Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တောင်အမေရိက ထိပ်သီးနှစ်သင်းနှင့် ဥရောပထိပ်သီး နှစ်သင်း အားပြိုင်ပွဲဖြစ်လာသော ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ

$
0
0
http://www.7daydaily.com/

အချိန်ပိုမပြီးဆုံးမီ စက္ကန့် ၆၀ အလိုတွင် ဂိုးသမားအပြောင်းအလဲလုပ်ပြီး ယှဉ်ပြိုင်စေခဲ့သည့် နည်းပြ ဗန်ဂါးလ်၏ နယ်သာလန်အသင်းနှင့် ကော်စတာရီကာအသင်းတို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် နယ်သာလန်က (၄-၃) ဂိုးဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
နှစ်သင်းလုံး မိနစ် ၁၂၀ အထိ ဂိုးမရှိ သရေ ကျနေခဲ့ရာ မန်ယူနည်းပြသစ် ဗန်ဂါးလ်က ဂျက်စပါဆီလီဆန်နေရာတွင် နယူးကာဆယ်ဂိုးသမား တင်ကရူးလ်ကို လူစားလဲလိုက်ခြင်းမှာ အံ့သြစရာကောင်းပြီး မှန်ကန်သော လုပ်ရပ်တစ်ခုဖြစ်ခဲ့သည်။

ကရူးလ်က ကော်စတာရီကာကစားသမား ဘရိုင်ယန်ရူးဇ်နှင့် မိုက်ကယ်အူမာနာတို့၏ ပင်နယ်တီကန်သွင်းမှုများကို ကာကွယ်နိုင်ခဲ့သည်။
ကော်စတာရီကာအသင်းမှာ ဂရိအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပင်နယ်တီငါးလုံးစလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည့်အသင်း ဖြစ်သည်။ သို့သော် နယ်သာလန်နှင့်ပွဲတွင် ဗန်ဂါးလ်၏ စူပါဆပ်ကရူးလ် လက်စွမ်းပြမှုကြောင့် ပြိုင်ပွဲမှ ထွက်လိုက်ရသည်။

နယ်သာလန် ဘယ်လ်ဂျီယံကို အနိုင်ရထားသည့် အာဂျင်တီးနားအသင်းနှင့် လာမည့် တနင်္ဂနွေနေ့တွင် ရီယိုဒီဂျနေးရိုးမြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ဘရာဇီးကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ဘရာဇီးနှင့် ဂျာမနီ၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့၏ စီးချင်းထိုးပွဲ မြင်တွေ့ရတော့မည်ဖြစ်သည်။ ဘရာဇီးနှင့် အာဂျင်တီးနားတို့မှာ တောင်အမေရိက ထိပ်သီးများဖြစ်ပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေသလို ဂျာမနီနှင့် နယ်သာလန်မှာလည်း ဥရောပမှ နာမည်ကြီးအသင်းများဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင်ကတည်းက ဗိုလ်စွဲရန်ထိပ်ဆုံးမှ ရေပန်းစားသော အသင်းများတွင် ပါဝင်နေသည်။
ဘယ်လ်ဂျီယံကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် စနေနေ့ပွဲတွင် အာဂျင်တီးနား ဘောလုံးကြယ်ပွင့် အိန်ဂျယ်ဒီမာရီယာသည် ပေါင်ဒဏ်ရာရရှိခဲ့သောကြောင့် ကမ္ဘာ့ဖလားလက်ကျန်ပွဲစဉ်များနှင့် လွဲချော်တော့မည်ဟု ၎င်း၏ အေးဂျင့် လိုပက်ဇ်က ထုတ်ဖော်ပြောကြားသည်။
ဇူလိုင် ၈ ရက် အကြိုဗိုလ်လုပွဲတွင် ဂျာမနီနှင့် ယှဉ်ပြိုင်ရမည့် ဘရာဇီးအသင်း၏ တိုက်စစ်ကစားသမား နေမာမှာ ကိုလံဘီယာကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲ၌ ကျောရိုးဒဏ်ရာရခဲ့သဖြင့် ယင်းကိစ္စကို စုံစမ်းစစ်ဆေးသွားမည်ဟု ဖီဖာက အတည်ပြု ပြောကြားသည်။
ယင်းဒဏ်ရာကြောင့် နေမာမှာ ကမ္ဘာ့ဖလားလက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်သော်လည်း ဘရာဇီးအသင်း အောင်မြင်မည်ဟု နေမာက ယုံကြည်ထားသည်။
ကိုလံဘီယာအသင်းသား ဇူနီဂါသည် နေမာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း အနီကတ် (သို့မဟုတ်) အ၀ါကတ် ပြသခံရခြင်းမရှိခဲ့ပေ။ သို့သော် နေမာကို နာကျင်စေရန် မိမိမရည်ရွယ်ခဲ့ဟု ဇူနီဂါက ပြောသည်။
ထိုအတောအတွင်း နေမာ့အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့သော ဇူနီဂါ၏ လုပ်ရပ်မှာ တမင်ရည်ရွယ်၍ အန္တရာယ်ဖြစ်စေခဲ့ခြင်းဖြစ်သည်ဟု ဘရာဇီးဂန္ထ၀င်တိုက်စစ်မှူး ရိုနယ်ဒိုက ပြောကြားသည်။
__ Ref : BBC/AFP

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>