Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့တွင် ရေကြီး လယ်ယာခြံမြေဧက ၁၀၀ ကျော်ဆုံးရှုံးပျက်စီး

$
0
0
မိုင်းတုံသား - ရေကြီးမှုကြောင့်စပါးခင်းများ လဲကျပျက်စီးဆုံးရှုံးရ

အောက်တိုဘာလ ၂၆ ရက် ၂၀၁၈

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်တုံချောင်းရေလျှံကာ မိုင်းတုံဒေသခံများ၏ လယ်ယာခြံမြေများအတွင်း ရေများလျှံဝင်ပြီးကောက်ပင်များ ရေနှင့်မျောပါကုန်ကြောင်းသိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီမှ ၁၁ နာရီအချိန်အထိ တောင်ကျချောင်းရေများစီးဝင်ရာ မိုင်းတုံမြို့အားဖြတ်သန်းစီးဆင်းသည့် နမ့်တုံချောင်းရေလျှံကာ လယ်မြေဧက ၁၀၀ ကျော်အတွင်းရှိ ကောက်စည်း ကောက်ပုံများ ရေနှင့်မျောပါခြင်း ၊ မရိတ်သိမ်းရသေးသည့်စပါးခင်းများလဲပျက်စီးလဲကျကုန်ကြောင်း သိရသည်။

မိုင်းတုံဒေသခံ စိုင်းဆာမ် က- ကောက်စည်းတွေ ကောက်ပုံတွေရေနဲ့မျှောပါကုန်တယ်။ စပါးခင်းတွေလဲကုန်တယ်။ လယ်တွေအပြင် ခြံတွေထဲလည်းရေ၀င်တယ်။ မုံညှင်းခင်းတွေ၊ နံနံစိုက်ခင်းတွေ၊ ကြက်သွန်ခင်းတွေ၊ ခရမ်းသီးခင်းတွေလည်း ပျက်စီးကုန်တယ်။ - ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ယခုတကြိမ် ရေကြီးမှုသည် ကောက်ပဲသီးနှံဆွတ်ချိန်ဖြစ်သဖြင့် ဆုံးရှုံးမှုများပြားကြောင်း၊ဒေသခံများ ပူပန်မှုများကြုံတွေ့နေရကြောင်း၊ လူထုထိခိုက်ဒဏ်ရာရမှုများတော့မရှိကြောင်း ဆိုပါသည်။

တချို့ခြံတွေဆိုရင် နောက် ၃-၄ ရက်လောက်ဆိုရင်သီးနှံဆွတ်ရောင်းတော့မှာ။ ခြံရှင်တွေသောက ရောက်နေရတယ် - ဟု စိုင်းဆာမ် ကပြောသည်။

ခြံများအပြင် နမ့်တုံချောင်းဘေးရှိနေအိမ်များလည်း ရေ၀င်ပြီး မိုင်းတုံမြို့ ကမ္မဌာန်းကျောင်းအ၀င် ချောင်းကူးတံတားလည်း ရေနှင့်မျောပါပျက်စီးကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/

Viewing all articles
Browse latest Browse all 32865

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကားလိုင်စင်နံပတ်တွေ တိုက်စစ်ချင်သူတွေအတွက် 4P ထိ စစ်လို့ရမယ့် Myanmar Car...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့


သားတော်လုပ်ကြံသဖြင့် အနောက်ဘက်လွန်မင်း နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


အနောက်တံခါးဝမှ ကျောင်းဆရာ/မများဘဝ


ဘယ်သူပဲ မုန်းမုန်း ပြန်ချစ်အောင် ယတြာလုပ်မယ်


သော်ထွန်း - မုန်တိုင်းဦးက လှသောကဗျာ

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>