ပြဿနာဖြစ်လာပုံရတဲ့ ဘိုင်မွန်းတည့်နေဂျာနယ်ကို ဇူလိုင် ၇ ရက် နံနက်ကတည်းက
ဖတ်ခဲ့ရပါတယ်။ ဒီဂျာနယ်နှစ်စောင်ကို ပုံမှန်နီးနီး ဖတ်လာခဲ့သူတယောက်အနေနဲ့ 
မွန်းတည့်နေညီနောင်ရဲ့  ဟန်ပန်ကို နားလည်ပြီးသားဖြစ်တဲ့အတွက် ကြံ့ဖွံ့ အစိုးရက
စိတ်ပူပန်စွာ စွဲချက်တင်သလို “ကြားဖြတ်အစိုးရအန္တရာယ်”ဆိုတာကြီးကိုလည်း
လွမ်းစရာ မျှော်စရာမရှိ၊ နတ္ထိ အရသာဟာ ဒီသတင်းဖတ်နေစဉ်မှာ ခံစားရပါတယ်။
ဒါပေမယ့် ပုံမှာပြထားတဲ့အတိုင်း နောက်အပတ် အမှတ်စဉ် ၃၀ ကို ဆက်လက်
ထုတ်ဝေနိုင်ခြင်းမရှိတော့တဲ့အကြောင်းကို ကြိုတင်အသိပေးထားတဲ့ နို့ တစ်စာကို
သတိပြု ဂရုထားမိပြီး ဘိုင်မွန်းတည့်နေ့ ရဲ့ နောက်ဆုံးထုတ်လေးပါလားလို့ တောင်
ရင်ထဲမကောင်းသလိုလိုဖြစ်ရတယ်။
“ဒီချုပ်ဥက္ကဌ ပါဝင်တဲ့ ကြားဖြတ်အစိုးရ အဖွဲ့ ကို ပြည်သူများက တင်မြှောက်ကြောင်း”
ဂျာနယ်မျက်နှာဖုံးကနေ စာလုံးကြီး နဲ့ ပြးတူးပြဲတဲ ဖော်ပြခဲ့တဲ့ ဘိုင်မွန်းတည့်နေကို
အဆိုပါသတင်းအတွက် အစိုးရဘက်က စစ်ဆေး အရေးယူမှုတွေ လုပ်တော့မယ်
ဆိုတဲ့ ရေးသားချက်တွေကိုလည်း မနေ့ ညက အွန်လိုင်းစာမျက်နှာတွေပေါ်မှာ
ဖတ်ရှုရပြန်တယ်။ MDCF ရဲ့  ဇူလိုင်လ ၇ ရက် နေ့ စွဲနဲ့  ထုတ်ပြန်ကြေညာချက်ကို
ဘိုင်မွန်းတည့်နေဂျာနယ် အမှတ် ၂၉ ဖြန့် ချိတဲ့ ဇူလိုင် ၇ ရက်မှာ ထည့်သွင်းခဲ့တာကို
ထောက်ချင့်ရင် ဂျာနယ်ဘက်ကနေ ဒီထုတ်ပြန်ကြေညာချက်ကို ဇူလိုင် ၇ ရက်နေ့ 
မတိုင်မီကတည်းက လက်ခံရရှိ ဖတ်ရှုပြီးသားဖြစ်မယ်လို့  ယူဆနိုင်ပါတယ်။ ထို့ အတူ
MDCF အဖွဲ့ အနေနဲ့  ဇူလိုင် ၇ ရက် နံနက်ပိုင်း ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ
ဆန္ဒပြပွဲတခု ကျင်းပပြုလုပ်မယ်ဆိုတဲ့သတင်းတချို့ ကို ဇူလိုင် ၆ ရက် အစောပိုင်း
ဖေ့စ်ဘုတ်စာမျက်နှာများမှာ ဖော်ပြလာတာကိုလည်း တွေ့ ရပါတယ်။ မွန်းတည့်နေ
တာဝန်ရှိသူတွေဟာ MDCF ကြေညာချက်က အရေးအသားတွေကို ဖေ့စ်ဘုတ်
စာမျက်နှာတွေဆီက ရခဲ့သလား (ဒါမှမဟုတ်) ကြေညာချက်စာရွက်ကို အခြားလမ်း
တနည်းနည်းနဲ့  သိရှိခဲ့သလားဆိုတာ ကာယကံရှင်တွေသာ ဖြေဆိုနိုင်ပါလိမ့်မယ်။
အွန်လိုင်းသတင်းတွေအတိုင်း ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ MDCF ရဲ့  “ပြည်ထောင်စု
အစိုးရအနေဖြင့် ကိုယ်ကျိုးစီးပွားနှင့် ခရိုနီများကိုသာ အကာအကွယ်ပေးနေသဖြင့်
