Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကို ပခုက္ကူမှာ ဟောပြောခွင့် ပိတ်ပင်

$
0
0
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို ပခုက္ကူမြို့နယ်ရဲစခန်းက ဟောပြောခွင့်မပေးကြောင်း ပခုက္ကူမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပခုက္ကူမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုသန်းနိုင်က အခုလိုပြောပါတယ်။

"၃ ရက်နေ့ အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်နဲ့ ဟောပြောပွဲလုပ်မယ်ဆိုပြီးတော့ တင်ခဲ့တာမှန်ပါတယ်၊ ကျနော်တို့ ၈ ရက်နေ့မှာတင်တာကတော့ ဒီ ၈၈ ကလည်း ဦးကိုကိုကြီး အပါအဝင်တင်ခဲ့တာပါ သို့သော်ငြားလည်းပဲ သူတို့ဟာ ဦးကိုကိုကြီးနဲ့တကွ တင်တဲ့အခါမှာကျတော့ ရက်ကပ်လွန်းတယ်ဆိုပြီးတော့ တင်တာကိုပဲ သူတို့က ငြင်းဆန်လိုက်တာပါ၊ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေဘောင်နဲ့ပဲ ဆောင်ရွက်ချင်တဲ့ အတိုင်းအတာပေါ်မှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဦးစားပေးရမယ်၊ လေးစားရမယ်၊ လိုက်နာရမယ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အေးအေးချမ်းချမ်းနဲ့ ဟောပြောခွင့်ရနေတာလေးကိုပဲ ကျနော်တို့က ကျေနပ်လက်ခံပြီးတော့ အားလုံးဝိုင်းဝန်းဆောင်ရွက်ဖို့ကိုပဲ ဆုံးဖြတ်ထားပါတယ်"

လာမယ့် ဇူလိုင်လ ၁၂ရက်နေ့မှာ ပခုက္ကူမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ ကွင်းပြင်မှာ ကျင်းပမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်တို့ ဟောပြောမှာဖြစ်ပါတယ်။
RFA

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>