Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလေး ပဋိပက္ခကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံမှု ထက်ဝက်ခန့်လျော့ကျ

$
0
0

မန္တလေးမြို့တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍ ပုဒ်မ ၄၃၆ ပြင်ဆင်မှုမှာ လူထုထောက်ခံမှု ယခင်ကထက် ထက်ဝက်ခန့် လျော့ကျသွားသည်ဟု သိရသည်။

မန္တလေးမြို့တွင် ယခင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ ၃၇ မြို့နယ်မှ တစ်မြို့နယ်လျှင် တစ်လအတွင်း လူဦးရေ သုံးသောင်းခန့် ထောက်ခံမှု ရရှိခဲ့သော်လည်း ယခုအခါ ဇူလိုင် ၁ရက်နေ့မှစပြီး ဘာသာရေး ပဋိပက္ခများ ဖြစ်နေသောကြောင့် ယခုအခါ တစ်မြို့နယ်လျှင် လူဦးရေ တစ်သောင်းကျော်ခန့်သာ လက်မှတ်ထိုးမှုများ ရှိနေကြောင်း သိရသည်။

“တချို့ကပြောတယ်။ ဘာသာရေး ပဋိပက္ခကြောင့် ပုဒ်မ ၄၃၆ပြင်ဆင်ရေး မထိခိုက်ဘူးလို့ သုံးသပ်တယ်။ ဒါဟာ မှားပါတယ်။ မထိခိုက်ဘူးဆိုတာတော့ မရှိပါဘူး။ အနည်းနဲ့အများကတော့ ထိခိုက်ရပါတယ်။ အရင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုက တက်တက်ကြွကြွနဲ့ လာရောက် လက်မှတ်ထိုးကြတယ်။ အခုကျတော့ ပဋိပက္ခကလည်း ဖြစ်တယ်။ ဒီကြားထဲ မာရှယ်လောကပါ ထုတ်လိုက်တဲ့အတွက် လူထုတွေ အနေနဲ့ အဆင်မပြေမှုတွေ ဖြစ်လာကြတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း လက်မှတ် လာထိုးတဲ့အခါ အရင်လို တက်တက်ကြွကြွ မရှိတော့ကြောင်း တွေ့ရပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး ခရိုင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးကိုကိုလေးမှ ပြောသည်။

ယခင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တစ်လအတွင်း တစ်မြို့နယ်လျှင် လူဦးရေ သုံးသောင်းခန့် လက်မှတ်လာ ထိုးသော်လည်း ယခုအခါ တစ်သောင်းကျော်ခန့်သာ လက်မှတ် လာထိုးကြောင်း သိရသည်။
http://www.tomorrow.com.mm

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>