ပြည်ထောင်စုလွှတ်တော်မှ အမြန်ရုပ်သိမ်းရန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နှင့် တိုင်းရင်းသာဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ်
ပြည်သူများက တင်မြှောက်ထားကြောင်း”စတဲ့ အဓိက သဘောထားတွေ ပါဝင်တဲ့
ဆန္ဒဖော်ထုတ်မှုတရပ်ကို ပြီးဆုံးအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သတင်းကို
ဒီနေ့ (၈. ဇူလိုင်)ထုတ် Daily Eleven သတင်းစာမှာ အကျယ်တ၀ံ့ ရေးသားတာကို
ဖတ်ရှုခွင့်ရခဲ့တယ်။ အဆိုပါ ဆန္ဒပြပွဲ ပြုလုပ်နေစဉ်အတွင်း ကျောက်တံတားမြို့ နယ်
ရဲတပ်ဖွဲ့ မှူးကိုယ်တိုင် လာရောက်တားဆီးခဲ့တယ် သိရတော့ MDCF ရဲ့ ဆန္ဒပြပွဲဟာ
ခွင့်ပြုချက် မယူခဲ့/မရခဲ့ဘူးလို့  သဘောပေါက်မိပါတယ်။ ပွဲကို ဦးဆောင်ပြုလုပ်တဲ့
MDCF အဖွဲ့ ဝင် ကိုနောင်နောင်ကိုလည်း အဲဒီနေ့ ညပိုင်းမှာတင် ရဲတပ်ဖွဲ့ ဘက်က
လာရောက်ခေါ်ဆောင်သွားတယ်လို့  MDCF အဖွဲ့ ဝင်တဦးရဲ့  ဖေ့စ်ဘုတ်မှာ ရေးသား
ထားတာကို တွေ့ လိုက်ရပါတယ်။
အထက်ပါ အကြောင်းအရာတွေဟာ ဘိုင်မွန်းတည့်နေဂျာနယ်က ၀န်ထမ်းတွေကို
ရဲဘက်က ဒီနေ့  ဖမ်းဆီးစစ်ဆေးနေတဲ့ အကြောင်းအရင်း နောက်ခံများဖြစ်ပါတယ်။
အငြင်းပွား ပြဿနာတက်လာရတဲ့ MDCF ကြေညာချက်ကို ဇူလိုင် ၇ ရက်ထုတ်
အခြားသော သတင်းစာများနဲ့ ဂျာနယ်များမှာ ထည့်သွင်းခဲ့မှု မတွေ့ ရခြင်းနဲ့ 
ဘိုင်မွန်းတည့်နေတစောင်ထဲမှာသာ ဖော်ပြခဲ့ခြင်းဟာ ဒီဂျာနယ် မြွေဖမ်းခံရခြင်းရဲ့ 
အဓိကကျတဲ့အချက်ဖြစ်သွားခဲ့ပါတယ်။ နောက်တရက်ထုတ် သတင်းစာတချို့ မှာ
ဘိုင်မွန်းတည့်နေရဲ့  ရေးသားဖော်ပြချက်အတိုင်း ထပ်တူနီးပါး ဖော်ပြလာပေမယ့်
ဘာပြဿနာမှ မရှိခဲ့ကြပါ၊ အရစ်မခံရပါ။ ဒီနေရာမှာ ဆန္ဒပြ့ပွဲသတင်းနဲ့ အတူ
ရောထည့်ခြင်းနဲ့  ကြေညာချက်ပါ စာသားတွေကို သီးသန့် ရွေးချယ်ထုတ်နုတ်ပြီး
လူသူမြင်တဲ့နေရာမှာ စိတ်ဝင်တစားဖြစ်အောင် ဖော်ပြလိုက်ခြင်းဆိုတဲ့ နှစ်ခုသာ
ကွာခြားသွားပါတယ်။ ဒါကြောင့် ဒီကိစ္စအပေါ် အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ
ဘာကို ဦးတည်စေတာလဲ၊ အစိုးရပေးလိုတဲ့မှတ်ချက်ဟာ ဘာဖြစ်နိုင်မလဲဆိုတာ
ဆက်စပ် စဉ်စားကြည့်စရာလိုလာပါတယ်။
MDCF အဖွဲ့ အကြောင်း ပြောကြပြီဆိုရင် “ကုန်ဈေးနှုန်းကျဆင်းရေး ကိုထင်ကျော်”
