Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလေးမြို့ကို ကာကွယ်ကြဖို.လိုအပ်ပါပြီ-Kyaw Swar Myint

$
0
0
လွန်ခဲ့တဲ့ ၂ ရက်ကစပြီး ယဉ်ကျေးမှုမြို.တော်လို. ကင်ပွန်းတပ်ခံထားရတဲ့ မန္တလေးမြို့မှာလူမျိုးရေးပြသာနာဖြစ်ပွားလာခဲ့ပါတယ်။ ပထမနေ.မှတုန်းကတော့ ပစည်းတွေဖျက်ဆီးတဲ့အဆင့်ကနေ လုပ်ကြံမှုကိုသဘောပေါက်
ထားတဲ့ ပြည်သူတွေနဲ. ၀င်ရောက်ထိန်းသိမ်းကြတဲ့သံဃာတော်တွေ
ကြောင့် နောက်ကွယ်ကလုပ်ကြံဖန်တီးသူတွေဟာ အောင်မြင်မှုမရခဲ့ကြပါ။

ဒါပေမယ့် မနေ.ကညနဲ. ယနေ.မနက်မှာတော့ နှစ်ဖက်စလုံးမှာ သူတို.
လက်သပ်မွေးထားတဲ့ သူတွေကို တဆင့်တိုးပြီးသတ်ဖြတ်မှုတွေလုပ်ဆောင်
လာခဲ့ကြပါတော့တယ်။ ဘာသာမတူကြပေမယ့် မြန်မာနိုင်ငံသားတွေ
ဖြစ်ကြတဲ့ ကိုထွန်းထွန်းဆိုသူ နဲ.၀တ်ပြုကျောင်းကပြန်လာတဲ့ ကိုစိုး ဆိုသူနှစ်ယောက်ရဲ. အသက်တွေစတေးလိုက်ကြရပါပြီ။
ယခုလိုသတ်ဖြတ်ခံလိုက်ရမှုတွေရဲ.နောက်ကွယ်မှာ အလွန်စံနစ်ကျပြီးကြောက်စရာကောင်း
တဲ့သူတွေရှိနေတယ်ဆိုတာ သိသာထင်ရှားနေပါပြီ။

သတင်းမီဒီယာတွေအနေနဲ.လည်း မတင်ပြရက်ပေမယ့် နှစ်ဖက်စလုံးက
ပြည်သူတွေနားလည်သဘောပေါက်ရေးအတွက် ရေးကြ၊ တင်ကြရပါတယ်။ ဒါကိုလည်း ပြည်သူများနားလည်စေချင်ပါတယ်။ တချို.သောသူများက သတင်းသမားတွေကို လှုံဆော်ရေးသမားတွေအဖြစ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ သတင်းသမားတွေအနေနဲ.က ဖြစ်ရပ်မှန်အခြေအနေမှန်ကို ပြည်သူတွေသိရှိနိုင်မှသာ ရှေ.ဆက်ကာကွယ်တားဆီး ထိန်းသိမ်းရေးတွေ လုပ်ဆောင်
နိုင်ဖို. တင်ပြခဲ့ကြတာပါ။ မနေ.ညကဆိုရင် နှစ်ဖက်စလုံးရဲ.ရန်ပြုမှုတွေကြားထဲကနေ ဘယ်သူမှလုံခြုံရေးမပေးခဲ့ပေမယ့် သတင်းသမားလေးတွေဟာ အန္တရယ်တွေကြားမှာ တာဝန်ကျေခဲ့ကြပါတယ်။

ယခုအဖြစ်အပျက်တွေ မတိုင်ခင်က မန္တလေးမြို့မှာ တဖက်တရုပ်နိုင်ငံက တရုပ်လူမျိုးတွေစီးပွားရေးအရ၊ လူမှုရေးအရ အနိုင်ကျင့်မှုတွေကို သတင်းမီဒီယာစာမျက်နှာ အတော်များများမှာ ရေးသားလာခဲ့ကြပါတယ်။ တရုပ်တွေ
ရဲ. မန္တလေးမြို့စီးပွားရေးကိုချုပ်ကိုင်လာမှုတွေကိုရေးသားနေချိန်နဲ.အတူနိုင်ငံတော်သမတဦးသိန်းစိန်ဟာလည်း တရုပ်ပြည်ကို ရောက်ရှိနေပါတယ်။

ဒီလိုအချိန်မှာ အချိန်ကိုက် တိုက်တိုက်ဆိုင်ဆိုင် မန္တလေးမြို့မှာ လူမျိုးရေးပဋိပက္ခဖြစ်လာခဲ့ပါတယ်။ မန္တလေးမြို့သားတွေနဲ. ပြည်သူတွေရဲ. တရုပ်စီးပွားရေးကျူးကျော်ချုပ်ကိုင်မှုကိုစောင့်ကြည့်နေရာက အာရုံပြောင်းပြီး တဖက်ကပဋိပက္ခပြသာနာကို ရောက်သွားခဲ့ပါတယ်။ဒါ့အပြင် ယခုလိုဖြစ်ရပ်
မတိုင်ခင်ကလည်း မန္တလေးတိုင်းဒေသကြီးအစိုးရကအခြေခံဥပဒေ (၄၃၆) ပြင်ဆင်ရေးဆောင်ရွက်မှုများမှာ တရားဥပဒေနဲ.မညီဘူးဆိုပြီး NLD နဲ.၈၈ မျိုးဆက်တာဝန်ရှိသူတွေကို ခေါ်ပြောဆိုခဲ့ပါသေးတယ်။

နောက်ဆုံးတော့ ဘယ်သူဘယ်ဝါရယ်လို.တိတိကျကျ မသိရပေမယ့် တိုင်းပြည်
ရဲ.တိုးတက်ပြောင်းလဲမှုတွေမလိုလားတဲ့၊ နောက်ပြန်ဆွဲသမား အုပ်စုကြီး
တစ်ခု ခိုင်ခိုင်မာမာရှိနေတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်ပွားနေချိန်မှာ လုံခြုံရေးတပ်ဖွဲ.တွေရဲ. ထိန်းသိမ်းမှုဟာလည်း ထိရောက်မှုမရှိတာကို ပြည်သူတွေ မြင်တွေ.ခဲ့ရပြန်ပါတယ်။

ဒါကြောင့် မန္တလေးမြို့မှ ရဟန်းသံဃာတော်များ၊ အရပ်ဖက်လူမှုအဖွဲ.အစည်းများ၊မြို.မိမြို.ဖလူကြီးများ၊ ဘာသာရေးခေါင်းဆောင်များ အနေနဲ.၁၉၈၈ ကာလတုန်းကလို မိမိတို.ရပ်ရွာ အေးချမ်းလုံခြုံရေးနဲ. အဖျက်သမား အကြမ်းဖက်လှုံဆော်သူများ မ၀င်ရောက်နိုင်ရေးအတွက် ကိုယ့်အားကိုယ်ကိုးဆောင်ရွက်ကြမှသာလျှင် ယခုကဲ့သို. လူသတ်အကြမ်းဖက်လူမျိုးရေး ပဋိပက္ခ
ဖန်တီးမှုကြီးကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>