ရန်ကင်း၊ ဆယ့်နှစ်လုံးတန်းမှတ် တိုင်တွင် ဘီအမ်ကားတစ်စီး လမ်း လယ်တွင်ရပ်ကာ လူအတင်အချလုပ် သည်။ ကားပေါ်မှဆင်းလာသော အ သက် ၂၆ နှစ်အရွယ် မိန်းကလေး တစ်ဦး လမ်းလယ်တွင်ပင်ဆင်းလိုက် သည်။ ထိုစဉ်တွင် နောက်ကားတစ် စီးက အောက်ကြောမှ အရှိန်ပြင်းပြင်း ဖြင့် မောင်းလာကာ ကောင်မလေး အနီး တစ်ပေခန့်အကွာမှ ဖြတ်သွား သည်။ ထိုကောင်မလေးယိုင်ပြီး လဲ မလိုဖြစ်သွားသဖြင့် သူဆင်းခဲ့သည့် ကားပေါ်မှ စပယ်ယာက ဖမ်းဆွဲထား လိုက်ရသည်။
“ရှေ့တစ်လှမ်းတိုးမိရင် သေမှာ ပဲ” ဟု ထိုကောင်မလေးက ညနေ ပိုင်းတွင် ပြန်ပြောပြသည်။
ရန်ကုန်မြို့တွင် ထိုကဲ့သို့သော အဖြစ်အပျက်တို့သည် အဆန်းမဟုတ် တော့။ လူတိုင်း နေ့စဉ်နီးပါး ကြုံတွေ့ နေရသည်။ ကားဖြင့် တိုက်မိလျှင်သာ အဆန်းဖြစ်တော့သည်။
ဖေဖော်ဝါရီ ၁ ရက်က ကမ်းနား လမ်းတွင် လမ်းမရှင်းသေးသဖြင့်လမ်း လယ်တွင်ရပ်ကာ စောင့်နေသူတစ်ဦး ကို ဆယ်ဘီးကားက ဖြတ်တိုက်လိုက် သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေ သည်။ အသက် ၅၃ နှစ်အရွယ် လူ ပျိုးကြီးဖြစ်သည်။ နောက်တစ်နေ့တွင် ဆယ်ဘီးကားမောင်းသူ ကိုယ်တိုင် ဆွေမျိုးများရှိရာသို့လိုက်လာပြီး သိန်း ငါးဆယ်ပေးသည်။ ဆယ်ဘီးကား မောင်း အိပ်ငိုက်သွားသဖြင့် ယခုလို လမ်းလယ်တွင် ရပ်နေသူကိုတိုက်မိ ခြင်းဖြစ်ကြောင်းပြောသည်။ လူတစ် ယောက်၏ အသက်နှင့် သိန်းငါးဆယ် လဲလိုက်ရသည်။
ထိုသို့ ကားတိုက်မှုသည်လည်း မဆန်းတော့။ များသောအားဖြင့် ကား က လူကိုတိုက်လျှင် သေတာကများ သည်။
၂၀၁၃ တွင် မြန်မာနိုင်ငံအနှံ တွင် ယာဉ်တိုက်မှုတစ်သောင်းကျော် ဖြစ်ခဲ့ပြီး လူ ၃၀၀၀ နီးပါး သေဆုံး ခဲ့ရကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထိုနှုန်းသည်တစ် ရက်လျှင် ၁၀ ဦးနီးပါး ယာဉ်တိုက်မှု တစ်ခုခုကြောင့် သေဆုံးခြင်းပင်။
ကားက လူကိုတိုက်သောအမှု များတွင် ကားစည်းကမ်းမဲ့စွာ အရှိန် ပြင်းမောင်းနှင်မှုကြောင့် တိုက်ရသည် များလည်းရှိသလို လူကလည်း စည်း ကမ်းမဲ့စွာ လမ်းကူးသဖြင့် အတိုက် ခံရသည်များလည်း ရှိပါသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်က လည်း အင်းယားမြိုင်လမ်းတွင် ရဲအ ရာရှိတစ်ဦး ကားတိုက်ခံလိုက်ရသည်။ တိုက်သည့်ကားက မောင်းပြေးသွား သည်။ ရဲအရာရှိလည်း ဦးခေါင်းကို ထိသွားသဖြင့် ဒဏ်ရာပြင်းကာ သတိ မရသေး။