ဆိုတဲ့နာမည် မပါမဖြစ် ပါရပါမယ်။ MDCF ဟေ့ ဆိုတာနဲ့  ကိုထင်ကျော် ကိုသာ
မျက်စေ့ထဲ တန်းမြင်ကြပါတယ်။ ကိုထင်ကျော်ဟာ MDCF ပါ။ စစ်အာဏာရှင်ခေတ်
၂၀၀၆ - ၂၀၀၇ ခုနှစ်ကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးအဖြစ်နဲ့ 
ကိုထင်ကျော်ဟာ လူသိများ ထင်ရှားခဲ့ပါတယ်။ အစိုးရဆန့် ကျင်ရေး လှုပ်ရှားမှုများ
လုပ်ဆောင်ပြီး အဖမ်းအချုပ် ခံရလိုက်၊ အပြင်ပြန်ထွက်လာလိုက်၊ ပြန်လုပ်လိုက်၊
ပြန်ဝင်သွားလိုက်နဲ့  ဒီနေ့ အထိ အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ကျပြီး
ထောင်ထဲကို ရောက်နေပါတယ်။ အခြား MDCF အဖွဲ့ ဝင်တွေထဲမှာ ထောင်ချခံထား
ရသူများ၊ အမှုရင်ဆိုင်နေသူများနဲ့  ဖမ်းဆီးစစ်ဆေးခံနေရသူ အများအပြားပါ။
ထောင်ကားပေါ်တက်ခါနီး အော်ဟစ် ကြွေးကြော်ပုံတွေ၊ သံခြေကျင်းတန်းလန်းနဲ့ 
ရုံးအထုတ်မှာ မြေကြီးပေါ် လှဲချ ဆန္ဒပြပုံ၊ တရားရုံးမှာ လက်သီးလက်မောင်းတန်းလို့ 
သူ့ ထောက်ခံသူတွေနဲ့  အပေးအယူတည့်စွာ “ဒို့ အရေး”သံပြိုင်ရွတ်ကြပုံတွေဟာ
ကြားရမြင်ရသူတို့ အတွက် အံ့သြမှင်သက်နဲ့  ဝေဒနာတခုခု မျှယူမိစေပါတယ်။
အဲဒီ ခံစားမှုကတော့ “အစိုးရအဖွဲ့ ကို အယုံအကြည် မရှိခြင်း” နိုင်ငံရေးအသိလို့ 
ခေါ်ဆိုနိုင်ပါတယ်။ ကိုထင်ကျော် ဦးဆောင်တဲ့ပွဲများနဲ့  MDCF အဖွဲ့  လှုပ်ရှားမှု
အများစုဟာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ထံ ခွင့်ပြုချက် မယူခဲ့တာကို တွေ့ ရတယ်။
သူတို့ ကြွေးကြော်သံနဲ့  ပေးချင်တဲ့ ခေါင်းစဉ်တွေအရ ခွင့်ပြုချက်ပြုနိုင်စရာ
လမ်းစလည်း မမြင်မိပါ။ လက်ရှိ ကြံ့ဖွံ့ အစိုးရကို နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်းနဲ့ 
အတော့်ကို ပြင်းထန်စွာ ဝေဖန်ထိုးနှက်ပါတယ်။ စကားလုံး ရွေးချယ်ပုံကအစ
တဲ့“ကစ်”ပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ ဖျက်သိမ်းရေး ကြွေးကြော်မှုကိုတော့ MDCF
အော်တာ မတွေ့ ရခြင်းဟာ ထူးခြားမှုပါ။ အခု ဇူလိုင် ၇ ရက်နေ့  ထုတ်ပြန်ချက်မှာ
အစိုးရအဖွဲ့  ဖယ်ရှားပေးရန် တောင်းဆိုချက်ကို လမ်းပြမြေပုံ ၇ ချက်နဲ့ အတူ
ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ဘက်သို့ စစ်ကူခေါ်နေတာ တွေ့ ရပါတယ်။
ဒါဟာ ထူးဆန်းပြီး MDCF အဖွဲ့ ရဲ့  ရှုတ်ထွေးတဲ့ ရပ်တည်ချက်ကို ဖွင့်ပြနေတယ်လို့ 
