Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သန္တိသုခအရေးမှာ နိုင်ငံရေး ကစားခြင်းဖြစ်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သုံးသပ် (ပုဒ်မ ၄၃၆ပြင်ဆင်ရေးကို အာရုံပြောင်းအောင် လုပ်ခြင်း ဖြစ်နိုင်သည်ဟုလည်းဆို)

$
0
0
သာသနာရေး ၀န်ကြီးဌာန အနေဖြင့် သန္တိသုခကျောင်းအား ၀င်ရောက်စီးနင်းပြီး ဆရာတော် ၅ပါးအား လူဝတ်လဲ၍ တရားစွဲဆိုခြင်းမှာ နိုင်ငံရေး ကစားခြင်းသာ ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က သုံးသပ် ပြောကြားခဲ့ သည်။
“နိုင်ငံရေးလုပ်တာ၊ နိုင်ငံရေး ကစားတာ အေးအေးချမ်းချမ်း ဖြစ်တာ အကောင်းဆုံးပဲ”ဟု သူ၏ အမြင်ကို ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီဟောင်း ဦးခင်ညွန့်အနေဖြင့် ဇွန်လ၂၈ရက်နေ့ Nawaday Art Galleryတွင် ပြုလုပ် ကျင်းပသည့် SOURCE OF LIGHT Photo Galleryမှ ရောင်းရငွေ ငွေကျပ် သိန်း၄၀အား ရွှေမှော်ဝန်း လူမှု၊ ယဉ်ကျေး၊ ကူညီရေးအဖွဲ့သို့ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် သတင်းသမားများ၏ မေးမြန်းချက်အပေါ် မှတ်ချက်ပြု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သန္တိသုခ ကျောင်းအရေးတွင် တရားစွဲဆိုခံရသည့် သံဃာ၅ပါးအမှုနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က “တရားမျှမှု မရှိဘူးဆိုရင် နောက်ထပ် နောက်ထပ် ပြည်သူလူထုရဲ့ တုံ့ပြန်မှု၊ ဒကာ၊ ဒကာမတွေရဲ့ တုံ့ပြန်မှု သံဃာထုတွေရဲ့ တုံ့ပြန်မှုတွေကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ ဆုံးဖြတ်ချက်တွေက အနည်းနဲ့အများတော့ မြန်မာ့ နိုင်ငံရေးကို ဂယက်ရိုက်မယ်ဆိုတာ ကျွန်တော်ကြို ပြောနိုင်ပါတယ်”ဟု မှတ်ချက်ပေးသည်။

နိုင်ငံတော် အစိုးရအနေဖြင့် သန္တိသုခကျောင်းအား အင်အားသုံး၍ ၀င်ရောက်စီးနင်းပြီး သံဃာတော် ၅ပါးအား တရားစွဲဆိုလိုက်ခြင်းမှာ ပြည်သူလူထု၏ ၄၃၆ ပြင်ဆင်ရေးအပေါ် အာရုံစိုက် အလေးထားနေမှုကို အာရုံပြောင်းစေရန် အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်း အလိုတော်ပြည့် ကျောင်းတိုက် ဆရာ တော် ဦးကုမာရက မိန့်သည်။
“ဒေါ်အောင်ဆန်းစုကြည်က ၄၃၆ ပြင်ဆင်ဖို့အတွက် အင်တိုက် အားတိုက် လုပ်နေချိန်မှာ အခုကိစ္စ ဖြစ်ပေါ်လာတာ ၄၃၆ကို အာရုံ ပြောင်းအောင်လုပ်တာ ဖြစ်နိုင်သလို တစ်ဖက်မှာလည်း ဒီဦးဇင်း ၅ပါးကို အသုံးချတာလည်း ဖြစ်နိုင်တယ်။ ၄၃၆ ပြင်ဆင်ဖို့ ဘက်ကနေ အာရုံလွှဲဖို့ အတွက် ဒီ သံဃာ၅ပါးကို အသုံးချတာလို့ မြင်တယ်။ အခုဆို ၄၃၆ ပြင်ဆင်ရေးက မှိန်သွားပြီ ဒီသံဃာ ၅ပါးက အရမ်း နာမည်ကြီးသွားပြီ”ဟု သုံးသပ်ခဲ့သည်။

ဇွန်လ ၁၀ရက်နေ့ည ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ ပီနန်ဆရာတော် ဦးစီး တည်ထောင် ခဲ့သည့် မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ရန်ကုန်တိုင်း သံဃနာယက စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များ၊ ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက်စီးနင်း ချိတ်ပိတ်ခဲ့ပြီး လန်ဒန်  ဓမ္မရံသီ ကျောင်းဆရာတော် ဦးဥတ္တရ၊ ဦးနန္ဒိယ၊ ဦးပညာသာရ၊ ဦးသုန္ဒရာသီရိနှင့် ဦးတေဇိဒ္ဓတို့အား လူဝတ်လဲ၍ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး သာသနာရေးဝန်ကြီး ဌာနမှ ပုဒ်မ၂၉၅(က)နှင့် သာသနာရေး ဆိုင်ရာ ဥပဒေ ၂၀/၉၀ ပုဒ်မ ၁၄ အရ တရားစွဲဆိုထားသည်။

( Tomorrow သတင်းဂျာနယ်အမှတ်(၁၈)ပါ သတင်း )
 

http://www.tomorrow.com.mm

Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>