ယခုနှစ် ဇွန် ၁၇ ရက်ကလည်း လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်တွင် စက်ဘီးတွန်းလာသူ တစ်ဦးကို ၄၈ အ ထူးကားက ၀င်တိုက်ပြီး ထွက်ပြေး သွားသည်။ ကားတိုက်ခံရသောလူ မှာ ဆေးရုံရောက် နောက်ကျသဖြင့် လမ်းတွင် သေဆုံးသွားရသည်။ ယ ခုကဲ့သို့ ကားဖြင့်တိုက်ပြီး ထွက်ပြေး သွားသောကားများမှာလည်း မနည်း လှပါ။ ယာဉ်ထိန်းတပ်ဖွဲ့ကလည်း ထို ကဲ့သို့ တိုက်ပြေးသော ကားများကို အမှုမပိတ်ဘဲ အရေးယူမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။ သို့သော်လည်း ထိုသို့ တိုက်ပြေးသွားသောယာဉ်များ ကို ဖမ်းမိသည်ဟူသော သတင်းကို မကြားဖူးခဲ့ပေ။
“ကားနံပါတ်နဲ့ အတိအကျတိုင် တာတောင် မိအောင် မဖမ်းပေးနိုင် ပါဘူးဗျာ” စမ်းချောင်းမြို့နယ်တွင် နေ ထိုင်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပြသည်။
သူ့ကို ၂၀၀၇ ခုနှစ်က မြေနီ ကုန်းတွင် ကားတစ်စီးက တိုက်သွားခဲ့ သည်။ ကားနံပါတ်လည်း မှတ်မိလိုက် သည်။ သ/၉၀၀၅ ဖြစ်သည်။ ယာဉ် ထိန်းများက ကားလိုင်စင်လုပ်ထား သော အိမ်သို့သွားသောအခါ လိုင် စင်အငှားဖြင့် လုပ်ထားကြောင်း၊ ထိုသို့ လုပ်ထားပါက မိမိတို့ဘာမှ မတတ် နိုင်ကြောင်းဖြင့် နှစ်ပွင့်နှင့်ယာဉ်ထိန်း ရဲ ပြောဆိုခဲ့သည်ဟု အထက်ပါကာ ယကံရှင်က ပြန်ပြောပြသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တော့ လမ်း များကို စီစီတီဗီဖြင့်ကြည့်ပြီး ထိန်း ချုပ်ထားသည်။ ထို့ကြောင့် ကားဖြင့် တိုက်ပြီး ထွက်ပြေးသွားသည့်ယာဉ် များကို အလွယ်တကူဖမ်းမိနိုင်သည်။ မြန်မာနိုင်ငံတွင်တော့ အချို့သော မီးပွိုင့်များတွင် စီစီတီဗီတပ်ဆင်ထား သည်။ ယာဉ်စည်းကမ်းဖောက်ဖျက် သောကားများကို အရေးယူရန်ဖြစ် သည်။ ထိုမီးပွိုင့်နား တွင်တော့ ကား များက စည်းကမ်းမဖောက်ပါ။
၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက် မှုပေါင်း တစ်သောင်းကျော်တွင် ဆိုင် ကယ်မတော်တဆမှုက ငါးထောင် ကျော်ရှိသည်။ ဆိုင်ကယ်တိုက်မှုများ ကြောင့် သေဆုံးသူအများစုကို ပြန် ကြည့်လိုက်လျှင် အသက် ၃၀ ၀န်း ကျင်အောက် လူငယ်အများဆုံးဖြစ် သည်ကို တွေ့ရသည်။ လူငယ်သဘာဝ အရှိန်မြင့်မောင်းနှင်မှုနှင့် ဦးထုပ် မ ဆောင်းမှုတို့ကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ယာဉ်ထိန်းအရာရှိကြီး တစ်ဦးကဆိုသည်။ ၂၀၁၃ ခုနှစ်အ တွင်းက သတင်းထောက်တစ်ဦးလည်း မန္တလေးတွင် ဆိုင်ကယ်မတော်တဆ ဖြစ်ကာ သေဆုံးသွားခဲ့ဖူးပြီ။