သုံးသပ်ရပါတယ်။ MDCF ရဲ့ အသံတချို့ ဟာ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်နဲ့ 
တခါတရံ ရှေ့ နောက်မညီ၊ အလွဲလွဲ အချော်ချော်ဖြစ်နေတတ်ပေမယ့် MDCF ဟာ
တနေ့ ထက်တနေ့  ပိုမိုထင်ရှားလာပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်တစား
စောင့်ကြည့်စရာကောင်းတဲ့ တက်ကြွလှုပ်ရှားအဖွဲ့ အစည်းတခု ဖြစ်လာပါတယ်။
ဒီအချက်ဟာ MDCF ရဲ့  ပဓာနကျတဲ့ ပန်းတိုင်တခုလည်း ဖြစ်နိုင်ပါတယ်။
၂၀၀၈ ဖွဲ့ စည်းပုံ နောက်ခံနဲ့  ပေါ်ပေါက်လာခဲ့ရတဲ့ ယနေ့  နိုင်ငံရေးအခင်းအကျင်း
ပိတ်ကားထက်မှာ “ကြားဖြတ်အစိုးရ” ခေါ်သံဟာ အ၀ိုင်းထဲ လေးထောင့်ပစ်သွင်း
သလို အဆီအငေါ် မတည့်လှပါ။ MDCF ကြေညာချက်မှာ ပါဝင်တဲ့ ဒီချုပ်ဥက္ကဌ
ဒေါ်စုရော၊ အမည်ဖော်ပြမထားတဲ့ တိုင်းရင်းသားဒီမိုကရေစီခေါင်းဆောင်များပါ
MDCF ဆန္ဒရှိသလို သူတို့ ကာယကံရှင်ပုဂ္ဂိုလ်များဘက်က ဒီကြားဖြတ်ကိစ္စအပေါ်
လိုလိုလားလား စိတ်ပါပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။ မီဒီယာများကလည်း
ဒီအချက်ကို မေးမြန်း စနည်းနာသင့်ပါတယ်။ ဒါပေမယ့် MDCF ရဲ့ ထုတ်ပြန်ချက်ကို
ကြိတ်ပြီး သဘောကျ ထောက်ခံနေသူတွေ မနည်းမနော ရှိနေကြပါတယ်။ အဲဒါက
စစ်အစိုးရ (ကြံ့ဖွံ့ အစိုးရ)ကို နှစ်ခြိုက်လက်ခံခြင်းမရှိတဲ့ ပြည်သူလူထု အများစုကြီး
ဖြစ်ပါတယ်။ ဒါဟာ တကယ့် မြေပြင် အခြေအနေအမှန်ဖြစ်ပါတယ်။ စစ်တပ်ရော၊
ဒေါ်စုမကြိုက်သူများပါ ဒီအချက်ကို ငြင်းဆန်၍ မရနိုင်ပါ။ တနည်းဆိုရရင် လူထုရဲ့ 
အဲဒီ ပုန်းလှိုးနေတဲ့ ဆန္ဒဇောကို MDCF က ဖွင့်လှန်သွန်ချလိုက်ခြင်း ဖြစ်သလို
တဖက်လှည့်နဲ့  “ဖွ”ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ စစ်ကြံ့ဖွံ့ ရဲ့ 
အာဘော်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေခြင်း၊ တည်ငြိမ်မှုကို
ထိပါးစေခြင်း၊ အများပြည်သူအကျိုး ပျက်စီးနိုင်ခြင်း၊ ဖွဲ့ စည်းပုံနဲ့ ဆန့် ကျင်ခြင်း၊
တည်ဆဲဥပဒေများနဲ့ အရေးယူခံရနိုင်ခြင်း”စတဲ့ ခြိမ်းခြောက် တားမြစ်သံများကို
တရစပ် ထုတ်လွှတ်လာပါတော့တယ်။ “ဒေါ်အောင်ဆန်းစုကြည်”အမည်နာမနဲ့ 
“အစိုးရ”ဆိုတဲ့ စကားလုံးကို တွဲဖက်ပြီး “မမြင်လို မကြားလို” ဆိုတဲ့ မက်ဆေ့ဟာ
ဘိုင်မွန်းတည့်နေ ပုံပမာဇာတ်ရဲ့  အနှစ်အချုပ် ဖြစ်ပါတယ်။
Aungmyo Tun