဟိတ ဟောပြောပွဲများအဖြစ်သာ ကျွန်တော်မြင်မိပါတယ်။ သည်လိုမဟုတ်ဘဲ ဟောပြောပွဲမှသူမှ၊ ငါမှ၊ စာရေး ဆရာမှ၊ ရုပ်ရှင်သမားမှ၊ လူမှုရေးသမားမှ၊ ဘယ်သူမှ၊ ဘယ်ဝါမှ ဟောပြောသင့်တယ်ဆိုတဲ့ အတ္တဆန်တဲ့ ကန့်သတ်မှုများနဲ့ ပြည့်နှက်နေတဲ့ ဟောပြောပွဲဟာ အတ္တဆန်တဲ့ ဟောပြောပွဲများသာ ဖြစ်လိမ့်မယ်လို့ ယုံ ကြည်မိပါတယ်။ ဒီနေရာမှာ ဦးကျော်သူရဲ့ ဟောပြောမှုနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ ဦးကျော် သူဟာတစ်ချိန်က ရုပ်ရှင်သမားတစ်ယောက် (တစ်ချိန်ကလို့ ကျွန်တော်သုံးပါတယ်) ဖြစ်ခဲ့တာတစ် ကြောင်း၊ တစ်ချိန်ကအောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ အနုပညာသမား တစ်ယောက်ဖြစ်ခဲ့တာတစ် ကြောင်း၊ ဒါကြောင့်သူ့မှာ ပရိသတ်ကအရင်ကတည်းကရှိနေတာကို ကျွန်တော်တို့ မုဒိတာပွားဖို့လိုပါတယ်။ ဒီကနေ့ ဦးကျော်သူဟာ အများပြည်သူအကျိုးကို အနစ်နာခံပြီးပေးဆပ်နေတဲ့ လူမှုရေးသမားကြီး ဖြစ်လာ ပြန်တော့လည်း တစ်ပြည်လုံးက သူ့ကိုလေးစားဂုဏ်ယူ အားပေးနေကြတဲ့ လူမှုရေးပရိသတ်ကလည်း အများကြီးရှိနေတာ မဆန်းပါဘူး။ ပရဟိတနဲ့ပတ်သက်လာရင် အခြားသူတွေပြောတာထက် သူပြောတဲ့ စကားကို ပိုပြီးအလေးထားကြတယ်ဆိုတာလည်း ဘာမုဒိတာ မပွားနိုင်စရာရှိလဲ ဦးကျော်သူ ဘာကြောင့် ဟောပြောပွဲတွေမှာ ပရိုဂျက်တာတွေ၊ အကတွေထည့်တာလဲလို့ ကျွန်တော်မေးဖူးပါတယ်။
အဲဒီလို ပရိုဂျက်တာထည့်တာကတော့ သူ့အသက်အရွယ်နဲ့ ကျန်းမာရေးအရ စကားအကြာကြီး မပြောနိုင်တာတစ်ကြောင်း၊ စကားလုံးတွေ ကြွယ်ဝအောင် အလှဆင်ပြီးတော့ ဟောပြောရတာထက် လက် တွေ့လုပ်တာကို လက်တွေ့ပြချင်တာကြောင့်ဖြစ်ပြီး။ အကတွေဘာကြောင့် ထည့်သလဲမေးကြည့်တော့ ဒီကနေ့ နိုင်ငံတော်မှာ အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ်ကလေးငယ်တွေ ဒီလိုဟောပြောပွဲတွေကို နားထောင်တတ်လာအောင် အရင်က စာပေဟောပြောပွဲဆိုရင် စာကြီးပေကြီးတွေ ဟောပြောမယ်ထင်ပြီး ကလေးငယ်တွေ မလာတာရယ်၊ မဆိုင်သလို ထင်နေကြတာတွေရယ် ရှိခဲ့တာကြောင့် မိမိတတ်မြောက်တဲ့ အနုပညာကို ဒီနေရာမှာ ဒီလိုလူတန်းစား အရွယ်မျိုးစုံ လာရောက်နားထောင်ချင်လာအောင် ဆွဲဆောင်မှု တစ်ခုအနေနဲ့ အသုံးချခဲ့တာပါ။ အကဆိုတာလည်း ခေတ်ပေါ်လျှပ်ပေါ်အကမျိုး မဟုတ်ဘဲ အဓိပ္ပ္ပာယ်ရှိ သော သရုပ်ဖော်အကမျိုးကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဘယ်လိုပဲလာလာ အကကြည့်ချင်လို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်ချင်လို့ပဲဖြစ်ဖြစ် သူတို့လေးတွေ ရောက်လာတော့မှ မိမိတို့စင်ပေါ်ကနေ လူမှုရေးပရဟိတနဲ့ ပတ် သက်တာတွေ အခြားဗဟုသုတတွေကို ပြောပြလိုက်တော့ မဆိုင်သလိုနေပြီး အိမ်မှာနေတာထက်စာရင် လာနားထောင်လိုက်လို့ တန်ဖိုးရှိတဲ့စကားတစ်လုံး၊ တန်ဖိုးရှိတဲ့စကားတစ်ခွန်း သူတို့လေးတွေရဲ့ ရင်ထဲ ရောက်သွားမယ်ဆိုရင် အကျိုးများလိမ့်မယ်ဆိုတဲ့စိတ်နဲ့ ဒီလိုအကတွေနဲ့ပုံဖော်ပြီး ဆွဲဆောင်ခဲ့တာပါလို့ ပြောပါတယ်။ ထားလိုက်ပါတော့ ကျွန်တော့်အမြင်ကတော့ ဖိတ်ကြားသူဆိုတာ သူတို့ဖိတ်ကြားလို့ ဟော ပြောကြမယ့်သူတွေ ဘာတွေပြောလိမ့်မယ်ဆိုတာ ကြိုတင်မသိနိုင်ပေမယ့် သူတို့ယုံကြည်လေးစားလို့ ဖိတ် ကြားတာဟာ ဖိတ်ကြားသူမှာ လုံးဝအပြစ်မရှိပါဟု ကျွန်တော်ယုံကြည်ပါတယ်။ ဘယ်လောက်ပဲ ဖိတ်ကြား သူက ယုံကြည်လို့၊ အထင်ကြီးလို့၊ လေးစားလို့၊ နာမည်ကျော်လို့ဖိတ်ဖိတ် စင်မြင့်ပေါ်က ပြောကြားတဲ့သူ ဟာ သူထင်သလိုမဟုတ်ဘဲ အတ္တဆန်စွာ သီလကင်းမဲ့စွာ အကျိုးမရှိတဲ့စကားတွေ ဟောပြောသွားမယ် ဆိုရင်အဲဒါ ဘယ်သူ့မှာအပြစ်ရှိသလဲ စဉ်းစားပါ။ ဒါဟာဟောပြောသူရဲ့ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်သီလနဲ့ ကိုယ့်သမိုင်းကို ကိုယ်ရေးရမှာဖြစ်ပါတယ်။ ဒါကြောင့် မည်သည့်ဟောပြောပွဲမဆို၊ မည်သို့သော ဟောပြော ပွဲမဆို ဖိတ်ကြားသူက မိမိကိုဖိတ်ကြားလာပြီဆိုရင် မိမိဟာ ဒီစင်မြင့်နဲ့ ထိုက်တန်ရဲ့လား စဉ်းစားပါ။ မိမိ ဟာ စင်မြင့်ပေါ်ကနေ ပရိသတ်ကြီးတစ်နည်းအားဖြင့် အများပြည်သူကို မစော်ကားဖို့ မရိုင်းပြဖို့နဲ့ မိမိဟာ အတ္တကင်းကင်း စေတနာကောင်းကောင်း သီလလုံခြုံစွာနဲ့ ဟောပြောရတော့မယ်ဆိုတာ မိမိကိုယ်တိုင် ကြို တင်တွေးထားဖို့လိုပါတယ်။ ဒီလိုအချက်တွေနဲ့ ပြည့်ပြည့်စုံစုံ ဟောပြောမှလည်း ဒီစင်မြင့်ဟာ တန်ဖိုးရှိတဲ့ အများအကျိုးပါတဲ့ အတ္တကင်းတဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ ဟောပြောပွဲစင်မြင့်တစ်ခု ဖြစ်မှာပါလို့ ကျွန်တော် နား လည်မိပါတယ်။ ဒါကြောင့် စာပေဟောပြောပွဲခေါင်းစဉ်အောက်မှာ မည်သူသာ မည်ဝါသာ ဟောပြောရမယ် ဆိုတဲ့ အတ္တဆန်တဲ့စိတ်ထားများ မွေးမြူကြမယ့်အစား အဓိကအရေးကြီးဆုံးဟာ ဟောပြောမယ့်သူက နား ထောင်သူကို မစော်ကားဖို့၊ မရိုင်းပြဖို့၊ မိမိနာမည်ကြီးအောင်၊ မိမိပရိသတ်များအောင်ဆိုတဲ့ မိမိအကျိုး အတွက်မလုပ်ဖို့၊ အတ္တကင်းဖို့၊ နားထောင်သူတို့ရဲ့ အကျိုးရှေးရှုဖို့၊ ဟောပြောသူ ကိုယ်တိုင်ကလည်း သီလ လုံခြုံဖို့၊ ပရိသတ်ကိုအကောင်းဆုံး၊ အကျိုးရှိဆုံးစကားလုံးတွေ ပြောကြားနိုင်ဖို့ ဒါတွေဟာ အရေးကြီးဆုံးလို့ ကျွန်တော်မြင်မိပါတယ်။ ဒါကြောင့် ကျွန်တော်ပြောလိုက်ပါတယ်။

"ဟောပြောသူသာ အဓိကပါလို့ …. ။"
ဒိအာကာကျော်

(၁ဝ.၆.၂ဝ၁၄ (အင်္ဂါနေ့) ထုတ် ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြခဲ့သော “ဟောပြောသူသာ အဓိက” ဒိအာကာကျော် ၏ ဆောင်းပါးအား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>