ကားရှုပ်သော ရန်ကုန်တွင်တော့ ဆိုင်ကယ်စီးလျှင် ယာဉ်တိုက်မှုပိုမို ဖြစ်ပွားနိုင်သည့်အတွက် ရန်ကုန်စည် ပင်သာယာနယ်နိမိတ်အတွင်း ဆိုင် ကယ်မစီးရဟု ညွှန်ကြားထားသည်။ သို့သော် ဆိုင်ကယ်မရှိမဖြစ်လိုအပ် သည့်ဌာနများဖြစ်သည့် စာပို့နှင့်လျှပ် စစ်ဝန်ထမ်းများကိုတော့ ဆိုင်ကယ် စီးနင်းခွင့်ပေးထားပြီး ထိုအရေအ တွက်မှာ ဆိုင်ကယ်အစီးရေ ၁၀၀ မ ကျော်ပေ။ သို့သော်လည်း ရဲတပ်ဖွဲ့ ၀င်များအနေဖြင့် လူဆိုးဖမ်းရာတွင် အဆင်ပြေစေရန် ဆိုင်ကယ်များ ကို နယ်မြေခံယာဉ်ထိန်းနှင့် နားလည်မှု ယူကာ စီးနင်းကြသည်ဟုဆိုသည်။ ရဲနှင့်နီးစပ်သော သတင်းပေးများမှ လည်း ရဲအယောင်ဆောင်ကာ ဆိုင် ကယ်စီးကြသည်။ ထို့ပြင် ပြည်သူအ ချို့ကလည်း ပုံမှားရိုက်ကာဆိုင်ကယ် စီးကြပြန်သည်။ သို့နှင့် ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆိုင် ကယ်စီးနင်းမှုများပြားလာခြင်းဖြစ်သည်။ ဆိုင်ကယ်များသည်နှင့်အမျှ ယာဉ်တိုက်မှုလည်း များလာသည်။ စည်ပင်သာယာပြင်ပမြို့နယ်များမှ ဆိုင်ကယ်များကလည်း ပုံမှားရိုက် ကာ ရန်ကုန်မြို့တွင် စီးကြပြန်သည်။ ထိုသို့ စီးနင်းမှုများကြောင့်သာ ရန် ကုန်မြို့တွင် ဆိုင်ကယ်တိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယာဉ်တိုက်မှုများလျှော့ချရန်အ တွက် စည်းကမ်းမဲ့လမ်းကူးမှု၊ စည်း ကမ်းမဲ့ မောင်းနှင်မှုတို့ကို မရှိအောင် ဆောင်ရွက်ရမည်ဟု ပညာရှင်များ၊ အာဏာပိုင်များက မကြာခဏပြော ကြားနေကြသည်။ လွန်ခဲ့သော တစ် နှစ်က မြို့တော်ခန်းမရှေ့ရှိ လူကူး မျဉ်းကျားတွင် လမ်းကူးနေသူ ၁၉ နှစ် အရွယ် အမျိုးသမီးတစ်ဦးကိုမီနီဘတ်စ် တစ်စီးက ၀င်တိုက်မိခဲ့သည်။ ထိုမိန်း ကလေးသည် သေဆုံးသည်။ ထိုသို့ မျဉ်းကျားတွင် လမ်းကူးနေသူများကို လည်း ကားများက၀င်တိုက်သည်မှာ အဆန်းမဟုတ်တော့ပါ။ မျဉ်းကျား တွင် ကားလမ်းကူးသဖြင့် ကားတိုက် ခံရသည့်သတင်းများကို လူတိုင်းကြား ဖူးကြသည်။ မျဉ်းကျားတွင် လမ်းကူး သူရှိပါက အရှိန်လျှော့ခြင်း၊ ရပ်ပေး ခြင်းပြုလုပ်သော အချို့အိမ်စီးကား များကိုလည်း နောက်ကားများက ဆဲ ဆိုကြသည်။ ထို့ကြောင့် လူအများ သည် မျဉ်းကျားကို အယုံအကြည် မရှိတော့ပေ။ မျဉ်းကြားကို အယုံအ ကြည်မရှိတော့သဖြင့် လူတိုင်း အဆင် ပြေရာနေရာမှ လမ်းကူးကြသည်။ မျဉ်းကျားမှ မကူးသဖြင့် အဖမ်းခံရ သည်။ လူများ အလုပ်အကိုင်ပျက် ကြသည်။ ယာဉ်ထိန်းကို ကျိန်ဆဲကြ သည်။
