Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထောင်ဒဏ်၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အတွက် ၀ါဆိုလပြည့်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့၊ ကြေးသွန်းဘုရား၌ ဆုတောင်းပွဲပြုလုပ်

$
0
0
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ပြန်လည် လွှတ်မြောက်လာစေရန်အတွက် (၀ါဆိုလပြည့်နေ့) ဇူလိုင် ၁၁ ရက်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့ကြေးသွန်းဘုရား၌ ၀တ်ပြုဆုတောင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

ဆုတောင်းပွဲကို သတင်းမီဒီယာများမှ ဂျာနယ်လစ် ၁၅၀ဦးခန့်မှ "မီဒီယာဖိနှိပ်မှုရပ်"ဟု စာတန်းရေးနှိပ်ထားသည့် တီရှပ်အဖြူ များ ၀တ်ဆင်ကာ နံနက် ၉နာရီခွဲခန့်တွင် ကြေးသွန်းဘုရားကြီး၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယူနတီဂျာနယ်လစ်များ ပြန်လည်လွတ်မြောက်လာစေရန် ရည်ရွယ်၍ ဇီဝိတဒါနငှက်များကိုလည်း လွှတ်ခဲ့ကြသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကိုသန်းဌေးက "ယူနတီဂျာနယ်က သတင်းထောက်တွေကို ချမှတ်လိုက်တဲ့ aထာင်ဒဏ်၁၀နှစ်ဆိုတာက အရမ်းပင်းထန်လွန်းပါတယ်။ဒီသတင်းကလည်း ပြည်သူအတွက် သက်ရောက်မှု အများကြီးလည်း မဖြစ်ပါဘူး။အဲ့ဒီသတင်း ရေးသားဖော်ပြမှုအတွက် အစိုးရအနေနဲ့ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ရတာလဲဆိုတော့ မေးခွန်းထုတ်စရာပါပဲ။ဒါ ဟာ မီဒီယာသမားတွေကို ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။ထောင်ဒဏ်ချခံခဲ့ရတဲ့ ယူနတီဂျာနယ်လစ်တွေ အပါဝင် မိသားစုဝင်တွေအတွက် တတ်နိုင်သလာက် ကူညီထောက်ပံ့ပေးဖို့ စီစဉ်နပါတယ်" ဟု ပြောကြားသည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် သတင်းထောက်များအား ပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီးထောင်ချ မှုများ ရှိနေပြီး ယင်းလုပ်ရပ်များမှာ ယခင် စစ်အစိုးရလက်ထက်ကကဲ့သို့ သတင်းမီဒီယာအား ဖိနှိပ်ရန်ကြိုး စားခြင်းသာဖြစ်ကြောင်း ဂျာနယ်လစ်များက အပြင်းထန် ဝေဖန်ခဲ့ကြသည်။

ဆုတောင်းဝတ်ပြု ပွဲသို့ လာရောက်ဆုတောင်းခဲ့သည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ကိုဝလုံးက "ကျွန်တော်မြင်တာကတော့ အစိုးရကနေပြီးတော့ သတင်းထောက်တွေကို ဒီလိုကြီးလေးတဲ့ ထောင်ဒဏ်အပြစ်ပေး ပြီးရင် နောင်တစ်ချိန်မှာ သတင်းစာတိုက်တွေကို ပိတ်ပစ်တာလည်း လုပ်နိုင်တယ် နောက်ပြီး ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ဖို့ ၀န်လေးမှာလည်း မဟုတ်တော့ဘူး။ အခုလက်ရှိ မွန်းတည့်နေက သတင်းထောက်တွေကို ခေါ်ပြီးစစ်ဆေးနေတယ်။ဘယ်ခေါ်သွားတယ်ဆိုတာလည်း မသိဖူးလို့ သတင်းတွေ ကြားနေရတယ်။ဒါဟာ ပွင့်လင်းမြင်သာမှုမရှိဘူး။မီဒီယာကို ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့ပဲ ကျွန်တော်မြင်တယ်" ဟု မှတ်ချက်ပေးသည်။

မြန်မာဂျာနယ်လစ်ကွန်ယက်မှလည်း ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်စီ ကျခံစေရန် ချမှတ်မှုကို ရှုတ်ချကြောင်း ဇူလိုင် ၁၀ ရက် ညနေ ပိုင်းက သဘောထားထုတ်ပြန် ကြေညာခဲ့သည်။
Eleven Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>