Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နှစ်ခါကျွန်ဖြစ်ခံမလားလို့  အသားလွတ် ချဲ သွားတဲ့ ကြံ့ဖွံ့ အမတ်လောင်း Dr စိုးမင်း

$
0
0

(နှစ်ခါကျွန်ဖြစ်ခံမလားလို့  အသားလွတ် ချဲ သွားတဲ့ ကြံ့ဖွံ့ အမတ်လောင်း Dr စိုးမင်း

မေး။ ။ DASSK(ဒေါ်အောင်ဆန်းစုကြည်) ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေတဲ့အချိန်မှာကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

မေး။ ။ ကော့မှူးမှာ DASSK နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လိုမျှော်လင့်ထားသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊ရိုးသားတဲ့စိတ်ဓာတ်နဲ့  နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲကရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ ဓလေ့ထုံးစံရှိတဲ့ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲ ပြည်သူတွေ ကို မလိမ်ဘဲ ပြောကြားစည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြမယ့် ပြည်သူတွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။

မေး။ ။ DASSK အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စားတာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။
ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။

မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ DASSK နဲ့ တွေ့ ဖို့ ရှိသေးလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။

(Messenger ဂျာနယ်မှ ထုတ်နုတ်ဖော်ပြပါတယ်)
Aung myo tun



Viewing all articles
Browse latest Browse all 32865

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>