အမှန်တကယ်တော့ လူကူးမျဉ်း ကျား အလုံအလောက်ရှိအောင်ဆောင် ရွက်ပေးသင့်သည်ဟု မြို့ပြပညာရှင် များကဆိုထားသည်။ ထိုမျဉ်းကျားတိုင်းတွင်လည်း ကား များ အရှိန်လျှော့စေရန်၊ ရပ်တန့်ပေး ရန် ကြပ်မတ်သူတစ်ဦးလည်း ထား ပေးသင့်သည်။ သို့မှသာ ပြည်သူတွေ မျဉ်းကျားကို အယုံအကြည်ရှိလာပြီး စည်းကမ်းရှိလာကြမည်ဖြစ်သည်။
သတင်းဆောင်းပါးတစ်ပုဒ်တွင် တော့ အိန္ဒိယရှိ ကလေးငယ်များကို လမ်းကူးရန် သင်မပေးသဖြင့် နှစ်စဉ် လူ သောင်းနှင့်ချီကာ ကားတိုက်ခံပြီး သေဆုံးနေကြရသည်ဟု ဖော်ပြထား သည်။
ထိုဆောင်းပါးတွင်တော့ “ညာ ကြည့်၊ ဘယ်ကြည့်၊ ညာပြန်ကြည့်၊ ဘယ်ပြန်ကြည့်” ဆိုသော ဆောင် ပုဒ်လေးသည် လူ့အသက်ပေါင်းများ စွာကို ကယ်တင်နိုင်ကြောင်း၊ ထိုနိုင်ငံ က လမ်းသုတေသီက ပြောကြားထား သည်။ မြန်မာနိုင်ငံတွင်လည်း “ဘယ် ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်” ဟူသည့် လမ်းမကူးခင် လိုက်နာရမည့် စည်းမျဉ်းလေးကို က လေးဘ၀က သင်ကြားပေးသင့်သည်။
မြန်မာနိုင်ငံတွင် ကားလမ်းတွေ ပိတ်၊ ယာဉ်တိုက်မှုတွေဖြစ်ရခြင်းအ ကြောင်းရင်းကို ပြန်ကြည့်လိုက်လျှင် တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် ဖြစ်ရခြင်းသာဖြစ်သည်။ စည်းကမ်းမဲ့ ယာဉ်များကို ထိရောက်သော အရေး ယူမှုများမပြုလုပ်နိုင်သေးသရွေ့ ယာဉ် များ စည်းကမ်းဖောက်နေဦးမည်ဟု အသက် ၅၀ အရွယ် တက္ကစီယာဉ် မောင်း ကိုမျိုးမြင့်ကဆိုသည်။
ထို့ပြင် မျဉ်းကျားကို အရှိန်ပြင်း စွာ မောင်းနှင်ကြဦးမည်။ ကားဖြင့် တိုက်ပြီး ထွက်ပြေးပါက လွတ်မြောက် နိုင်သည်ဟု ထင်ကာ ထွက်ပြေးနေ ကြဦးမည်။ ဖြူနီကြားတွင် ယာဉ်တွေ ရပ်ထားကြဦးမည်။ လူတွေကလည်း စည်းကမ်းမဲ့ကာ မျဉ်းကျားမဟုတ် သည့်နေရာတွင် လမ်းကူးနေကြဦး မည်ဟု သူကဆိုသည်။
၂၀၁၃ ခုနှစ်အတွင်း ကေအိုင် အေနှင့် ပဋိပက္ခကြီးထွားနေချိန်တွင် စစ်ပွဲအတွင်း သေဆုံးသူ စစ်သား ၃၀၀ ကျော်ရှိကြောင်း အစိုးရက သ တင်းတစ်ခုထုတ်ပြန်ရာတွင် ပူးတွဲဖော် ပြခဲ့သည်။ သေနတ်နှင့် သူသေကိုယ် သေ ပစ်ခတ်သည့် စစ်ပွဲတွင်မှသေဆုံး သူ ၃၀၀ ပဲရှိသည်။ မြို့ပေါ်တွင်တော့ သေနတ်တစ်ချက်မဖောက်လိုက်ရပါ ပဲ ယာဉ်တိုက်မှုကြောင့် လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ ဆယ်ဆကွာ ပါသည်။ မြို့ပေါ်တွင် မနေဘဲ စစ် သွားတိုက်နေတာမှ သေဆုံးဖို့ အခွင့် အလမ်းနည်းနေပါဦးမည်။
အတွဲ (၂) အမှတ်စဉ် ၁၉၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။